ဇန်နဝါရီလ ၂၅ ရက်နေ့မှာ အသက် ၂၇ နှစ်ပြည့်ခဲ့တာဖြစ်ပါတယ်။

အသက် ၂၇ နှစ်ပြည့် မွေးနေ့မတိုင်ခင် အလှူအတန်းတွေ ဆက်တိုက်လုပ်ခဲ့တဲ့ နေခြည်ဦးက ‘’ခေတ်သစ် ဖောင်ဒေးရှင်း’’ မှာလည်း အလှူငွေသိန်း၅၀ လှူခဲ့ပါသေးတယ်တဲ့။

Photo: ခေတ်သစ်ဖောင်ဒေးရှင်း Fb Page



နေခြည်ဦးက ဇန်နဝါရီလ ၂၅ ရက်နေ့မှာပဲ အသက် ၂၇ နှစ်ပြည့်ပြီဖြစ်ပါတယ်။ သူမဟာ မွေးနေ့မတိုင်ခင်မှာ အလှူအတန်းတွေအများကြီး လုပ်ခဲ့သူပါ။ အဲဒီနောက် ခေတ်သစ်ဖောင်ဒေးရှင်း ကိုလည်း အလှူငွေကျပ် သိန်း ၅၀ လှူခဲ့တယ်လို့ သိရပါတယ်။

‘’ အလှူရှင် မနေခြည်ဦး မှ မွေးနေ့အလှူအဖြစ် ခေတ်သစ်ဖောင်ဒေးရှင်းသို့ အလှူငွေ သိန်းငါးဆယ်ကျပ်တိတိအား လှူဒါန်းသည်ကို ကျေးဇူးတင်စွာ လက်ခံရရှိပါသည်။မွေးနေ့ရှင် မနေခြည်ဦး စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်း မာခြင်း များနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်’’ ဆိုပြီးတော့ ခေတ်သစ်ဖောင်ဒေးရှင်း Facebook Page ကနေ ဇန်နဝါရီလ ၂၅ ရက်နေ့ မနက် ၈ နာရီ ၄၅ က ရေးသားထားတာ တွေ့ရပါတယ်။

Photo: Nay Chi Oo Fb

နေခြည်ဦးက မွေးနေ့ရက် မတိုင်ခင်မှာလည်း အလှူအတန်းတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။ ဇန်နဝါရီလ ၂၂ ရက်နေ့က လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာ တံတားအဆင်း၊ အလယ်ရွာမှာရှိတဲ့ အောင်ဇေယျာမင်း ပရိယတ္တိစာသင်တိုက် က ကလေးငယ် ၂၅၁၅ ဦးအတွက် အလှူအတန်းတွေလုပ်ခဲ့ပါတယ်။ အဲဒီနောက် ဇန်နဝါရီလ ၂၃ ရက်နေ့မှာတော့ သစ်တံခါးကျောင်းတိုက်မှာ ထမင်း၊ ဟင်း အလှူတွေအပြင် တခြား လှူဖွယ်ဝတ္ထုအစုစု တို့ကိုလည်း လှူဒါန်းခဲ့ပါတယ်။

Photo: Nay Chi Oo fb

နေခြည်ဦးဟာ ဇန်နဝါရီလ ၂၄ ရက်နေ့ ညမှာတော့ မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေ တွေနဲ့ အတူ SEEDS Restaurant & Lounge မှာ မွေးနေ့ ပါတီလေးကို ကျင်းပပြုလုပ်ခဲ့ပါသေးတယ်။ အဲဒီနောက် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ မယ်သီလရှင် ဝတ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Photo: Nay Chi Oo fb

နေခြည်ဦးဟာ လက်ရှိမှာ ဒါရိုက်တာမင်းဦးရိုက်ကူးတဲ့ ‘’ကိုယ်ပွား’’ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးေ ရးအတွက် တောင်ကြီးမြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးပြီးချိန်မှသာ သီလရှင်ဝတ်သွားမယ်လို့ သိရပါတယ်။ သူမကို Beauty Blogger အနေနဲ့ ပရိသတ်တွေ စတင်အားပေးခဲ့ကြတာပါ။ အဲ့ဒီနောက် ပထမဦးဆုံး အနေနဲ့ ရန်သူ ရုပ်ရှင်ဇာတ်ကားကြီးကနေ တဆင့် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က