Sabal Thwin

ဝတ်မှုံရွှေရည်ဟာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်လာတဲ့ ပုဂံအတွက် ဝမ်းသာဂုဏ်ယူမဆုံးဖြစ်လို့နေပါတယ်။ သူမဟာ မြန်မာမိန်းကလေးတစ်ယောက်ဖြစ်လာတာကိုလည်း ဝမ်းသာမဆုံးဖြစ်နေတာကို တွေ့ရပါတယ်။ 

Photo: Moe Min Photography

ပရိသတ်အချစ်တော် ဝတ်မှုံရွှေရည်ကတော့ မြန်မာမိန်းကလေးတစ်ယောက် ဖြစ်ရတာ ဂုဏ်ယူတယ်လို့ ဆိုပါတယ်။ သူမဟာ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်ဖြစ်တဲ့ ပုဂံကိုလည်း အရမ်းချစ်တဲ့အကြောင်းတွေ ပြောလာပါတယ်။

‘’ချစ်သောမြန်မာပြည်ကြီးထဲမှာ ကစ်အကြိုက်ဆုံး ရှေးဟောင်းပုဂံမြို့ကြီးနဲ့ အမှတ်တရ အခုဆို ကမ္ဘာ့သမိုင်းအမွေအနှစ်အဖြစ် အသိအမှတ်ပြု ခြင်းခံရလို့ မြန်မာမိန်းကလေးတစ်ယောက်အနေနဲ့ အရမ်းဂုဏ်ယူမိပါတယ်။ ချစ်တယ် ပုဂံ’’ ဆိုပြီးတော့ ဇူလိုင်လ ၃၁ ရက်နေ့ ညနေ ၄ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားခဲ့ပါတယ်။ အဲဒီနောက် ပုဂံမှာရိုက်ကူးခဲ့တဲ့ အမှတ်တရ ဓာတ်ပုံလေးတွေကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ခဲ့တာ တွေ့ရပါတယ်။

Photo: Moe Min Photography

ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ "နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။

Photo: Moe Min Photography

ဝတ်မှုံရွှေရည်ဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီး စာရင်းဝင်ထဲမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အချစ်တွေကိုလည်း အများကြီး ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ သူမရဲ့ အနုပညာသက်တမ်းကလည်း ၁၀ စုနှစ်ကာလတစ်ခုကို ရောက်ရှိလို့နေပါပြီ။ သူမကိုတော့ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။ ကြော်ငြာများနဲ့ လူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က