ပေ့ချ်ကနေ ပရိသတ်တွေကို အသိပေးလိုက်တာ ဖြစ်ပါတယ်။
Ei Ei Myat

သရုပ်ဆောင် ဆုအိမ့်စံကတော့ သူမရဲ့ ဖေ့စ်ဘွတ်အကောင့် အဟက်ခံလိုက်ရတယ်ဆိုတဲ့ အကြောင်းကို ပရိသတ်ကို အသိပေးလို့လာပါတယ်။ လက်ရှိမှာ နေမကောင်းဖြစ်နေလို့ ဘာမှ မဖြေရှင်းနိုင်သေးတာလို့ သိရပါတယ်။

 

Photo : ဆုအိမ့်စံ

သရုပ်ဆောင် ဆုအိမ့်စံရဲ့ ဖေ့စ်ဘွတ်အကောင့်ကတော့ဒီနေ့(သြဂုတ်လ၂၄) ရက်နေ့မှာ အဟက်ခံလိုက်ရပြီ။ ဆုအိမ့်စံရဲ့ အကောင့်အဟက်ခံလိုက်ရ တာကြောင့် ပရိသတ်တွေလည်း စိတ်မကောင်းဖြစ်နေလို့နေပါတယ်။ ဆုအိမ့်စံက လက်ရှိမှာ နေမကောင်းဖြစ်နေတာကြောင့် ကိစ္စတွေအားလုံးကိုလည်း မကြာခင် ဖြေရှင်းသွားမယ်ဆိုပြီး သူမရဲ့ ပေ့ချ်ကနေ ပြောထားပါတယ်။

“ဆုဆု အကောင့် အဟက်ခံထားရပါတယ်။အခု တင်နေတဲ့ ပို့စ်တွေက ဆုဆု မဟုတ်ပါဘူး။ ဆုဆုနေအရမ်းမကောင်းဖြစ်နေလို့ပါ ကိစ္စအားလုံးကို မကြာခင် ဖြေရှင်းသွားမှာပါ” ဆိုပြီး သြဂုတ်လ(၂၄) ရက်နေ့က ရေးသားထားပါတယ်။

 

သရုပ်ဆောင် ဆုအိမ့်စံ တစ်ယောက် စေ့စပ်ထားတဲ့ ခင်ပွန်းလောင်း သူရိယနဲ့ လမ်းခွဲလိုက်ပြီဆိုတဲ့အကြာင်းဟာ ပရိသတ်တွေကြားထဲမှာ တော်တော့်ကို စိတ်ဝင်စားမှု ရရှိခဲ့တဲ့ သတင်းတစ်ခုဖြစ်ခဲ့ပါတယ်။ လမ်းခွဲလိုက်ပြီဆိုတဲ့ သတင်းကို တစ်ဖက်သတ်ကြေညာခဲ့တဲ့ သူရိယကိုလည်း ဆုအိမ့်စံဘက်က တရားဥပဒေနဲ့အညီဆောင်ရွက်သွားမယ်ဆိုပြီး သူမရဲ့ဖေ့စ်ဘွတ်အကောင့်ကနေ ပြောခဲ့ပါတယ်။

‘’ယနေ့ Myanmar Celebrity page တွင် လမ်းခွဲသည်ဟု ကြေညာခြင်းသည် သူရိယ၏ တဖက်သတ် ကြေညာခြင်းသာ ဖြစ်သည်။ ထိုသို့ တစ်ဖက်သတ် ကြေညာခြင်းအတွက် ကျွန်မဆုအိမ့်စံတွင် ဂုဏ်သိက္ခာ နစ်နာမှုများစွာ ရှိပါသည်။ ထို့ကြောင့် ကျွန်မ၏ နစ်နာမှုများအတွက် တရားဥပဒေနဲ့ အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။ ဆုအိမ့်စံ’’ ဆိုပြီးတော့ သြဂုတ်လ(၂၁) ရက်နေ့က ပြောထားပါတယ်။

Photo : ဆုအိမ့်စံ

သူရိယနဲ့ ဆုအိမ့်စံတို့က ချစ်သူသက်တမ်း(၂)နှစ်ပြည့်တဲ့နေ့မှာ စေ့စပ်ခဲ့တာပါ။ သရုပ်ဆောင် သူရိယနဲ့ ဆုအိမ့်စံတို့ကတော့ဖေ့စ်ဘုတ်ရွာ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အတူတွဲဖက်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ဗီဒီယိုဇာတ်ကားတွေမှာလည်း အတူပါဝင်သရုပ်ဆောင်ထားပါတယ်။ အရမ်းကို လိုက်ဖက်ညီလွန်းခဲ့တဲ့ ချစ်သူတွေဖြစ်တာကြောင့်လည်း ပရိသတ်တွေ အားကျရတဲ့ စုံတွဲ တစ်တွဲ ဖြစ်ခဲ့ပါသေးတယ်။ သူတို့နှစ်ဦး လမ်းခွဲလိုက်ပြီဆိုတဲ့ သတင်းကြောင့် ပရိသတ်တွေလည်း စိတ်မကောင်း ဖြစ်လို့နေကြပါတယ်။


က္က