မိခင်ဆိုတော့လည်းနော်။
Ei Ei Myat

ခင်ဇာခြည်ကျော်ရဲ့ တစ်ဦးတည်းသော သား ဘုန်းမင်းနေလကတော့ အူအတက်ပေါက်လို့ အရေးပေါ် ဆေးရုံတက်ခဲ့ရတာပါ။ ခွဲစိတ်မှု အောင်မြင်ပေမယ့် လည်း လက်ရှိမှာ အဖျားမကျလို့ ဆေးရုံပေါ်က မဆင်းရသေးလို့ သိရပါတယ်။

 

Photo : ခင်ဇာခြည်ကျော်

ခင်ဇာခြည်ဇော်ကတော့ ဆေးကုသမှု ခံယူနေရတဲ့ သားကို ကြည့်ပြီး စိတ်မကောင်း ဖြစ်လို့နေပါတယ်။ အူအတက်ပေါက်တာကြောင့် အရေးပေါ်ဆေးကုသမှု ခံယူခဲ့ရပြီး အူအတက်ဖြတ်ပြီးပေမယ့် အဖျားက တက်လိုက်ကျလိုက်ဖြစ်နေတာကြောင့် ဆေးရုံက မဆင်းရသေးဘူးလို့ ခင်ဇာခြည်ဇော်က ပြောပါတယ်။

“သားသား ဘုန်းမင်း ဆေး ရုံ တက် အူ အတက် ဖြတ်ပြီး ပေမယ့် ဖျား က တက် လိုက် ကျ လိုက် အဖျား တက် ရင် ၁၀၄ အထိ တက် တယ်။သားသား ကို ကြည့် ပြီး သနား မိတယ်။ကိုယ် ပဲ ဖြစ် လိုက် ချင် ပါရဲ  ့အမေ ဆို တော့ လေ စဉ်းစား မိတာ တခု က ကျောင်းပိတ် ရက် အ မေ ဆီ ပြန် လာ တုံး အခု လို နေ မ ကောင်း ဖြစ် လို့ တော်ပါ သေး ရဲ့စကာၤ ပူ မှာ ဖြစ် ရင် မလွယ် ဘူးလေ” ဆိုပြီး အောက်တိုဘာ(၉) ရက်နေ့ က သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားထားပါတယ်။

Photo : ခင်ဇာခြည်ကျော်

ကျောင်းပိတ်ရက် မြန်မာနိုင်ငံ ပြန်လာစဉ်မှာ ကြော်ငြာရိုက်ကူးဖို့တွေ လက်ခံထားတာရှိနေပေမယ့် အခုလို ဖြစ်သွားတာကြောင့် အလုပ်လေးတွေကို ရက်ရွှေ့ထားရတယ်လို့ သိရပါတယ်။

"ကျောင်း ပိတ် ရက် ကြော် ငြာ ရိုက် ဖို့လက် ခံ ထား တဲ့ အလုပ် လေးတွေ ကို နား လည် ပြီး ရိုက် ရက် ရွေ့ပေးတဲ့အလုပ် ရှင် များ အား လုံး အထူးကျေးဇူးပါရှင်။ဒီ လောက် နေ မကောင်း ဖြစ် နေတာ တောင်.. သူ အရမ်း ကြည့် ချင်တဲ့ " အခမ်း နား ဆုံး မေတ္တာ "ပရက် ရှိုး ရောက် အောင်သွား မလို့ တဲ့ လေဒီ နေ့တော့ သူ အဖျားမကျ သေးလို့လက် လျှော့ လိုက်ပြီးမေ မေ နဲ့ ညီမ လေး ပဲ သွား ဖြစ် အောင် သွား လိုက် ပါ တဲ့.။သား သား အမြန် နေ ကောင်း ဖို့ဆု တောင်း ပေး ကြ ပါ နော်.” ဆိုပြီး သူမက ဆက်လက်ပြောထားပါသေးတယ်။

Photo : ခင်ဇာခြည်ကျော်

ဘုန်းမင်းနေလ ကိုအားပေးချစ်ခင်သူတွေကလည်း ကျန်းမာရေး အမြန်ဆုံးကောင်းဖို့ Comment ကနေတဆင့် မျှော်လင့်ဆုတောင်းပေးခဲ့ကြတာ တွေ့ရပါတယ်။ဘုန်းမင်းနေလ( Phone Min Nay La) ကိုတော့ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ရွှေကြိုမောင် တစ်ယောက်အဖြစ် ပါဝင်ခဲ့တာက စလို့ ပရိသတ်အားပေးမှု ပိုရရှိခဲ့တာပါ။ လက်ရှိမှာလည်း ဘုန်းမင်းနေလက အနုပညာအလုပ်နဲ့ ပတ်သက်ပြီး တီဗီကြော်ငြာတွေ ရိုက်ကူးနေရပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ သူဟာ စင်ကာပူနိုင်ငံမှာ ကျောင်းတက်နေတယ်လို့ သိရပါတယ်။

Photo : ခင်ဇာခြည်ကျော်

သရုပ်ဆောင်ခင်ဇာခြည်ကျော်(Khin Zar Chi Kyaw)မှာတော့ အရမ်းကိုချောမောပြီး ချစ်စရာကောင်းလွန်းကြတဲ့ သားကြီး ဘုန်းမင်းနေလနဲ့ သမီးငယ်လေး ထင်သစ္စာ တို့ကို ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ယောက်ဖြစ်ပါတယ်။ သားကြီး ဘုန်းမင်းနေလကတော့ ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေ ရဲ့ အသဲစွဲမင်းသားလေးတစ်ယောက်ဖြစ်ပါတယ်။ သမီးငယ်လေး ထင်သစ္စာကတော့ လက်ရှိကျောင်းပညာရေးကိုဘဲ အဓိက ဦးစားပေးနေ တယ်လို့ သိရပါတယ်။


က္က