ရှင်သန်လတ်ဆတ်နေဆဲ အနုပညာကို တွေ့ခွင့်ရခဲ့တယ်တဲ့။

လူကို အကျဉ်းချခံရပေမယ့် အနုပညာက အကျဉ်းမကျခဲ့ဘူးလို့ မောင်မျိုးမင်းက ဆိုပါတယ်။ ရဲတိုက်ရဲ့ သရုပ်ဆောင်မှုတွေက နောက်မကျန်ခဲ့ဘူးတဲ့။

Photo : မောင်မျိုးမင်း



ဝါရင့်ဒါရိုက်တာကြီးတစ်ဦးဖြစ်တဲ့ ဒါရိုက်တာ မောင်မျိုးမင်းက ဒဏ္ဍာရီမိုး ဇာတ်ကားကြည့်ပြီး ရဲတိုက်ရဲ့ သရုပ်ဆောင်မှုတွေကို ချီးကျူးလိုက်တာပါ။ နှစ်တွေ တော်တော်များများ အနုပညာအလုပ်တွေနဲ့ အဆက်အသွယ် ပြတ်ခဲ့ပေမယ့် ရဲတိုက်ရဲ့ အနုပညာတွေက နောက်မှာမကျန်ခဲ့ဘဲ လွတ်လပ်စွာ ရှင်သန်လတ်ဆတ်နေဆဲလို့ မောင်မျိုးမင်းက ဆိုပါတယ်။

“လူကိုသာ အကျဉ်းချခံရပေမယ့် အနုပညာက အကျဉ်းမကျခဲ့ဘူး နောက်မကျန်ခဲ့ဘူး။ လွတ်လပ်စွာ ရှင်သန်လတ်ဆပ်နေစဲဆိုတာ ဒဏ္ဏာရီမိုး ဇာတ်ကားထဲမှာ ရဲတိုက် ကိုပြန်တွေ့ခဲ့ရတယ်။ ဒါရိုက်တာဝင်းလွင်ထက်ရဲ့ဇာတ်ကားတွေထဲမှာ အကောင်းဆုံးဆိုတာကိုလည်း မြင်ခဲ့ရပါတယ်။အပြင်းကင်းပြီး ချစ်ချင်းတရားတွေနဲ့လှပနေတဲ့ မိုးနီလွင်ရဲ့ဇာတ်ညွှန်းကလေးလည်း ကျေနပ်ရပါတယ်” ဆိုပြီး မောင်မျိုးမင်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဇူလိုင်(၄) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo :ဒဏ္ဍာရီမိုး

ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင်(၁၁) ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မင်းသားသုံးယောက်ရဲ့ အားပြိုင်မှုတွေနဲ့အတူ ဝတ်မှုံရွှေရည်ရဲ့ သရုပ်ဆောင်မှုတွေက ဒဏ္ဍာရီမိုး ပရိသတ်တွေအတွက် ခံစားမှုရသတွေ အပြည့်အဝ ရစေမှာ အမှန်ပါပဲ။ ဒါရိုက်တာ မောင်မျိုးမင်းကလည်း ဒီဇာတ်ကားကိုကြည့်ပြီးနောက် အရမ်းကို ကျေနပ်စရာကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်လို့ ပြောထားတာပါ။ 7 Sense Film Production က ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ဝင်းလွင်ထက်ပုံဖော်ထားတဲ့ ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ဒေါင်း၊ ရွှေထူး နဲ့ ဝတ်မှုံရွှေရည် တို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

Photo :ဒဏ္ဍာရီမိုး

ရဲတိုက်ဟာ ၂၀၁၇ခုနှစ် နိုဝင်ဘာ(၁၇) ရက်နေ့က ထောင်ကနေ ပြန်လွှတ်လာတာဖြစ်ပြီး ဇန်နဝါရီ(၁၃) ရက်နေ့စပြီး ဇာတ်ကားတွေ ရိုက်ကူး ဖြစ်ခဲ့ပါတယ်။ သူစတင်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားကတော့ Bo Bo Film Production နဲ့အတူ လက်တွဲပြီး "မှန်" ဆိုတဲ့ ဇာတ်ကားကို စတင်ရိုက်ကူးခဲ့ပါတယ်။ နောက်ထပ်လည်း ဇာတ်ကားတွေ ရိုက်ကူးထားသေးတယ်လို့ သိရပါတယ်။

Photo :မောင်မျိုးမင်း

 ဒါရိုက်တာ မောင်မျိုးမင်းဟာ လက်ရှိမှာလည်း အောင်မြင်မှုတွေနဲ့ ရပ်တည်နေတဲ့ ဒါရိုက်တာတစ်ဦးဆိုလည်း မမှားပါဘူး။ သူရိုက်ကူး ပုံဖော် လိုက်တဲ့ ဇာတ်ကားတိုင်းကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ ဇာတ်ကားတွေချည်းပါပဲ။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးထားသေးတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က