မီးဘေးသင့်တဲ့ပြည်သူတွေဆီ သွားလှူခဲ့တာပါ။

ချစ်သုဝေကို ချစ်တဲ့ ပရိသတ်တွေစုစည်းထားတဲ့ We love Chit Thu Wai (Treza’s family) ဂရုလေးက ဒီနေ့မှာ ရွှေပြည်သာဘက်က မီးဘေးသင့် ပြည်သူတွေဆီ သွားရောက်လှူဒါန်းခဲ့တာပါ။ ချစ်သုဝေကတော့ လူကိုယ်တိုင် မလိုက်နိုင်ပေမယ့် အလှူငွေ ထည့်လိုက်တယ်လို့ဆိုပါတယ်။

photo : chit thu wai


ငယ်စဉ်ကတော့ ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် လူအားရော ငွေအားပါ ကူညီတတ်တဲ့ ချစ်သုဝေက အခုချိန်မှာ ငွေအားလေးနဲ့ပဲ ကူညီနိုင်တော့ စိတ်မကောင်း ဖြစ်လို့နေပါတယ်။ အလုပ်တွေ မအားမလပ်ဖြစ်နေပေမယ့်လည်း ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် အားတတ်သရော လုပ်ကိုင်တတ်တဲ့သူမရဲ့ ပရိသတ်တွေကြောင့်လည်း သူမမှာ ကြည်နူးပီတိဖြစ်လို့နေပါတယ်။

ဒီနေ့မှာလည်း Fan တွေရဲ့ အလှူကိုကြည့်ပြီး ချစ်သုဝေတစ်ယောက် ဝမ်းသားပီတဖြစ်လို့နေပါတယ်။

" မင်္ဂလာရှိလိုက်တဲ့မနက်ခင်းကိုယ့်ရဲ့ Cb ထဲဝင်လာသော သတင်းလေးနဲ့ပုံလေးတွေ,,,We love Chit Thu Wai (Treza’s family) ggလေးတွေရဲ့ အလှူလေးအပျိုဘဝတုန်းကတော့ ပရဟိတကိုလူအားရော ငွေကြေးအားရော သိပ်ကိုလုပ်နိုင်ကိုင်နိုင်ခဲ့တာ (လုပ်အားလှူရတာသူတို့ တွေနဲ့တွေ့ဆုံခွန် အားပေးရတာကိုက ကိုယ့်အတွက်ကြည်နူးနေရတာ)ခုတော့ငွေကြေးအလှူတွေလုပ်ပေးနိုင်ပေမယ့် ကိုယ်တိုင်လုပ်အားအလှူတွေနည်းလာတယ်။ခုလို ကိုယ်ချစ်ရတဲ့ ကိုယ့်ကိုယ်လည်းသိပ်ချစ်တဲ့ gg လေးတွေ ပရဟိတအလုပ်တွေကိုအားတက်သရော လုပ်ကြတာစည်းလုံးကြတာမြင်တော့ အရမ်းကိုကျေနပ်ရတယ်။သူတို့ရဲ့အလှူလေးအတွက်ပီတိဖြစ်ရတယ်။I couldn’t be prouder to have fans like you all "“ ဆိုပြီး နိုဝင်ဘာ(၂၄) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

photo : chit thu wai

Fanတွေ စည်းစည်းရုံးရုံးနဲ့ ပရဟိတအလုပ်တွေ မြင်နေရလို့လည်း အရမ်းစိတ်ချမ်းသာရတယ်လို့ ချစ်သုဝေက ပြောထားပါသေးတယ်။

ချစ်သုဝေ(Chit Thu Wai) ဟာ အဆိုတော်တစ်ယောက်အဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်လာ တာဖြစ်ပါတယ်။ အဲ့ဒီနောက် သရုပ်ဆောင်တစ်ဦး အဖြစ်နဲ့ပါ ရပ်တည်ခဲ့ပါသေးတယ်။ ၂၀၁၄ ခုနှစ်မှာတော့ အဆိုတော် လင်းလင်းနဲ့ လက်တွဲပြီး အိမ်ထောင်တစ်ခု တည်ဆောက်ခဲ့ကာ ၂၀၁၇ ခုနှစ်မှာ ချစ်စရာကောင်းတဲ့ အမြွှာသမီးလေးတွေဖြစ်တဲ့ မေမြန်မာသစ်နဲ့ မေမြန်မာခေတ်တို့ကို မွေးဖွားခဲ့ပါတယ်။ အခုဆိုရင် အမြွှာသမီးလေးတွေရဲ့ မေမေချစ်သုဝေဟာ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နေပြီ ဖြစ်သလို သမီးလေးတွေနာမည်နဲ့ ဖောင်ဒေးရှင်းတစ်ခုတည်ထောင်ထားပါသေးတယ်။

photo : chit thu wai

‘’ခေတ်သစ်ဖောင်ဒေးရှင်း’’ ကို ၂၀၁၉ခုနှစ်၊ဇန်နဝါရီ(၁၉) ရက်နေ့က ခေတ်နဲ့သစ်တို့ရဲ့ အသက်(၂)နှစ်ပြည့် မွေးနေ့လေးကစလို့ဖောင်ဒေးရှင်းကို စတင် တည်ထောင်ဖွဲ့စည်းခဲ့တာပါ။ “ခေတ်သစ်”ဖောင်ဒေးရှင်းကို (၁၄)နှစ်တာ ကာလသတ်မှတ်ထားပြီး အဆင့်(၇)ခု ခွဲကာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပထမဆုံးအဆင့်မှာ ကလေးသူငယ်များရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ရည်ရွယ်ကာအသက်(၅)နှစ်အောက် ကလေးများ အမှန်တကယ်ခွဲ စိတ်စရိတ်လိုအပ်တဲ့ မွေးရာပါ နှလုံးအပေါက်ပါရောဂါရှင်များအတွက် ရည်ရွယ်ကာ လှူဒါန်းသွားမယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က