အရမ်းကို ပျော်ခဲ့ရတယ်တဲ့။

နန်းဆုရတီစိုးက သူဘွဲ့ယူခဲ့တဲ့ကျောင်းရဲ့ ကျောင်းသင်္ကြန်မှာ သီချင်းတွေဆိုရင်း ပြန်ဖြတ်သန်းခွင့်ရတဲ့အတွက် အရမ်းကိုပျော်နေပါတယ်။ ကျောင်းသားကျောင်းသူတွေ မသိအောင် Surprise လုပ်ခဲ့ပါသေးတယ်။

 

Photo -Sue Kxet Creation



အဆိုတော် နန်းဆုရတီစိုးက မတ်(၁၂) ရက်နေ့က ပြုလုပ်တဲ့ ဒဂုံတက္ကသိုလ်ရဲ့ကျောင်းသင်္ကြန်မှာ ပါဝင်ဖျော်ဖြေခဲ့ရပါတယ်။ ဒဂုံတက္ကသိုလ်ကျောင်းက ကျောင်းသားကျောင်းသူတွေကို သူမ လာမယ်လို့ ကြိုမပြောထားပဲ Surprise သွားလုပ်ခဲ့တာဖြစ်ပြီး အဲ့လို ဖျော်ဖြေခွင့်ရတဲ့အတွက်လည်း အရမ်းပျော်မိတယ်လို့ နန်းဆုရတီစိုးက ဆိုပါတယ်။

Du ကျောင်းသင်္ကြန် ကို Surprise သွား အရမ်းပျော် ကိုယ် ဘွဲ့ယူခဲ့တဲ့ကျောင်းမှာ အမှတ်တရ သင်္ကြန်ကျ အရမ်းအားပေးလို့ အရမ်းချစ်” ဆိုပြီး မတ်လ(၁၃) ရက်နေ့က နန်းဆုရတီစိုးရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo -Sue Kxet Creation

ဒဂုံတက္ကသိုလ်ကျောင်းသင်္ကြန်မှာ နန်းဆုရတီစိုးနဲ့အတူ G Fatt လည်း သီချင်းတွေနဲ့ ပါဝင်ဖျော်ဖြေခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ သံစဉ်တွေကြားထဲမှာ အားပေးလွန်းကြတဲ့ ကျောင်းသားကျောင်းသူတွေအတွက် သူတို့နှစ်ဦး အရမ်းကို ပျော်ခဲ့ရတယ်လို့ ဆိုပါတယ်။

န်းဆုရတီစိုးဟာ လက်ရှိမှာ ဖျော်ဖြေပွဲတွေသွားနေရပြီး G Fatt နဲ့အတူ သီချင်းသစ်တွေ ဖန်တီးဖြစ်နေတယ်လို့ သိရပါတယ်။နန်းဆုရတီစိုးကလည်း G-Fatt နဲ့ လက်တွဲလာပြီးတဲ့နောက်မှာတော့ ဂီတအလုပ်တွေကို အရင်ကထက် ပိုပြီး သေသေချာချာ လုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အရမ်းကို လိုက်ဖက်လွန်းလှတဲ့ သူတို့ စုံတွဲလေးကိုလည်း အားမကျတဲ့ ပရိသတ်မရှိသလောက်ပါပဲ။

Photo -Sue Kxet Creation

G-Fatt နဲ့ နန်းဆုရတီစိုးတို့ရဲ့ အချစ်ရေးကို ရူးအောင်ချစ်ရသူ သီချင်းနဲ့ ဆက်စပ်ပြီး ပရိသတ်တွေစိတ်ဝင်စား ခဲ့တာဖြစ်ပါ တယ်။ နန်းဆုရတီ စိုး က လက်ရှိမှာ သီချင်းများ ဖန်တီးနေပြီးသီချင်းခွေအသစ်ထွက်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။ သူ့ရဲ့ ချစ်သူ G Fatt ကလည်း ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူတစ်ဦး ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က