နောက်ထပ်လည်း လှူဒါန်းမှုတွေ ပြုလုပ်သွားဦးမယ်လို့ ဆိုပါတယ်။

ဇဏ်ခီကတော့ FCPN ပရိဟိတအဖွဲ့ကို စတင်ထူထောင်လိုက်တဲ့ အချိန် (၂)လ အကြာမှာ အခက်အခဲ ကြုံနေရသူတွေအတွက် ငွေကျပ်သိန်း (၁၀၀၀)ကျော် လှူဒါန်းနိုင်ခဲ့ပြီလို့ဆိုပါတယ်။ 

Photo: FCPN



ခီဇနီးမောင်နှံ ဦးဆောင်တဲ့ FCPN ပရိဟိတအဖွဲ့ တည်ထောင်ထားတာဆိုရင် အချိန်(၂)လနီးပါးရှိခဲ့ပါပြီ။ အချိန်(၂)လအတွင်းမှာ အခက်အခဲကြုံတွေ့နေရတဲ့သူတွေအတွက် ငွေကျပ် သိန်း (၁၀၀၀) ကျော် လှူဒါန်းနိုင်ခဲ့ပြီဖြစ်တာကြောင့် သရုပ်ဆောင် ဇဏ်ခီအနေနဲ့ ဝမ်းသာပီတိ ဖြစ်လို့နေပါတယ်။

 “မင်္ဂလာသတင်းပါ။ FCPN ကနေ စုပေါင်းလှူဒါန်းငွေ သိန်း(၁၀၀၀) ကျော်သွားပါပြီ။ Wave money ကနေတဆင့်လှူဒါန်းမှုက အယောက်ခြောက်ထောင်နီးပါးရှိပြီး နယ်ပေါင်းစုံကိုလည်းမြေပြင်မှာရှိတဲ့လမ်းကြောင်းတွေကနေတဆင့်လှုဒါန်းမှုတွေဆက်တိုက်လုပ်နေပါတယ်။ COVID-19 ရဲ့ရိုက်ခက်မှုတွေပြင်းထန်ပါတယ်။အခုကိုပဲနှစ်တဝက်ကျိုးပြီးတစ်လကျော်နေပါပြီ။ ၂၀၂၀ တစ်နှစ်လုံးစီးပွားရေးတွေနလန်ထူနိုင်ဖို့မလွယ်နိုင်ပါဘူး။ နောက်နှစ်တွေအထိပါသွားမယ့် ထိခိုက်နစ်နာမှုတွေအများကြီးရှိနေနိုင်ပါတယ်။ ဒါကြောင့်ကျွန်တော်တို့ FCPN အနေနဲ့ အလှူငွေတွေကို ဆက်လက်လက်ခံသွားဖို့ဆုံးဖြတ်ထားပါတယ်။ ရရင်ရသလောက် အကူအညီတွေပေးသွားရင်းနဲ့ တဖက်တလမ်းကနေကူညီကြဖို့ အားလုံးကိုဖိတ်ခေါ်ပါတယ်” ဆိုပြီးတော့ ဇူလိုင်လ ၁၇ ရက်နေ့ နေ့လယ် (၁၁) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။ 

Photo: FCPN

FCPN Program ကိုတော့ ၂၀၂၀ ခုနှစ် မေလ(၈) ရက်နေ့မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ဇူလိုင်လ (၈)ရက်နေ့ မှာ (၂) လပြည့်ခဲ့တာ ဖြစ်ပါတယ်။ ဒီအစီအစဉ် ကနေ တဆင့် တကယ်လိုအပ်မှုရှိနေတဲ့ နေရာဒေသတွေမှာ လိုအပ်နေတဲ့ သူတွေကို အဖွဲ့သားတွေကိုယ်တိုင်က သွားရောက် လှူဒါန်းလျှက်ရှိတယ်လို့ ဇဏ်ခီက FCPN Page ကနေတဆင့် ဗီဒီယိုဖိုင်လေးနဲ့ ပြောပြထားတာ တွေ့ရပါတယ်။ 

Photo: FCPN

ဇဏ်ခီ ကိုယ်တိုင်ကလည်း အလှူငွေများကောက်ခံခြင်း နဲ့ အလှူငွေ စာရင်းများကိုလည်း FCPN Facebook Page ကနေ အမြဲတမ်း တင်ပြပေးနေတာကို တွေ့ရပါတယ်။ အခုဆိုရင်တော့ အကြိမ်(၂၀) မြောက် အလှူရှင် စာရင်းတွေကိုလည်း FCPN Facebook Page မှာ တင်ထားတာကို တွေ့ရပါတယ်။

“လှူဒါန်းထားသူများဆက်လက်လှူဒါန်းနေသူများအားလုံးကိုလည်း ကျွန်တော့်အနေနဲ့ ရင်ထဲမှလှိုက်လှိုက်လှဲ လှဲအထူးပဲကျေးဇူးတင်ရှိပါတယ်။ FCPN မှာအလှူငွေထည့်ချင်ရင် အောက်မှာပါတဲ့ဘဏ်အကောင့်ေတွကနေတဆင့် လှူဒါန်းနိုင်ပါတယ်။ FCPN ရဲ့ လှုပ်ရှားမှုများကိုသိချင်ရင်တော့ #fcpn page မှာသွားရောက်ကြည့်ရှုနိုင်ပါတယ်။ Page ကို like လုပ်ထားခြင်းဖြ င့် ရှေ့လျှောက်လုပ်ဆောင်မှု မြင်နိုင်မှာဖြစ်သလို FCPN page ကို share ပေးခြင်းအားဖြင့်သော် လည်းကောင်း ဆွေမျိုး မိတ်ဆွေအသိုင်းအဝိုင်းတွေကိုပြောပြပေးခြင်းအားဖြင့်သော်လည်းကောင်း အလှူရှင်များပေါ်ပေါက်လာရေးအတွက် ကူညီနိုင်ကြပါတယ်ခင်ဗျား” ဆိုပြီးတော့လည်း ဆက်လက် ရေးသားထားပါတယ်။ 

Photo: FCPN

FCPN ပရဟိတအဖွဲ့သားတွေနဲ့ အတူ ကိုယ်တိုင်ကိုယ်ကျ အလှူအတန်းတွေ လုပ်နေတဲ့ သရုပ်ဆောင် ဒါရိုက်တာဇဏ်ခီကိုတော့ ' ဥပါယ်တံမျဉ်' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အဓိက သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ' မုဒြာရဲ့ ခေါ်သံ' ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ လည်း ပရိသတ်တွေက အားပေးခဲ့ကြပါသေးတယ်။ တတိယမြောက် ရုပ်ရှင်ကားကြီး အနေနဲ့ ' Now & Ever' ရုပ်ရှင်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်သလို ပရိသတ်အားပေးမှုတွေလည်း ပိုလို့ရရှိခဲ့ပြန်ပါသေးတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က