ဒီနေ့ကတော့ G-Fatt ရဲ့ မွေးနေ့ဖြစ်ပါတယ်။

ဒီနေ့မှာ ကျရောက်တဲ့ အဆိုတော် G-Fatt ရဲ့ မွေးနေ့မှာတော့ ချစ်သူလေး နန်းဆုရတီစိုးက အခုလို မွေးနေ့ ဆုတောင်းပေးခဲ့တာကို တွေ့ရပါတယ်. နန်းဆုရဲ့ မွေးနေ့ ဆုတောင်းကြောင့်လည်း G-Fatt တစ်ယောက် ဝမ်းသာပီတိဖြစ်လို့နေပါတယ်.

Photo: Aung Zaw



ဒီဇင်ဘာလ ၃၁ ရက်နေ့ (ဒီနေ့) ကတော့ အဆိုတော် G-Fatt ရဲ့ မွေးနေ့ ဖြစ်ပါတယ်. သူ့ရဲ့ မွေးနေ့ မှာတော့ ချစ်သူလေး နန်းဆုရတီစိုးက ချစ်စရာကောင်းတဲ့ မွေးနေ့ ဆုတောင်း စကားပြောထားပါသေးတယ်.

'' မွေးနေ့မှာ ပျော်ရွှင်ပါစေ ချမ်းမြေ့ပါစေ. အသက်တစ်နှစ်ပြီး တစ်နှစ် တိုးနေသလို အောင်မြင်မှုတွေ ပိုတိုးပါစေ ပျော်ရွှင်မှုတွေ အချစ်တွေ မေတ္တာတွေလည်း ပိုတိုးလာပါစေ ဒီနှစ်တွေမှာ ဘေးနားမှာအတူနေပေးပြီး ကောင်းတိုင်ပင်ဆိုးတိုင်ပင် အခက်အခဲများကို အတူတူဖြတ်ကျော်ပြီး ကူညီပေးခဲ့တာတွေ သင်ပေးခဲ့တာတွေ ဂရုစိုက်ပေးခဲ့တာတွေ စိတ်ညစ်ဝမ်းနည်းရချိန်မှာလည်း အတူတူမျှဝေခံစားပေးပြီး ပျော်ရွှင်စရာတွေ အတူတူကူဖန်တီးပေးခဲ့အတွက် ရင်ထဲက လှိုက်လှိုက်လှဲလှဲဝမ်းသာကျေးဇူးတင်ပါတယ် '' လို့ ဆိုပါတယ်.

Photo: Aung Zaw

အဲ့ဒီနောက် တစ်နှစ်ထက် တစ်နှစ် မပြောင်းလဲ တဲ့ အချစ်တွေနဲ့ ခိုင်ခိုင်မာမာနေသွားဖို့ကိုလည်း နန်းဆုရတီစိုးက ဆက်လက်ပြီး ဆုတောင်းပေးခဲ့ပါသေးတယ်.

''လာမယ့်နှစ်သစ်တွေ နှစ်သစ်တွေမှာ ပိုတိုးလာမယ်လို့လည်း ယုံကြည်ပါတယ်.နှစ်သစ်ကူးအပြောင်းမှာမွေးလို့ အပြောင်းအလဲမများပဲ ပိုဆန်းသစ်သော အချစ်တွေနဲ့သာအမြဲပြည့်စုံနေပါစေ Happy Birthday'' ဆိုပြီးတော့ ဒီဇင်ဘာလ ၃၁ ရက်နေ့ မနက်စောစော ၁၂ နာရီ ၂ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်

Photo: Aung Zaw

ချစ်သူလေး နန်းဆုရတီစိုးရဲ့ မွေးနေ့ ဆုတောင်းအပေါ် မွေးနေ့ရှင်ကြီး အဆိုတော် G-Fatt က Comment ကနေတဆင့် ကျေးဇူးတင်စကားနဲ့ ဝမ်းသာပီတိဖြစ် တဲ့ အကြောင်းတွေ ပြောပြထားတာ တွေ့ရပါတယ်.

'' မွေးနေ့ ကိတ်အတွက်ရော .. နားလည်ပေးမှုတွေအတွက်ရော .သဘောထားကြီးပေးမှုတွေ. သည်းခံပေးမှုတွေအတွက်ရော အားလုံးအတွက် ကျေးဇူးပါ CS ရေ '' လို့ ရေးသားခဲ့ပါတယ်.

Photo: Aung Zaw

G-Fatt နဲ့ နန်းဆုရတီစိုးတို့ရဲ့ အချစ်ရေးကို ရူးအောင်ချစ်ရသူ သီချင်းနဲ့ ဆက်စပ်ပြီး ပရိသတ်တွေ စိတ်ဝင်စား ခဲ့တာဖြစ်ပါတယ်။ နန်းဆုရတီ စိုး က လက်ရှိမှာ သီချင်းများ ဖန်တီးနေပြီး သီချင်းခွေအသစ်ထွက်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။ သူ့ရဲ့ ချစ်သူ G Fatt ကလည်း ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးဖြစ် ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က