ဇေရဲထက်ကလည်း ပြန်ပြောထားပါသေးတယ်။

ဇေရဲထက်နဲ့ ပတ်သက်ပြီး သူမရင်ထဲမှာ ခံစားနေရတဲ့ ခံစားချက်တချို့ကို ရင်ဖွင့်လိုက်တာ တွေ့ရပါတယ်။ ဇေရဲထက်ရဲ့ မေတ္တာတရား တွေကိုလည်း နားလည်လာပါပြီတဲ့။



 

သရုပ်ဆောင် ရွှေမှုံရတီက ဇေရဲထက်အတွက် သူမရင်ထဲက ခံစားနေရတဲ့ ခံစားချက်တွေကို ရင်ဖွင့်လိုက်ပါတယ်။ သူမသရုပ်ဆောင် စလုပ်ကတည်းက အခုချိန်ထိ မြတ်မြတ်နိုးနိုးနဲ့ ကိုယ့်သွေးသားလို ချစ်ခင်ပေးတဲ့ သူငယ်ချင်းအတွက် ရင်ထဲက စကားလေးတွေကို ယခုလို ပြောပြထားတာပါ။

"ဘာတွေဖြစ်ဖြစ် သဲဘက်နေရပ်တည်ခဲ့တဲ့သူ သဲဆိုးသမျှ အနိုင်ကျင့်သမျှ တစ်ချက်မငြိုငြင်ခဲ့သူ ယနေ့ချိန် ထိ သဲသူ့အပေါ် လွန်ခဲ့တာတွေ ကိုတောင်မေ့ပစ်ပြီးခွင့်လွှတ်နေသူ ကျေးဇူးတင်ပါတယ်။ ငါပြောင်းလဲ ပေမဲ့နင် မပြောင်းလဲလို့  အသက်ကြီးလာလို့လားမသိဘူး။ နင်မေတ္တာ တွေ ငါနားလည်လာပြီ ငါကိုနားလည်ပေးခဲ့တာ တွေ ကျေးဇူးတင်ပါတယ် ။ငါလဲနင်နဲ့ထပ်တူချစ်ပါတယ်" လို့ ဇူလိုင် (၃၀) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

ဇေရဲထက်ကလည်း ရွှေမှုံပြောထားတဲ့ ပို့စ်အောက်မှာ သူ့ရဲ့ ခံစားချက်လေးကို ယခုလို ပြန်ပြောထားပါတယ်။

"နင့်ရဲ့ဖြူစင်တဲ့ မေတ္တာတွေကြောင့်နင့်ကိုပြည်သူတွေချစ်နေကြတာပါ။နင်ဘာလုပ်လုပ်ချစ်ကြပါတယ်။နင့်ရဲ့ကံကိုက မိဘလုပ်ကျွေးလို့ ဒီ့ထက်မကကောင်းဦးမှာပါ။ ငါအမြဲပြောဘူးသလိုပေါ့ နင်ဘယ်တော့မှ စိတ်မဆင်းရဲဘူး စိတ်ဆင်းရဲလည်းခဏပါ နင်ကမိသားစုပေါ အရမ်း ကောင်းပြီး မိဘကိုလုပ်ကျွေးလို့ပါ။ ငါ့ကိုအခုလိုနင့်စိတ်ထဲမှာရှိပေးတဲ့အတွက်ကျေးဇူးပါ။ ငါနဲ့ပတ်သတ်တဲ့လူမှန်သမျှ ငါစိတ်ချမ်းသာ စေချင်တယ်ပျော်စေချင်တယ်။ နင်ပျော်နေတာပဲ ငါအမြဲမြင်ချင်တယ်။ ဒါငါ့ရဲ့ရင်ထဲကလာတဲ့စေတနာပါ" ဆိုပြီး ရွှေမှုံရတီကို Tag တွဲပြီး ဇူလိုင်(၃၀)ရက်နေ့ ရေးသားထားတာတွေ့ရပါတယ်။

 

သူတို့နှစ်ယောက်ရဲ့ အပြန်ပြန်အလှန်လှန် ပြောထားတဲ့ စာသားလေးတွေကို ကြည့်ပြီး ပရိသတ်တွေလည်း ကြည်နူးနေကြပါတယ်။ ဇေရဲထက် နဲ့ ရွှေမှုန်တို့ဟာ တကယ့်ကို အရင်းနှီးဆုံး သူငယ်ချင်းတွေ ဖြစ်ကြပြီး တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်းနေတတ် သူတွေလည်း ဖြစ်ပါတယ်။

အသက် ၁၃ နှစ်အရွယ်နဲ့ သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်လာတဲ့ ရွှေမှုန်ရတီဟာ ငယ်ရွယ်သေးပေမဲ့ အရမ်းကို ရင့်ကျက်တဲ့ မိန်းကလေး တစ်ယောက်ပါ။ထူးခြားတဲ့ ဟန်ပန်၊ ဆန်းသစ်တဲ့ ဝတ်ဆင်မှုတွေကြောင့် ဝေဖန်မှုများစွာ ခံရပေမဲ့ ကိုယ်လုပ်စရာရှိတာကို ယုံကြည်မှု ရှိရှိနဲ့ လုပ်ဆောင်နေတဲ့ သူလည်း ဖြစ်ပါတယ်။

 

အနုပညာပျိုးခင်း (၁) ရဲ့ စင်တင်မင်းသမီးတစ်လက်ဖြစ်တဲ့ ရွှေမှုံရတီဟာ အနုပညာလောကကို စတင်ဝင်ရောက်ခဲ့တဲ့ လွန်ခဲ့တဲ့ ၆ နှစ်ကျော်က တည်းက သရုပ်ဆောင်ကောင်းသူအဖြစ် နာမည်ရလာသူဖြစ်ပြီး လက်ရှိမှာလည်း ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ရပ်တည်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က