Sabal Thwin

ညောင်ဦးမြို့မှာရှိတဲ့ ရွှေစည်းခုံစေတီတော်ကြီးမှာ သရုပ်ဆောင်ခိုင်သင်းကြည်က မိသားစုနဲ့အတူကုသိုလ်ကောင်းမှုလေး လုပ်ခဲ့တာကို တွေ့ရပါတယ်။

Photo: Khaing Thin Kyi

ခိုင်သင်းကြည်က သူမရဲ့ မိသားစုလေးနဲ့ အတူ ရွှေစည်းခုံစေတီတော်မှာ ကုသိုလ်ယူခဲ့တယ်လို့ ဆိုပါတယ်။ သူမဟာ မကြာခဏ ဆိုသလို အလှူအတန်းတွေ လုပ်ရတာ ဝါသနာပါတဲ့သူတစ်ယောက်ပါ။

‘’ပဌာန်းရွတ်ဖတ်ပူဇော်၊ ရွှေသင်္ကန်းကပ်လှူပူဇော်’' ဆိုပြီးတော့ ဇူလိုင်လ ၁ ရက်နေ့ မနက် ၉ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် ညောင်ဦးမြို့ ရွှေစည်းခုံ စေတီတော်ကြီးမှာ ကိုခန့်နိုင်+ ခိုင်သင်းကြည် မိသားစု ကောင်းမှု အလှူငွေ တစ်သိန်းကျပ် ဆိုတဲ့ အလှူမှတ်တမ်းလေးကိုလည်း တင်ခဲ့တာ တွေ့ရပါတယ်။ ဒီအလှူအတွက် အနုပညာမောင်နှမတွေနဲ့ အတူ ပရိသတ်တွေကလည်း သာဓု ၃ ကြိမ် ခေါ်ဆိုခဲ့ကြပါသေးတယ်။

Photo: Khaing Thin Kyi

သူတို့မိသားစုလေးဟာ မကြာခဏဆိုသလို ပျော်ပျော်ပါးပါး ခရီးတွေ ထွက်နေတာကို တွေ့ရပါတယ်။ လက်ရှိမှာလည်း နယ်မှာ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူူးနေတယ်လို့ သိရပါတယ်။ အလုပ်လည်း လုပ်ရင်း ခရီးလည်း ထွက်ရင်း ကုသိုလ်ရေးအလုပ်တွေကို ဆောင်ရွက်တတ်သူပါ။ တစ်ခါတလေမှာလည်း နယ်မှာဇာတ်ကားရိုက်နေရချိန်တွေဆို သူမတည်းခိုတဲ့ အိမ်မှာရှိတဲ့ ဘုရားဝေယာဝစ္စတွေကိုလည်း လုပ်ပေးတတ်တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်။

Photo: Amazing Grace

သရုပ်ဆောင်အကယ်ဒမီ ခိုင်သင်းကြည်နဲ့ ချစ်ရတဲ့ခင်ပွန်း ကိုခန့်နိုင်တို့မှာ အသက် ၁၆ နှစ်အရွယ် ချစ်စရာကောင်းတဲ့ တစ်ဦးတည်းသော သမီးလေး စံထိပ်ထားဦးတို့ကို ပိုင်ဆိုင်ထားပါတယ်။ စံထိပ်ထားဦးက လက်ရှိမှာ မေမေ ခိုင်သင်းကြည်နဲ့ဖြစ်စေ၊ တစ်ယောက်တည်းဖြစ်စေ တီဗီကြော်ငြာတွေရိုက်ကူးနေတာတွေ့ရပါတယ်။ ဒါပေမယ့် ခိုင်သင်းကြည်ကတော့ သမီးလေးကို ပညာရေးကိုသာ ဦးစားပေးစေချင်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Photo: Khaing Thin Kyi

ခိုင်သင်းကြည်ဟာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်ပြီ့ပရိသတ်များရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။၂၀၁၃ ခုနှစ်က စုန်းပြူး ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပြီး ၂၀၁၄ခုနှစ်မှာ ကောင်းကျိုးကိုယ်၌တည်စေမင်း ရုပ်ရှင်ဇာတ်ကား နဲ့ အကောင်းဆုံးအမျိုး သမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က