မိသားစုဝင်တွေလည်း ပါဝင် ကုသိုလ်ယူခဲ့တာ တွေ့ရပါတယ်။

အိန္ဒြာကျော်ဇင်ကတော့ ဓမ္မာရဝေတောရမှာ facility qurantine ဝင်နေကြသူတွေအတွက် အလှူ လုပ်ခဲ့တာကို တွေ့ရပါတယ်။ 

Photo: Eaindra Kyaw Zin



သရုပ်ဆောင် အိန္ဒြာကျော်ဇင်တို့ မိသားစုကတော့ မေလ (၂၂) ရက်နေ့က ဓမ္မရဝေတောရမှာ facility qurantine ဝင်နေရသူတွေအတွက် နေ့လည်စာ ရွှေရင်အေး တွေ လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ 

"ဒီနေ့ ဆရာတော် ရဝေနွယ် ဓမ္မရဝေတောရ ၌ facility qurantine ဝင်နေသူများအတွက် နေ့လည်စာ ရွှေရင်အေး လှူဒါန်းခြင်းနှင့် ဆရာတော်အား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့တဲ့ ကောင်းမှူကုသိုလ်တို့ကို ချစ်သောပရိသတ်ကြီး ထပ်တူ အမျှရကြပါစေ" ဆိုပြီးတော့ မေလ ၂၂ ရက်နေ့ နေ့လယ် ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။ အိန္ဒြာကျော်ဇင်ရဲ့ အလှူအတွက် သူ့ကို ချစ်ကြတဲ့ ပရိသတ်တွေကလည်း သာဓု သုံးကြိမ် ခေါ်ဆိုခဲ့ကြပါတယ်။ 

Photo: Eaindra Kyaw Zin

COVID-19 ကာလမှာ အိန္ဒြာကျော်ဇင်နဲ့ ပြေတီဦးတို့ ဇနီးမောင်နှံဟာ အလှူအတန်းတွေ မကြာခဏ ပြုလုပ်လေ့ရှိပါတယ်။ ဧပြီလ ၂၀ ရက်နေ့တုန်းကလည်း We Love Yangon ကနေတဆင့် စားဝတ်နေရေး အခက်အခဲ ကြုံနေရတဲ့ မိသားစုဝင်တွေ အတွက် ငွေကျပ်(၁၀) သိန်းလှူခဲ့ပါတယ်။ မေလ (၁၀) ရက်နေ့တုန်းကလည်း အနုပညာလောကထဲက အမေများအဖွဲ့အတွက် ငွေကျပ်(၁၀) သိန်းလှူဒါန်းခဲ့တာကို တွေ့ရပါတယ်။ 

Photo: Eaindra Kyaw Zin

အိန္ဒြာကျော်ဇင်ဟာ ခင်ပွန်းဖြစ်သူ ပြေတီဦး တည်ထောင်ထားတဲ့ ပြေတီဦးဖောင်ဒေးရှင်းမှာ တစ်ဖက် တစ်လမ်းကနေ ပရဟိတအလုပ်တွေ ဆောင်ရွက်ပေးနေတာ တွေ့ရပါတယ်။ သူမရဲ့အနုပညာသက်တမ်းကတော့ အနှစ် ၂၈ နှစ် ကျော်ပြီဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးပေါင်း များစွာတို့ကိုလည်း ရိုက်ကူးထားသူတစ်ယောက်ပါ။ ဒီနေ့အချိန်ထိ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုရရှိနေတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။သူမဟာ ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့ မိုးကောင်းကင်"၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။ ၂၀၁၉ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ဆန်ခါတင်စာရင်းမှာလည်း အိန္ဒြာကျော်ဇင်ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေပါဝင်ထားပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က