''ဝတ်လဲတော် ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်'' ဇာတ်ကားရိုက်တော့မှာပါ။

ဝတ်မှုံရွှေရည်ဟာ မကြာခင်ရိုက်ကူးတော့မယ့် ရုပ်ရှင်ဇာတ်ကားထဲက ခင်နှောင်းဆိုတဲ့ ကောင်မလေးဇာတ်ရုပ်ဖြစ်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပါပြီ။ ဒီဇာတ်ကားထဲမှာ ဒေါင်းနဲ့ သရုပ်ဆောင်ရမှာဖြစ်ပါတယ်။

Photo: We Love Kit Kit

ဝတ်မှုံရွှေရည်ဟာ ‘’ဝတ်လဲတော် ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်’’ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ဖို့အတွက် ရေစကြိုမြို့နယ်အတွင်းက ဖြုံဘူးရွာလေးကို ရောက်ရှိလို့နေပါပြီ။ ဒီဇာတ်ကားထဲက ခင်နှောင်းဆိုတဲ့ကောင်မလေးဖြစ်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပြီလို့ဆိုပါတယ်။

‘’ခင်နှောင်းအတွက် ဝိတ်တင်နေတယ်။ ပျော်စရာ ကောင်းလိုက်တာ ရွာသူရွာသားတွေကလည်း အရမ်းကူညီပြီး ပြည့်ဝလိုက်ကြတာ။ ပိုက်ဆံ ဘယ်လောက်ရှိရှိ လောဘ၊ မောဟ၊ မာန်မာန မရှိ ဘဝကို ရွာထဲမှာ ရိုးသားစွာ ဖြတ်သန်းနေလိုက်ကြတာ။ ချစ်လိုက်တာ တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်နှုတ်ဆက်ရတာလည်း ဓလေ့တဲ့ ရွာထဲလှည့်ရတာလည်း ခံစားချက်အသစ်၊ ဒီမယ် ဒီရွာသူဖြစ်ရတာ ကြိုက်တာဆိုအေ’’ ဆိုပြီးတော့ ဇူလိုင်လ ၁၆ ရက်နေ့ ည ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။

Photo: Wutt Mhone Shwe Yi

‘’ဝတ်လဲတော် ရွှေပုဆိုး တန်းထိုးလို့ ကြိုမယ်’’ ရုပ်ရှင်ဇာတ်ကားကြီးဟာ နာမည်ကျော်စာရေးဆရာမကြီး ခင်ခင်ထူးရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ ဝတ္ထုစာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဒီဝတ္ထုကို အခြေခံပြီး ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားအဖြစ် ဇူလိုင်လ ၁၇ ရက်နေ့မနက်က ကန်တော့ပွဲပေးရင်း စတင်ရိုက်ကူးနေပြီလို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာတော့ အဓိက သရုပ်ဆောင်များအနေနဲ့ ဒေါင်း၊ ထူးအောင်နဲ့ ဝတ်မှုံရွှေရည်တို့က ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Photo: We Love Kit Kit

ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ "နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။

Share

Loading Next Article...
က္က