ခရမ်းရောင်ဂါဝန်လေးနဲ့။

ခရမ်းရောင် ဂါဝန်လေးနဲ့ ချစ်စရာကောင်းနေတဲ့ သမီးလေးကို အေသင်ချိုဆွေတစ်ယောက် အသည်းတယားယားဖြစ်လို့နေပါတယ်။ Ivy လေးက အခုဆိုရင် အသက် ၁ နှစ်ကျော်အရွယ်ကို ရောက်ရှိနေပါပြီ။

Photo: A Then Cho Swe

အေသင်ချိုဆွေတစ်ယောက်  သမီးလေး Ivy ရဲ့ ချစ်စဖွယ်အမူအရာလေးတွေကိုလည်း အသည်းတယားယားဖြစ်နေတယ်လို့ ဆိုပါတယ်။ ဂါဝန်လေးနဲ့ လှနေတဲ့ သမီးလေးကိုလည်း စနောက်ခဲ့ပါသေးတယ်။

‘’ဂါဝန်လေးနဲ့ပါနော်။ ပဲကလည်းများလိုက်တာအေ။ အသဲတွေလည်းယားနေပါပြီနော်။ ဂါဝန်ကချောင်နေတော့ လမ်းလျှောက်တာကားယားလေးပါနော်’’ ဆိုပြီးတော့ မတ်လ ၁၅ ရက်နေ့ နေ့လယ် ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။အဲဒီနောက် ခရမ်းရောင်ဂါဝန်လေးနဲ့ လျှောက်သွားနေတဲ့ သမီးလေးရဲ့ လှုပ်ရှားမှုကို ဗီဒီယိုရိုက်ကထားရင်းဖေ့စ်ဘွတ်ပေါ် တင်ခဲ့ပါသေးတယ်။ Ivy လေးကို ချစ်ကြတဲ့ ပရိသတ်တွေ ကလည်း အသည်းတယားယား ဖြစ်နေတာကို Comment ကနေတဆင့် တွေ့ရပါတယ်။

Photo: A Then Cho Swe

ချစ်စရာကောင်းပြီး ပါးလေးဖောင်းဖောင်းနဲ့ သမီးလေး Ivy ကို မေမေ အေသင်ကရော၊ ပရိသတ်တွေကပါ အရုပ်မလေး လို့ ချစ်စနိုးနဲ့ ခေါ်နေကြတာဖြစ်ပါတယ်။ Ivy လေးက အခုဆိုရင် အသက် ၁ နှစ်ကျော်အရွယ်ကို ရောက်ရှိလို့လာပါပြီ။ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြောင့်လည်း ပရိသတ်တွေက တစ်နေ့ထက် တစ်နေ့ အချစ်ပိုနေကြတာပါ။

အေသင်ချိုဆွေက အခုချိန်မှာ ချစ်ရတဲ့သမီးလေး Ivy နဲ့အတူ Single Mother တစ်ယောက်အနေနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာကို တွေ့ရပါတယ်။ Ivy လေးရဲ့ လည်လွန်းတတ်လွန်းတဲ့ အမူအရာလေးတွေကလည်း မေမေ အေသင့်အတွက် အမောပြေဆေး တစ်ခွက်လိုပါပဲ။

Photo: A Then Cho Swe

အေသင်ချိုဆွေကို ‘’ပေါက်တဲ့အိုး’’ ဆိုတဲ့ တစ်ကိုယ်တော် အခွေ ကနေတဆင့် ပရိသတ်တွေ သိတင်သိရှိခဲ့တာပါ။ အဲဒီနောက် ‘’ အနီးဆုံးလူ’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ သူမဟာ ဂီတအလုပ်တွေသာမက သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ဖူးပါသေးတယ်။

Photo: A Then Cho Swe

အေသင်ချိုဆွေက ဒုတိယမြောက် တစ်ကိုယ်တော်အခွေ ထွက်ပြီးသွားတဲ့နောက်မှာတော့ အနုပညာအလုပ်တွေနဲ့ ခဏတာ ဝေးကွာသွားခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်မှစပြီး ဂီတလောကထဲ ပြန်လည်ဝင်ရောက်လာတဲ့ အေသင်ချိုဆွေက ၂၀၁၈ ခုနှစ်ဇူလိုင်လ ၁၀ ရက်နေ့မှာ "အသည်းကွဲသီချင်း တွေမဆိုတော့ဘူး" ဆိုတဲ့ သီချင်းသစ်လေးကို ပရိသတ်လက်ထဲ အရောက်ပေးခဲ့ပါတယ်။ လက်ရှိမှာ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ပိုပြီးလုပ်သွားဖို့ ပြင်ဆင်နေပါတယ်။ သီချင်းအသစ်တွေ လုပ်နေတာကို တွေ့ရပါတယ်။



က္က