ဘယ်လိုတွေတောင် ဆိုလိုက်လဲကွယ်။

ရွှေထူးတစ်ယောက် ဘယ်လိုတွေတောင် သီချင်းဆိုလိုက်လဲ မသိဘူးနော်။ ပရိသတ်တွေကလည်း ရွှေထူးရဲ့ အသံဆိုးကြီးကို နားထောင်ချင်ကြောင်း ပြောထားပါသေးတယ်။

 

Photo : Amazing Grace



ရွှေမှုံရတီကတော့ ရွှေထူးရဲ့ အသံကို နားထောင်ပြီး ပြောလိုက်တာပါ။ ရွှေထူး သီချင်းရဲ့ သီချင်းတိုင်းလိုလိုကို နားထောင်ဖြစ်ပြီး ခင်ပွန်းရဲ့ အသံကို ချီးကျူးတတ်တဲ့ ရွှေမှုံဟာ ရွှေထူးတစ်ယောက် အသံဆိုးကြီးနဲ့ သီချင်းဆိုတာကို ပထမဆုံး အကြိမ် ကြားဖူးပြီလို့ ဆိုပါတယ်။

“ကိုရွှေထူး အသံဆိုးနဲ့ သီချင်းဆို တာကြားဖူး ဒါပထမဆုံးပဲ so funny” ဆိုပြီးဇူလိုင်(၁၃) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : ရွှေမှုံ

ပရိသတ်တွေကလည်း ရွှေထူးတစ်ယောက် ဘယ်လိုများ ဆိုလိုက်လို့လဲဆိုပြီး အရမ်းသိချင်နေကြပါတယ်။ အားလုံးက ရွှေထူးတစ်ယောက် အသံကောင်းတယ်လို့ ချီးကျူးနေကြချိန်မှာ ရွှေမှုံရဲ့ စကားကြောင့် ပရိသတ်တွေ အရမ်းသိချင်နေကြပါတယ်။

မကြာခင်မှာလည်း ရွှေထူးရဲ့ သီချင်းသစ်တွေအများကြီး ထွက်ဖို့ရှိသလို သူတို့နှစ်ယောက်ရဲ့ သီချင်းတွေလည်း ထွက်ဖို့ရှိတာကြောင့် ပရိသတ်တွေ စောင့်ကြည့်ပေးဖို့ကိုလည်း ရွှေထူးက အင်တာဗျူးတွေမှာ ပြောဖူးပါတယ်။ ရွှေမှုံရတီက လက်ရှိမှာ ကြော်ငြာရိုက်ကူးမှုတွေလုပ်ကိုင်နေပြီး ခင်ပွန်းဖြစ်သူကို အချိန်ပေးလို့နေပါတယ်။ မကြာခင်မှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးဖို့ ရှိနေပါတယ်။

Photo : ရွှေမှုံ

နှစ်ယောက်စလုံးက အနုပညာရှင်တွေ ဖြစ်တာကြောင့်လည်း တစ်ယောက်နဲ့ တစ်ယောက် အချိန်ပေးနိုင်ဖို့ ကြိုးစားရတယ်လို့ သူကပြောပါတယ်။

‘’နည်းနည်းတော့ အချိန်ယူရတာပေါ့နော်။ အတူတူရှိဖို့များအောင်လို့ ဦးစားပေးတယ်။ ခွဲနေရင် နှစ်ယောက်က သိပ်အဆင်မပြေဘူး။ အလုပ်နဲ့ပတ်သက်ပြီးတော့ သူ့အလုပ် ကိုယ့်အလုပ် နည်းနည်းချိန်တယ်။ သူ ရှုတင်ရှိတဲ့လ ဆိုရင် သဲ လက်မခံဖြစ်တော့ဘူး။ ကလေး ယူဖို့ကတော့ နောက် ၈ နှစ်လောက် လိုပါသေးတယ်’’ ဆိုပြီးတော့ ဇူလိုင်လ ၈ ရက်နေ့က ဟွာဝေး ဖုန်းကြော်ငြာ ရိုက်ကွင်းပေါ်မှာ ဖြေဆိုခဲ့တာပါ။

  

Photo : ရွှေမှုံ

ရွှေထူး(Htoo Khant)နဲ့ ရွှေမှုံရတီ(Shwe Mhone Yati)တို့ ဟာ အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် မင်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ အင်းယားလိတ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က