မတ်လ ၂၇ ရက်နေ့မှာ သွားလှူမှာပါ။

ထူးအယ်လင်း က ရေရှားပါးနေပြီဖြစ်တဲ့ ဥက္ကံမြို့နယ် အတွင်းက ကျေးရွာလေးတွေအတွက် ရေအလှူပြုသွားမယ်လို့ ဆိုပါတယ်။ သူဟာ ဂီတအလုပ်တွေနဲ့အတူ ပရဟိတအလုပ်တွေကိုပါ စွမ်းစွမ်းတမံ ဆောင်ရွက်နေသူ တစ်ဦးပါ။

Photo: Htoo El Lynn


အဆိုတော်ထူးအယ်လင်းနဲ့ ဆိုင်ကယ်ချစ်သူများအဖွဲ့တို့ရဲ့ ရေအလှူကိုတော့ မတ်လ ၂၇ ရက်နေ့မှာ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒီအလှူကိုတော့ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့အတွင်းမှာ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

‘’ယခုလာမည့် ၂၇.၃.၂၀၁၉ (ဗုဒ္ဓဟူး)ရက်နေ့မနက်တွင် တိုက်ကြီးမြို့နယ် ဥက္ကံမြို့ တဘူးရေသိုးရွာရှိ ကျောင်းသား/သူ ကလေး ၁၈၄ ယောက်ရှိတဲ့အခြေခံမူလတန်းကျောင်းမှာ ရေတွင်း ၊ ရေကန် ၊ ရေတိုင်ကီ ၊ သောက်သုံးရေဗူးများ ၊အိမ်သာသုံး ရေပိုက်များ၊ ရေနှင့်ပတ်၍ အသုံးပြုစရာမှန်သမျ ရေစက်ချလှူဒါန်းခြင်း ကုသိုလ်ပြုမည်ဖြစ်လို့ အလှုရှင်များကိုရေစက်ချအလှူဖိတ်ခေါ်ပါတယ်ဗျ။ ဆိုင်ကယ်ချစ်သူညီအကိုတွေ ဥက္ကမြို့ကို ကုသိုလ်ဖြစ် တစ်ကြောင်းလောက် မောင်းကြရအောင်’’  ဆိုပြီးတော့ မတ်လ ၂၅ ရက်နေ့ ညနေ ၄ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Photo: Htoo El Lynn

ထူးအယ်လင်းက ဖေဖော်ဝါရီလ အတွင်းမှာ ကျရောက်ခဲ့တဲ့ သူ့ရဲ့ မွေးနေ့တစ်နေ့တာကိုလည်း ဂီတညီအစ်ကိုတွေနဲ့ အတူ အလှူအတန်းတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။ ဒီအလှူကိုတော့ လှိုင်သာယာ မြို့နယ်မှာရှိတဲ့ ‘’ အနှိုင်းမဲ့’’ မိဘမဲ့ဂေဟာမှာ ပြုလုပ်ခဲ့တာပါ။

အဆိုတော် ထူးအယ်လင်းဟာ တကယ်လိုအပ်တဲ့ နေရာဒေသတွေမှာ မကြာခဏဆိုသလို သွားရောက်လှူဒါန်းမှုတွေ ပြုလုပ်လေ့ရှိပါတယ်။ အခုချိန်မှာလည်း အများအကျိုးလုပ်ဖို့ရည်ရွယ်ချက်နဲ့ အများအကျိုးအတွက်လှူဒါန်းဖို့ ဂီတသစ်ပင်လို့ အမည်ပေးထားတဲ့ တေးစီးရီးလည်း ထွက်ရှိနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

Photo: Htoo El Lynn

ထူးအယ်လင်း(Htoo El Lin)ဟာ လက်ရှိမှာ ဂီတအလုပ်တွေထက် ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံ လုပ်နေသူဖြစ်ပါတယ်။ သူ့အနေနဲ့ မီးဘေးသင့်ဒေ သတွေသာမက ရေဘေးသင့်ဒေသတွေ၊ မီးသဂြိုဟ်စက် လိုအပ်တဲ့နေရာတွေ၊ လူနာတင်ယာဉ် လိုအပ်တဲ့နေရာတွေမှာလည်း လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ



က္က