သူမကိုယ်တိုင် တောင်းပန်ခဲ့ပါတယ်။

နန်းမြတ်ဖြိုးသင်း က မွေးဖွားမယ့် ရက်နီးကပ်လာတဲ့အချိန်မှာ ဝေဖန်သူတစ်ဦးကြောင့် စိတ်ဆင်းရဲခဲ့ရပါတယ်။ သူမဟာ ပထမဆုံးရင်သွေးလေးကို သကြွန်အတွင်းမှာ မွေးဖွားမယ်လို့ ဆိုပါတယ်။


Photo: Nann Myt Phyo Thin



နန်းမြတ်ဖြိုးသင်းဟာ သူမအပေါ် ဝေဖန်ပြောဆိုလာသူ တစ်ဦးကြောင့် စိတ်မကောင်းဖြစ်လို့နေပါတယ်။ မွေးဖွားမယ့်ရက်ကလည်း နီးကပ်လာပြီဖြစ်တာကြောင့် စိတ်ခံစားချက်ကလည်း မတည်ငြိမ်တဲ့အတွက် စိတ်မဆင်းရဲချင်ဘူးလို့ သူကဆိုပါတယ်။

‘’ဒီဗိုက်က ဘယ်သူ့ကိုထိခိုက်နေလို့လဲဟင်။ မျက်စိနောက်နေရင်လဲ block ထားလို့ ရပါတယ်ရှင်။ share ပြီးရေးတော့ ဒီကမြင်နေရတော့ စိတ်ဆင်းရဲရပါတယ်။ နဂိုထဲက hormones အပြောင်းအလဲတွေကြောင့် စိတ်က တက်လိုက်ကျလိုက်ဖြစ်နေတာကို ထပ်ပီးစိတ်ဆင်းရဲအောင် မလုပ်ပါနဲ့နော်။ တောင်းပန်ပါတယ်။ မမြင်ချင်တဲ့သူတွေ block ထားလိုက်ပါနော်’’ ဆိုပြီးတော့ ဝေဖန်ရေးသားထားတဲ့ ပရိသတ်တစ်ယောက်ရဲ့ Post ကို Screenshot ပြုလုပ်ပြီး သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဧပြီလ ၃ ရက်နေ့ ညနေ ၇ နာရီကျော်က ရေးသားထားတာ တွေ့ရပါတယ်။

Photo: Nann Myat Phyo Thin

နန်းမြတ်ဖြိုးသင်းရဲ့ ‘’ Happiness is carrying a whole world inside me, Love you Jack Jack . I am counting for the days to meet you my son’’ ဆိုပြီးတာ့ မတ်လ ၃ ရက်နေ့ ညနေ ၆ နာရီကျော်က ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားထားတာပါ။ သူမ တင်ထားတဲ့ Post ကို ပရိသတ်တစ်ယောက်က Share ရင်း ‘’ ဒီဗိုက်ကလည်း မမွေးနိုင်သေးဘူးလို့’’ ရေးသားတာတဲ့အပေါ် နန်းမြတ်က စိတ်မကောင်းဖြစ်လို့နေပါတယ်။

Photo: Nann Myat Phyo Thin

နန်းမြတ်ဖြိုးသင်းက သားလေး Jack Jack ကို ဧပြီလအတွင်း(သင်္ကြန်အတွင်း) မှာ မွေးဖွားဖြစ်မယ်လို့ Duwun Media ကနေ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းမှုမှာ ဖြေဆိုခဲ့ပါတယ်။ သူမရဲ့ ပထမဆုံးရင်သွေးလေးဟာ သားလေး ဖြစ်တဲ့အပေါ် ဇနီးမောင်နှံ နှစ်ယောက်စလုံးက ပျော်ရွှင်ခဲ့ကြရပါတယ်။ သူတို့ဇနီးမောင်နှံက သားလေးရဲ့ လှုပ်ရှားမှုတွေကို ဇန်နဝါရီလ ၂၄ ရက်နေ့က အာထရာဆောင်းရိုက်ရင်း ပထမဆုံး စတင်တွေ့ခဲ့ကြတာဖြစ်ပါတယ်။

Photo: Nann Myat Phyo Thin

ကိုတာတာမျိုးနဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းတို့ဟာ နိုဝင်ဘာလ ၂၆ ရက်နေ့ မှာပဲ မင်္ဂလာသက်တမ်း ၁ နှစ်ပြည့်ခဲ့ပြီလို့ သိရပါတယ်။ အိမ်ထောင်သက်တမ်း ၁ နှစ်တာမှာလည်း ခင်ပွန်းဖြစ်သူ အပါအဝင် စိတ်ချမ်းသာအောင်ထားခဲ့ကြတဲ့ မိသားစုဝင်တွေ၊ ညီအစ်ကိုမောင်နှမတွေကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာကျေးဇူးတင်စကား ပြောထားပါသေးတယ်။

နန်းမြတ်ဖြိုးသင်းကို တီဗီကြော်ငြာ၊ မဂ္ဂဇင်းကာဗာတွေကနေ တဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲ့ဒီနောက် ဖေ့စ်ဘွတ်ရွာ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ သရုပ်ဆောင် လောကထဲကို စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ သူငယ်ချင်းဖြစ်သူ နန်းသူဇာနဲ့လည်း ‘’Friend’’ ဆိိုတဲ့ တေးစီးရီးအခွေလည်း ထွက်ရှိထားပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ



က္က