သူမရဲ့ အိမ်ထောင်ရေးအပေါ် ဝေဖန်ပြောဆိုလာသူတွေကို အခုလိုပြောပြလာပါတယ်။

သဉ္ဇာနွယ်ဝင်းဟာ သူမရဲ့ အိမ်ထောင်ရေးအပေါ် ဝေဖန်ပြောဆိုနေကြသူတွေကို အခုလို တုံ့ပြန်စကားဆိုလာပါတယ်။ သူမကိုလည်း အကျင့်မကောင်းတဲ့သူ၊ ငွေရှိတဲ့လူကို လက်ထပ်ခဲ့တဲ့သူ ဆိုပြီးတော့လည်း ဝေဖန်ပြောဆိုတာတွေများနေပြီလို့ ပြောပါတယ်။

Photo: Thinzar Nwe Win

သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းဟာ အိမ်ထောင်ပြုပြီးသွားတဲ့နောက်မှာတော့ အနုပညာအလုပ်တွေ လုပ်တာ မတွေ့ရတော့ပါဘူး။ ဒါပေမယ့် သူမရဲ့ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ဒီနေ့အချိန်ထိ ဝေဖန်ပြောဆိုသူတွေလည်းရှိနေသေးတဲ့အကြောင်း အခုလို ရင်ဖွင့်စကားဆိုထားပါတယ်။

‘’လူတွေကပြောကြတယ် သဉ္ဇာနွယ်ဝင်းက ပိုက်ဆံရှိတဲ့လူကိုယူသွားတယ်။ အကျင့်မကောင်းဘူးတဲ့။ တကယ်က ကိုယ့်အပေါ်ရေရှည် သစ္စာရှိနိုင်မယ်လို့ထင်တဲ့သူကို ရွေးခဲ့တာ ဘဝမှာအခုထိဆုတောင်းတိုင်း ပိုက်ဆံအများကြီး ရှိပါစေလို့ဆုမတောင်းဖူးဘူး။ စိတ်ချမ်းသာရပါစေပဲဆုတောင်းတာ လူတွေက အဓိကနဲ့သာမညကို နားမလည်ကြဘူး။ ပိုက်ဆံဆိုတာ ကံနဲ့အများကြီးသက်ဆိုင်တယ်။ ရှေးဘဝ ကုသိုလ်နဲ့လည်းအများကြီးသက်ဆိုင်တယ်’’ ဆိုပြီးတော့ သူပြောချင်တဲ့ အရာလေးတွေကို အခုလို အစပျိုးရင်း ပြောပြလာပါတယ်။

Photo: Thinzar Nwe Win

သူမဟာ လက်ရှိမှာလည်း ခင်ပွန်းဖြစ်သူနဲ့အတူ စီးပွားရေးလုပ်ငန်းတွေ အတူတူလုပ်ကိုင်လျှက်ရှိပါတယ်။ ပြုခဲ့တဲ့ ကုသိုလ်တွေ၊ ကံတရားတွေကြောင့် ဒီလို စီးပွာရှာနေတယ်လို့လည်း ဇူလိုင်လ ၂၄ ရက်နေ့ည ၈ နာရီ ၄၆ မိနစ်က သဉ္ဇာနွယ်ဝင်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ်။

‘’ပိုက်ဆံတွေအရမ်းရှိပြီး စိတ်မချမ်းသာရတဲ့လူတွေကို အများကြီးမြင်ဖူးတယ်။ ပိုက်ဆံရှိပြီးမကျန်းမာတဲ့လူတွေ ပိုက်ဆံရှိပြီး အထီးကျန်တဲ့လူတွေ ထက် အေးအေးချမ်းချမ်းနဲ့ လူတန်းစေ့နေနိုင်ပြီး မိသားစုသာသာယာယာ နဲ့ကျန်းကျန်းမာမာနေရတာကမှ ပိုပြီးတန်ဖိုးရှိတာ။ အိမ်ထောင်တစ်ခုပြုပြီးစီးပွားတက်တယ်၊ ကျတယ်ဆိုတာ လင်ယောကျ်ားရဲ့ ဘုန်းကံ၊ မိန်းမရဲ့ဘုန်းကံ၊ သားသမီးရဲ့ဘုန်းကံတွေအားလုံးပါတယ်။ မိန်းမတော်တော်များများကတော့ ပိုက်ဆံရှာနိုင်မယ့် ယောကျာ်းထက် ကိုယ့်အပေါ်နွေးထွေးတဲ့ အိမ်ထောင်ရေးပေးနိုင်မယ်ထင်တဲ့ သူမျိုးကိုပဲရွေးကြမယ်ထင်ပါတယ်။ သူဌေးကိုယူတယ်ပြောရအောင်လည်း မဌေးလို့ပိုက်ဆံရှာနေရတာပါ။ သူဌေးဖြစ်ရင်ကမ္ဘာပဲပတ်နေတော့မှာပေါ့’’လို့ သူကဆိုပါတယ်။

Photo: Thinzar Nwe Win

ကိုလှမျိုးမြင့်နဲ့ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းတို့ရဲ့ မင်္ဂလာပွဲကို ၂၀၁၇ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့က မင်္ဂလာဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ(၂)ရက်နေ့က နှစ်ဦးသဘောတူ ရုံးတက်လက်မှတ်ထိုး ခဲ့ကြပါတယ်။ ဖေဖော်ဝါရီ(၃)ရက်နေ့ကတော့ Melia ဟိုတယ်မှာ မင်္ဂလာပွဲကို ပျော်ရွှင်စွာနဲ့ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သားဖြစ်သူ ကျော်မျိုးမြင့်(ခ) မက်မွန်သီးလေးကိုတော့ ၂၀၁၈ ခုနှစ်အတွင်းမှာ မွေးဖွားခဲ့တာပါ။ အခုဆိုရင်တော့ ဒုတိယမြောက် ကိုယ်ဝန်လွယ်ထားရပြီလို့လည်း သိရပါတယ်။

သဉ္ဇာနွယ်ဝင်းကိုတော့ ပရိသတ်တွေက ချစ်စရာကောင်းတဲ့ ကောင်မလေး တစ်ယောက်အဖြစ် တီဗီကြော်ငြာတွေကနေတဆင့် စတင်အားပေးလာခဲ့ကြတာပါ။ အဲဒီနောက် ဗီဒီယို ဇာတ်ကားပေါင်းများစွာတို့ကိုလည်း ရိုက်ကူးခဲ့ဖူးသူ တစ်ယောက်ပါ။ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးခဲ့ရပါသေးတယ်။ 

Share

Loading Next Article...
က္က