အဝေးကနေ လှမ်းလှူခဲ့တာပါ။

ဝတ်မှုံရွှေရည်က မွေးနေ့လေးမှာ ရန်ကုန်မှာ မရှိပေမယ့်လည်း လိုအပ်နေတဲ့ အနုပညာလောကသားတွေအတွက် အဝေးကနေ လှမ်းလှူခဲ့တာ ဖြစ်ပါတယ်။ လက်ရှိက ထန်တလန်မြို့လေးမှာ ဇာတ်ကား ရိုက်ကူးနေတာ ဖြစ်ပါတယ်။

 

Photo : ဝတ်မှုံရွှေရည်

ဝတ်မှုံရွှေရည်က သူမရဲ့ မွေးနေ့လေးမှာ မွေးနေ့အလှူအဖြစ် အနုပညာလောကထဲက လိုအပ်နေတဲ့ လောကသားအချင်းချင်းကို အဝေးကနေ ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။ ဇာတ်ကားရိုက်ကူးမှုနဲ့ အဝေးကို ရောက်နေပေမယ့်လည်း သြဂုတ်လ(၁၀)ရက်နေ့ သူမရဲ့ မွေးနေ့မှာ သရုပ်ဆောင် ဇော်ကြီး၊ ကစ်ကစ်၊ နွယ်နီနဲ့ မလုံးတင်တို့အတွက် တစ်ဦးကို (၅)သိန်းစီ ရုပ်ရှင်အစည်းအရုံးကနေ တဆင့် လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

“ဒီနှစ်မွေးနေ့ လေးကတော့ ကားရိုက်နဲ့ ထန်တလန်မြို့လေးကိုရောက်နေတော့ ဘာမှထွေထွေထူးထူး မလုပ်ဖြစ်ဘူး တတ်နိုင်သလောက် အလှူ လေးတွေလုပ်ရင်းပဲဖြတ်သန်းဖြစ်ပါတယ်။ ရန်ကုန် မှာ ကစ်မရှိတဲ့အတွက် ရုပ်ရှင်အစည်းအရုံးကတဆင့် ကိုဇော်ကြီး မကစ်ကစ် မနွယ်နီ မလုံးတင် တို့ အတွက် တဦးလျှင် အလှူ ငွေ ငါးသိန်းကျပ်စီ လှူဒါန်းဖြစ်ပါတယ်။ ရန်ကုန် နဲ့ မန်းလေးက KFC လေးတွေ ကစ်အတွက်မွေးနေ့ အလှူ တွေ လုပ်ပေးကြတာလည်း အရမ်းပျော်ရ ပီတိဖြစ်ရပါတယ်လို့ နောက်လည်း အခုလို အမြဲ ချစ်ပေးကြပါလို့” ဆိုပြီး သြဂုတ်လ(၁၀) ရက်နေ့ ညပိုင်းက သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာရေးသားထားပါတယ်။

Photo : ဝတ်မှုံရွှေရည်

သူမရဲ့ မွေးနေ့ပွဲကိုတော့ ရိုက်ကူးရေးက ပြန်လာမှ လုပ်တော့မယ်လို့ ပရိသတ်တွေကို ပြောထားပါသေးတယ်။ဝတ်မှုံရွှေရည်ဟာ သူမရဲ့ မွေးလအစမှာလည်း တရားစခန်းဝင်ပြီး ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

“မွေးနေ့လဖြစ်တဲ့အတွက်တရားစခန်းဝင်ပြီးကုသိုလ်ပြု ဖြစ်တယ်။ဤကုသိုလ်တို့ ကြောင့် ခုနှစ်ရက်သားသမီး အပေါင်း ဘေးရန်ခပ်သိမ်းကင်းကြပါစေ ဒေါသခပ်သိမ်းငြိမ်းကြပါစေ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ... လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ဗုဒ္ဓဂုဏ်တန်ခိုးဖြင့်အေးချမ်းကြပါစေ” ဆိုပြီး သြဂုတ်လ(၃) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားတာပါ။ သူမဟာ မှော်ဘီမြို့နယ်မှာ ရှိတဲ့အောင်ဇမ္ဗူတောရကျောင်းတိုက်မှာ တရားစခန်းဝင်ရင်း ကုသိုလ်တွေ ယူနေတာ ဖြစ်ပါတယ်။

Photo : ဝတ်မှုံရွှေရည်

ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ "နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။

Photo : ဝတ်မှုံရွှေရည်

ဝတ်မှုံရွှေရည်ဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီး စာရင်းဝင်ထဲမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အချစ်တွေကိုလည်း အများကြီး ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ သူမရဲ့ အနုပညာသက်တမ်းကလည်း ၁၀ စုနှစ်ကာလတစ်ခုကို ရောက်ရှိလို့နေပါပြီ။ သူမကိုတော့ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။ ကြော်ငြာများနဲ့ လူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။

Share

Loading Next Article...
က္က