ဘာတွေ ဖြစ်နေကြပြီလဲ။

G Fatt ပြောထားတဲ့ စာကိုကြည့်ပြီး ပရိသတ်တွေက သူတို့နှစ်ဦးရဲ့ အချစ်ရေးနဲ့ပတ်သက်လို့ စိုးရိမ်နေကြပါတယ်။

Photo : G Fatt

မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အဆိုတော် G Fatt က သူ့ရဲ့ ဖေ့စ်ဘွတ် Stories မှာ ခံစားချက်လေးတစ်ခုကို ရင်ဖွင့်ထားတာတွေ့ရပါတယ်။ သူ့ရဲ့ ဖေ့စ်ဘွတ် Stories မှာ “D Tine so yin tlk Lan Kwal bozz pal shi tal ” ဆိုတဲ့ စာသားလေးကို ဧပြီ(၂) ရက်နေ့ လွန်ခဲ့တဲ့ (၁)နာရီလောက်က ရေးသားထားတာ ဖြစ်ပါတယ်။

Photo : G Fatt

G Fatt ရေးထားတဲ့ စာလေးကို ကြည့်ပြီး ပရိသတ်တွေလည်း သူတို့ အချစ်ရေးအတွက် စိုးရိမ်နေကြပါတယ်။ G Fatt ကသာ Stories မှာ အဲဒီ စာသားလေး ရေးသားထားပေမယ့် နန်းဆုရတီစိုးဘက်က သူမရဲ့ ဖေ့စ်ဘွတ်မှာ ဘာမှ တင်ထားတာ မတွေ့ရပါဘူး။ နန်းဆုရတီစိုးရဲ့ ဖေ့စ်ဘွတ်မှာတော့ သစ်တံခါး ဆရာတော်ကျောင်းမှာ တရားစခန်းဝင်ခဲ့တဲ့အကြောင်းလေးပဲ ဝေမျှထားတာတွေ့ရပါတယ်။ ဧပြီ(၁) ရက်နေ့ကတော့ သူတို့နှစ်ယောက်ဟာ ဖေ့စ်ဘွတ်ပေါ်ကနေ ပရိသတ်တွေကို April Fools လုပ်ပြီး စနောက်ခဲ့ပါသေးတယ်။

Photo : G Fatt

နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကို ပရိသတ်တွေက စိတ်ဝင်စားကြပါတယ်။ အရမ်းကို လိုက်ဖက်လွန်းလှတဲ့ သူတို့ စုံတွဲလေးကိုလည်း အားမကျတဲ့ ပရိသတ်မရှိသလောက်ပါပဲ။ သူတို့နှစ်ယောက်ဟာ ရှိုးပွဲတွေ တော်တော်များများမှာလည်း နှစ်ယောက်တွဲ ဖျော်ဖြေခဲ့ကြဖူးသလို သူတို့နှစ်ယောက်တွဲပြီး သီချင်းသစ်တွေလည်း ဖန်တီးနေတယ်လို့ သိရပါတယ်။

G-Fatt နဲ့ နန်းဆုရတီစိုးတို့ရဲ့ အချစ်ရေးကို ရူးအောင်ချစ်ရသူ သီချင်းနဲ့ဆက်စပ်ပြီး ပရိသတ်တွေ စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။ နန်းဆုရတီစိုးက လက်ရှိမှာ သီချင်းများ ဖန်တီးနေပြီး သီချင်းခွေအသစ်ထွက်ဖို့လည်း စီစဉ်နေတယ်လို့ ဆိုပါတယ်။ G Fatt ကလည်း ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးဖြစ်ပါတယ်။



က္က