ဖောင်ဒေးရှင်းနဲ့အတူ ကယ်ဆယ်ရေးတွေ လုပ်ပေးနေတာပါ။

ဝေဠုကျော်ကတော့ သူ့ရဲ့ ဖောင်ဒေးရှင်းနဲ့အတူ တောင်ပြိုကျပြီး အရေးပေါ် ကယ်ဆယ်ရေးတွေ လိုအပ်နေတဲ့ သဲဖြူကုန်းကျေးရွာသို့ ရောက်ရှိနေပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူများနဲ့အတူ ပူးပေါင်းမှု ရှာဖွေကယ်ဆယ်ရေးတွေ ဝိုင်းဝန်းကူညီပေးနေတယ်လို့ သိရပါတယ်။

Photo : Ye Min



ပြည်သူတွေအတွက်ဆို အမြဲတမ်း အဆင်သင့်ရှိနေတဲ့ သရုပ်ဆောင် ဝေဠကျော်နဲ့ သူ့ရဲ့ ဖောင်ဒေးရှင်းဟာ သြဂုတ်လ(၉) ရက်နေ့က တောင်ပြိုကျပြီး အရေးပေါ် ကယ်ဆယ်ရေးတွေ လိုအပ်နေတဲ့ သဲဖြူကုန်းကျေးရွာသို့ သွားရောက်ခဲ့ကြပါတယ်။ မွန်ပြည်နယ် ၊ သဲဖြူကုန်းကျေးရွာမှာ မိုးများစွာ ရွာသွန်းမှုကြောင့် တောင်ပြိုမှုတွေ ဖြစ်ပေါ်နေတာ ဖြစ်ပြီး တောင်ပြိုမှုကြောင့် အသေအပျောက်များနေတယ်လို့ သိရပါတယ်။

Photo : Ye Min

လက်ရှိမှာ သေဆုံးသူ (၂၀)ကျော် တွေ့ရှိထားပြီး ဆက်လက်ရှာဖွေနေတယ်လို့လည်း ဝေဠုကျော်ဖောင်ဒေးရှင်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

“တကယ့်ကို မထင်မှတ်စရာ သဘာဝဘေးဆိုးကြီးပါ အိမ် ၁၇ လုံးနှင့် ကားများတောင်ပြိုေြ မစာခဲများအောက် ရောက်သွားတာပါ။ကားနှင့် အိမ်များထဲမှာ လူများစွာပါသွားပါတယ်။လက်ရှိ ယနေ့ တူးဖော်မှုမှာတော့ သုံးဘီးဆိုင်ကယ်ဘေးတွဲနှင့် ပိတ်မိနေသော အသက်သေဆုံးနေပြီဖြစ်သည့် ကလေးအလောင်းကို ဆွဲထုတ်နိင်ရန် ကယ်ဆယ်ရေးများက တူးဖော်နေပါသည်” ဆိုပြီး သြဂုတ်လ(၁၀) ရက်နေ့က ပြောထားတာ ဖြစ်ပါတယ်။

Photo : Ye Min

ဝေဠုကျော်ကတော့ ပြည်သူတွေအတွက်ဆိုရင် အမြဲတမ်း အဆင်သင့် ရှိနေသူပါ။ မိုးရာသီ စပြီဆိုကတည်း ပုံမှန် ရေကြီးနေတဲ့ ကျေးရွာများအတွက် ကယ်ဆယ်ရေးတွေ ကူညီမှုတွေအတွက် အဆင်သင့် ပြင်ဆင်ထားတာတွေ့ရပါတယ်။ ပရဟိတအလုပ်တွေကို မနားမနေ လုပ်ဆောင်နေတဲ့ ဝေဠုကျော်ဟာ ပရိသတ်တွေ လေးစားအားကျရတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ ဝေဠုကျော်ဟာ ၂၀၀၉ခုနှစ်ကစပြီး လူမှု အကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ ဝေဠုကျော်ဖောင်ဒေးရှင်းကို စပြီး တည်ထောင်ဖြစ်ခဲ့တာပါ။ ဝေဠုကျော်က အနုပညာအလုပ်တွေ သာမက ပရဟိတအလုပ်တွေကိုပါ အားတတ်သရော ပါဝင်လှုပ်ရွားနေသူ တစ်ဦးဖြစ်ပါတယ်။

 

Photo : Ye Min

သူဟာ သရုပ်ဆောင်နဲ့ပတ်သက်ပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ကိုအောင်ဇော် ကို သတိရတဲ့အနေနဲ့ ဒါရိုက်တာ ညိုမင်းလွင်ရိုုက်တဲ့ ‘’မနုစာရီ’’ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ ဒီဇာတ်ကားမှာတော့ ဝေဠုကျော်ကို အောင်ထွန်း ဆိုတဲ့ ကာရိုက်တာနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အနုပညာလောကသား အချင်းချင်းရိုင်းပင်းကူညီတဲ့ စိတ်နဲ့ ပါဝင်သရုပ်ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က