ထူးကျော်နဲ့တောင် ဆုံခဲ့ပါသေးတယ်တဲ့။

ထွန်းထွန်းက အဆိုတော် Waiလျှံရဲ့ အမြွှာသားလေးတွေဖြစ်တဲ့ Frank & Tank တို့နဲ့ အတူ ဘန်ကောက်မှာ ပျော်ပျော်ပါးပါး လျှောက်လည်နေတဲ့ အမှတ်တရလေးတွေ ပြောပြထားပါတယ်။

Photo: Tun Tun



သရုပ်ဆောင် ထွန်းထွန်းက သူငယ်ချင်းဖြစ်သူ Wai လျှံတို့ မိသားစုနဲ့အတူ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို အလည်အပတ်ရောက်ရှိနေတာ တွေ့ရပါတယ်။ အဲဒီနောက် ဝေလျှံရဲ့ အမြွှာသားလေးတွေဖြစ်တဲ့ Frank & Tank တို့နဲ့ အတူတူ ပျော်ပျော်ပါးပါး ဈေးဝယ်ထွက်နေကြတဲ့ အမှတ်တရ ဓာတ်ပုံတွေကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာတင်ခဲ့ပါတယ်။

‘’၂ ယောက်စလုံးကို တပြိုင်တည်း မ,ချီထားဖို့ဆိုတာ အခုလို သူတို့လေးတွေ ငယ်တုန်းမှာပဲ ရမယ်လေ’’ ဆိုပြီးတော့ Frank & Tank တို့ကို မချီထားတဲ့ အမှတ်တရဓာတ်ပုံကိုလည်း တင်ခဲ့ပါတယ်။ အဲဒီနောက် ဘန်ကောက်မှာ လည်လည်ထွက်နေတုန်း Examplez အဖွဲ့ဝင် ထူးကျော်တို့ မိသားစုနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်တဲ့။ Frank & Tank တို့နဲ့ လည်လည်သွားနေတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ဧပြီလ ၂၂ ရက်နေ့ ည ၁၀ နာရီကျော်က ထွန်းထွန်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ခဲ့ပါတယ်။

Photo: Tun Tun

ထွန်းထွန်းက သင်္ကြန်မတိုင်ခင်ကတည်းက သာသနာ့ဘောင်ထဲဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ဝေလျှံတို့ မိသားစုကလည်း ဧပြီလ ၁၂ ရက်နေ့မှာ သွားရောက် ကန်တော့ခဲ့တယ်လို့ သိရပါတယ်။ အခုချိန်မှာလည်း အတူတူ ခရီးတွေ ထွက်နေကြတာဖြစ်ပါတယ်။

Photo: Tun Tun

ထွန်းထွန်းကတော့ အခုနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးလာတာ ကို တွေ့ရပါတယ်။ ဂီတလော ကမှာ Examplez ဆိုတဲ့ နာမည်နဲ့ မိန်းကလေး ပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးခြင်းကို ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ထွန်းထွန်းဟာ သရုပ်ဆောင်နယ်ပယ်ကို ဝင်ရောက်လာခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က