ရန်ကုန်ဆေးရုံကြီးနဲ့ အင်းစိန်ဆေးရုံကြီးတို့မှာ အပူချိန်တိုင်းကရိယာ လိုအပ်နေတယ်။

မအေးသောင်းကတော့ အင်းစိန်ဆေးရုံကြီးနဲ့ ရန်ကုန်ဆေးရုံကြီးတို့မှာ ဆေးပစ္စည်းတွေ လှူဒါန်းခဲ့တာဖြစ်သလို လိုအပ်နေတဲ့ ဆေးပစ္စည်းတွေရှိသေးတယ်လို့လည်း သူကဆိုပါတယ်။

Photo: Aye Thaung



ပရိသတ်အချစ်တော် မင်းသမီးချောလေး မအေးသောင်းကတော့ COVID-19 ကာကွယ်ရေး ပစည်းတွေကို အင်းစိန် ဆေးရုံကြီးနဲ့ ရန်ကုန်ဆေးရုံကြီးတွေမှာ လှူဒါန်းခဲ့တဲ့အကြောင်း ပြောပြလာပါတယ်။ 

"Mask အခု ၁၅၀၀ လှူဖို့မှာထားတာ ဒီနေ့အင်းစိန်ဆေးရုံ ကြီးနဲ့ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးတို့မှာ လှူဒါန်းခဲ့ပါတယ်ရှင့်။ အပူချိန်တိုင်းကိရိယာလည်း တအားလိုအပ်နေပါတယ်ရှင်" ဆိုပြီးတော့ မတ်လ ၂၅ ရက်နေ့ ညနေပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ် ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် အမှတ်တရ ဓာတ်ပုံလေးကိုလည်း တင်ခဲ့တာ တွေ့ရပါတယ်။ အေးသောင်းကို ချစ်ကြတဲ့ ပရိသတ်တွေကတော့ သူမရဲ့ အလှူအတွက် သာဓု ၃ ကြိမ် ခေါ်ဆိုခဲ့ကြပါတယ်။ 

Photo: Aye Thaung

အခုလက်ရှိမှာတော့ မြန်မာနိုင်ငံအတွင်းမှာ COVID-19 ကူးစက်ခံရသူ (၃) ဦး တွေ့ရှိထားပြီးဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။ ဒါကြောင့် လူစု လူဝေးပွဲတွေဖြစ်တဲ့ အကယ်ဒမီပေးပွဲ၊ Star Awards ဆုချီးမြှင့်ပွဲ၊ Sai Sai Birthday Show အပြင် နောက်ထပ် ဂီတ ဖျော်ဖြေပွဲများ၊ စာနယ်ဇင်းမိတ်ဆက်ပွဲတွေလည်း ရက်တွေ ရွှေ့ဆိုင်းထားခဲ့ရတယ်လို့ သိရပါတယ်။ မင်္ဂလာပွဲများ၊ ရှင်ပြု အလှူများ နဲ့ လူစုလူဝေးဖြစ်စေမယ့် အရာမှန်သမျှကိုလည်း မကျင်းပဖို့ သက်ဆိုင်ရာက တားမြစ်ထားတာကိုလည်း တွေ့ရပါတယ်။ အနုပညာရှင်များ အနေနဲ့ ရိုက်ကူးရေးတွေလည်း ရပ်နားထားရတယ်လို့ ပြောလာပါတယ်။  

Photo: Amazing

အေးဝတ်ရည်သောင်းဟာ ၂၀၁၇ ခုနှစ်မှာ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးမှုကို ယခင်ကထက်တောင် ပိုမိုရရှိလာပါတယ်။ မအေးသောင်းဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာအဆက်မပြတ် သရုပ်ဆောင်နေရတဲ့ မင်းသမီးချောလေးပါ။ သူမဟာ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ရွှေချည်လွှာ နဲ့ ရွှေလွန်းသံ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က