စားစရာတွေကလည်း တစ်ခုပြီးတစ်ခုကိုလာကျွေးနေတာတဲ့။

ပရိသတ်တွေရဲ့ အချစ်တော် သက်မွန်မြင့်က ရိုက်ရေးရေးနဲ့အတူ ဂန့်ဂေါကို ရောက်နေတာပါ။ ဂန့်ဂေါမှာ ရှိတဲ့ ရွာသူရွာသားတွေဖော်ရွေမှု စေတနာကောင်းမှုကြောင့် သက်မွန်တစ်ယောက် ပျော်လို့နေပါတယ်။

Photo : သက်မွန်မြင့်



ဂန့်ဂေါမှာ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေတဲ့ သက်မွန်မြင့်က ဖော်ရွေပြီး ချစ်ဖို့ကောင်းလှတဲ့ ဒေသခံ ပရိသတ်တွေကြောင့် အရမ်းကို ပျော်လို့နေပါတယ်။ သူမအတွက် နေ့တိုင်းလိုလို မရိုးရအောင် စားစရာတွေ လာလာပို့ပေးနေတာကြောင့်လည်း ရောက်ခါစနဲ့မတူ အရမ်းကို ဝလာပါပြီတဲ့။

“ဒါက အစားတလိုင်း မရိုးဘူး နေ့တိုင်း တမျိုးတမျိုး မရိုးအောင်ကျွေးကြတာ.. ဒါတောင် သူများဖုန်းမှာ ပုံတွေ ကျန်သေးတယ် ဝ လာပြီလေ.. ရောက်စက ပိန်ခဲ့ပါတယ်.. အိပ်ရေးပျက်ရင် ဖောင်းအစ်တတ်တဲ့ မျက်နှာနဲ့ အစားမျိုးစုံကျွေးကြတဲ့ ဒေသရောက် ကျွန်မ ငါးပါးမှောက်” ဆိုပြီး ဧပြီ(၉) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : သက်မွန်မြင့်

သက်မွန်မြင့်အနေနဲ့ အရမ်းချစ်တတ်တဲ့ ရွာကို ရောက်လာခဲ့တာကြောင့် ပျော်နေသလို ရိုက်ကူးရေး အဆင်ပြေအောင် ကူညီပေးတဲ့ ရွာသူရွာသားတွေကိုလည်း သူမက အရမ်းချစ်ကြောင်း ပြောထားပါသေးတယ်။

“အရမ်းချစ်တတ်ကြသော ရွာကို ရောက်လာခြင်းပါ.. ရိုက်ကးူရေးကိုလည်း အဆင်ပြေအောင် ကူညီကြတယ်.. ဇာတ်ကောင်က ဓါတ်ပုံရိုက်မရလို့ပါဆိုလည်း ဟုတ်ကဲ့ဆိုပြီး မရိုက်ကြတော့ဘူး.. ရုပ်တည်လည်း မာနကြီးတယ်မပြောကြဘူး.. သူအလုပ်လုပ်နေတယ်လေဆိုပြီး နားလည်မှုအပြည့်ပေးနိုင်ကြတဲ့ သူတွေ တကယ် ချစ်စရာကောင်းတဲ့ ဒေသလေး.. ကျေးဇူးအထူးတင်ပါတယ်လို့.” ဆိုပြီး ဆက်လက်ပြောထားပါသေးတယ်။

Photo : သက်မွန်မြင့်

သက်မွန်က ရှုတင်နားချိန်တွေမှာ သူမကို ချစ်တဲ့ ရွာသူရွာသားတွေနဲ့အတူတူ ဖြတ်သန်းဖြစ်ပြီး စနောက်နေတာလေးကလည်း အရမ်းကို ချစ်ဖို့ကောင်းလှပါတယ်။သက်မွန်မြင့်က လက်ရှိမှာ မြင့်မြတ်နဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေတာ ဖြစ်ပါတယ်။ သက်မွန်မြင့်ဟာ လက်ရှိမှာ မိသားစုကို အချိန်ပေးရင်း သူမ ချစ်တဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပါတယ်။

သူမက ၂၀၁၀ ပြည့်နှစ်မှာ “အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ၊ ၂၀၁၆ ခုနှစ်မှာ “ချစ်လှစွာသော အမုန်း”ရုပ်ရှင်ကားတွေနဲ့ အကောင်းဆုံုး အမျိုးသမီးဇာတ်ဆောင်ဆုကို ဆွတ်ခူးခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၄ခုနှစ် ဖေဖော်ဝါရီ(၁၄) ရက်နေ့က ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်နဲ့ လက်ထပ်ခဲ့ပြီး အခုဆိုရင် သားလေးအားချစ်နဲ့ သမီးလေး လဝန်းမေတို့နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က