နောက်ထပ် အလှူရှင်တွေပေါ်ပေါက်လာအောင်လည်း ဆောင်ရွက်ထားပါသေးတယ်။
Sabal Thwin

ကြက်ဖ နဲ့ သူ့ရဲ့ ဇနီးဖြစ်သူတို့ဟာ သွေးဝမ်းသွားနေတဲ့ ၅ လသား ကလေးငယ်အတွက် ကျန်းမာရေး ထောက်ပံ့ငွေ လှူဒါန်းခဲ့တာကို တွေ့ရပါတယ်။ လှူချင်တဲ့ ပရိသတ်တွေ အတွက်ကိုလည်း အခုလို လမ်းညွှန်ပြောပြထားပါသေးတယ်။

Photo: Thant Zaw

အဆိုတော် ကြက်ဖ နဲ့ သူ့ရဲ့ ဇနီးဖြစ်သူတို့ဟာ အရမ်းကို ပီတိဖြစ်စရာကောင်းတဲ့ အလှူလေး တစ်ခုကို လုပ်ခဲ့တာ တွေ့ရပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ မိသားစုထဲမှာမှ ကျန်းမာရေးအလွန်မကောင်းဖြစ်နေတဲ့ ကလေးအတွက် အလှူငွေတွေ လှူခဲ့တယ်လို့ ဆိုပါတယ်။

‘’ကျွန်တော့် အမျိုးသမီး လမ်းမှာ ဆုံလာရင်း ကူညီချင်စိတ်ပေါ်လာလို့ပါ(ကိုယ်တိုင်ကိုယ်ကျလှူချင်လို့ပါ)တဲ့ခင်ဗျာ။ သားသားအမည် စိုင်းကိုကို ၊ မေမေ့အမည် မစိုးဝေအေး

နေရပ် ကွမ်းခြံကုန်း အသက်၅လအရွယ်မှာ သွေးဝမ်းသွားရင်းအူပုပ်ရာမှ စဖြစ်’’ဆိုပြီးတော့ မေလ ၂၇ ရက်နေ့ ည ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Thant Zaw

အဲဒီနောက် သူတို့ဇနီးမောင်နှံရဲ့ အလှူတင်မကပဲ နောက်ထပ် အလှူရှင်တွေလည်း လှူဒါန်းခွင့်ရအောင် ကြက်ဖက အခုလို လှုံ့ဆော်ပြောပြခဲ့ပါတယ်။

‘’One Stop ဆိုင်တွေကနေ တဆင့် OK$ အကောင့်ကို လွှဲပေးလို့ရသလို KBZ အကောင့်ကိုလည်း လွှဲပေးလို့ရပါတယ်။ နောက်ဆုံးပုံမှှာ အကောင့်နံပါတ်တွေပါပါတယ်။ အလှူငွေလွှဲဖြစ်ရင် ဖြစ်ဖြစ် ဆက်သွယ်လိုလျှင်ဖြစ်ဖြစ် Hnin Tinzar Lin အကောင့်ရဲ့ messenger (သို့) 09898035091 ကို အကြောင်းကြားပေးပါ။ ၅၀၀၊ ၁၀၀၀ က စလို့ လှူလို့ရပါတယ်။Shareပေးခြင်း ဖြင့်လည်း ကုသိုလ်ပါဝင်ကြပါဦး။ မတည်အလှူငွေ ကိုကြက်ဖ ၃၀,၀၀၀ကျပ်၊ ကိုကြည်သာ ၅၀,၀၀၀ကျပ်’’ ဆိုပြီးတော့လည်း ဆက်လက်ပြောပြထားပါသေးတယ်။ 

Photo: Thant Zaw

ကြက်ဖကတော့ လက်ရှိမှာ ကိုယ်တိုင်သီချင်းရေး၊ ကိုယ်တိုင် သီချင်းဆိုနေတာကို တွေ့ရပါတယ်။ ၂၀၁၈ ခုနှစ်မှစပြီး ဂီတအလုပ်တွေကို ဖြေးဖြေးနဲ့ မှန်မှန် ဆောင်ရွက်လာတဲ့ ကြက်ဖရဲ့ သီချင်းအသစ်တွေကိုလည်း ပရိသတ်တွေက စောင့်မျှော်လို့နေပါတယ်။ သူ့ကိုတော့ Rap သီချင်းတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ ပရိသတ်များစွာတို့ရဲ့ အားပေးမှုကို ရရှိထားနိုင်ပြီ ဖြစ်ပါတယ်။ 


က္က