ပြင်ဦးလွင်အထိတောင် လိုက်သွားပါတယ်တဲ့။

ရွှေမှုန်ရတီက ချစ်ရတဲ့ ခင်ပွန်း ရွှေထူးအတွက် ကိုယ်တိုင် ချက်ပြုတ်နေတာကို တွေ့ရပါတယ်. ကြည်နူးစရာကောင်းတဲ့ သူတို့ရဲ့ အိမ်ထောင်ရေးကတော့ တကယ်ကို အားကျစရာပါ.

Photo: Htoo Khant



အမြဲတမ်း အချစ်ပိုနေကြတဲ့ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့ ကိုတော့ အားမကျတဲ့ ပရိသတ် မရှိသလောက်ပါပဲ. အခုလည်း ရွှေထူးက ဇနီးဖြစ်သူ ရွှေမှုန်ရတီရဲ့ ဟင်းချက် လက်ရာလေးကို စားချင်တာကြောင့် ပြင်ဦးလွင်ကို ရောက်နေတယ်လို့ ဆိုပါတယ်.

'' ဟင်းချက်ကျွေးချင်တယ်ဆိုလို့ ပြင်ဦးလွင်ထိ လိုက်လာပေးရတယ်'' ဆိုပြီးတော့ ဒီဇင်ဘာလ ၂၀ ရက်နေ့ နေ့လည် ၁၁ နာရီ ၁၀ မိနစ်က ရွှေထူးရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့ပါတယ်. အဲ့ဒီနောက် ဇနီးချောလေး ရွှေမှုန်ရတီရဲ့ မီးဖိုချောင်မှာ အလုပ်တွေ ရှုပ်နေတဲ့ အမှတ်တရ ဓာတ်ပုံလေး ကိုလည်း တင်ခဲ့ပါသေးတယ်.


သူတို့နှစ်ယောက်ဟာ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ထားတဲ့ "ဧည့်သည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အတူတွဲပြီး ရိုက်ကူးရင်းနဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ကြတာ ဖြစ်ပါတယ်။ ရွှေထူးဟာ ဂီတအပိုင်းမှာ ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ရွှေမှုံရ တီကလည်း သရုပ်ဆောင်ဘက်မှာ ပရိသတ်အခိုင်အမာရရှိထားသူဖြစ်ပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ဟာ အောက်တိုဘာ(၃၀) ရက်နေ့ကေ နပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီနောက် နိုဝင်ဘာလ ၁၀ ရက်နေ့မှာပဲ မင်္ဂလာပွဲ ဆင်နွှဲ ခဲ့ကြပါတယ်

Photo: Htoo Khant

ရွှေထူး နဲ့ ရွှေမှုန်ရတီ တို့ စုံတွဲလေးရဲ့ '' အမှား'' ဆိုတဲ့ သီချင်းလေးကလည်း လက်ရှိ ပရိသတ်တွေ ပါးစပ်ဖျားမှာ ရေပန်းစားနေတာဖြစ်ပါတယ်. ဥရောပနိုင်ငံတွေကို ဟန်းနီးမွန်းထွက်ခဲ့တဲ့ သူတို့ စုံတွဲလေးကတော့ အခုဆိုရင် အနုပညာအလုပ်တွေ ပြန်လုပ်နေကြနတာ တွေ့ရပါတယ်.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က