သြဂုတ်လ(၁၆) ရက်နေ့မှာ ပြည့်ခဲ့တာပါတဲ့။

အဆိုတော် ဖြူဖြူကျော်သိန်းကတော့ သူမရဲ့ ဂီတသက်တမ်း(၁၇) နှစ်ပြည့် အမှတ်တရလေးတွေကို အခုလို ပြောပြလာပါတယ်။ 

Photo: Phyu Phyu Kyaw Thein



ဖြူဖြူကျော်သိန်းဟာ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ(၁၆) ရက်နေ့မှာ ဂီတသက်တမ်း(၁၇) နှစ်ပြည့်ခဲ့ပြီလို့ ဆိုပါတယ်။ ဂီတသက်တမ်း (၁၇) နှစ်တာမှာ သူမအပေါ် အစစအရာရာ ကူညီပေးခဲ့သူတွေကိုလည်း ကျေးဇူးတင်စကား ဆိုထားပါတယ်။ 

" ဒီနေ့ (ဩဂုတ် ၁၆ ရက်)ကဖြူဖြူ့အဆိုတော်သက် (၁၇) နှစ်တင်းတင်းပြည့်တဲ့နေ့ပေါ့။ (၁၇) နှစ်လုံးလုံး ဘာအကြောင်းကြောင့်နဲ့မှ အဆိုတော်ဘဝကိုလွှတ်မချရပဲ တစ်ရက်မပြတ် ဂီတကိုပဲရူးသွပ်၊ ဖက်တွယ် ရှင်သန်ခွင့်ရလို့ ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုအထူးချီးမွမ်းသလို ဖြူဖြူ့ ကိုခုချိန်ထိ မေတ္တာကြီးစွာနားလည်ပံ့ပိုးပေးတဲ့မာမီ၊ဖေဖေနဲ့မမညို၊ ဖြူဖြူ့ဂီတ၊အနုပညာ၊သီချင်း၊စိတ်ဓာတ် ၊ခံယူချက်နဲ့အတွေးအခေါ်၊ဖြစ်တည်မှုအသီးသီးကိုချစ်ခင်ယုံကြည်အားပေးကြတဲ့ပရိသတ်တစ်ယောက်ချင်းစီ၊ ဘာမှမဟုတ်ခင်မှာအနုပညာတစ်ခုတည်းကိုကြည့်ပြီးယုံကြည်စွာစင်တင်ပေးခဲ့တဲ့ Iron Cross ကအစ်ကိုဆရာများနဲ့အဆိုတော်သက်တမ်းတစ်လျှောက်သူတို့ရဲ့အကောင်းဆုံးအနုပညာနဲ့ဖြူဖြူ့ကိုလက်တွဲပံ့ပိုးပေးခဲ့ဖူးသမျှလုပ်ဖော်ကိုင်ဖက်များအားလုံး ကို ကျေးဇူး အများကြီးတင်ပါတယ်ရှင်" ဆိုပြီးတော့ သြဂုတ်လ (၁၆) ရက်နေ့ မနက် (၈) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Phyu Phyu Kyaw Thein

ဂီတသက်တမ်း(၁၇) နှစ်ပြည့်တဲ့အချိန်မှာ သူမရင်ထဲက ခံစားချက်တွေကိုလည်း ဖြူဖြူကျော်သိန်းက အခုလို ပြောပြလာပါတယ်။ 

"ဂီတသက်တမ်း ၁၇ နှစ်မှာ၂၀၂၀ ကတော့ COVID-19 နဲ့အတူ New Normal ရဲ့ပြောင်းလဲမှုတွေကြားဖြူဖြူအပါအဝင်အားလုံးအတွက်စိန်ခေါ်မှုတွေများလွန်းခဲ့ပါတယ်လေ။ ဒီစိန်ခေါ်မှုတွေကပဲဖြူဖြူ့ရဲ့ဂီတအနုပညာသည် ဘဝကိုပိုအဓိပ္ပာယ်ရှိလာစေတယ်လို့ခံစားရပါတယ်။ တစ်သက်လုံးရင်းနှီးကျွမ်းဝင်ဆုံးဖြစ်ခဲ့တဲ့မြေပြင်က physical fandom အပြင် ခေတ်သစ်ရဲ့မရှိမဖြစ် virtual fandomကိုပါစတင်အသက်သွင်းခွင့်ရတာက ဖြူဖြူ့ကိုအဆိုတော်အသစ်တစ် ယောက်လိုအနုပညာ ခွန်အားအပြည့်နဲ့အသစ်တစ်ဖန်ပြန်လည်လန်းဆန်းတက်ကြွစေခဲ့တယ်" လို့ သူက ဆိုပါတယ်။ 

ဖြူဖြူကျော်သိန်းဟာ Covid ကာလအတွင်းမှာလည်း သူမရဲ့ Single Song အဖြစ် ဖြူဖြူ ၊ နင်မရှိပဲ ၊ ထွက်သွားပါတော့၊ Private Dating စတဲ့ သီချင်းတွေ ထွက်ရှိခဲ့ပါသေးတယ်။ ဂီတသက်တမ်း (၁၇) နှစ်ပြည့် အမှတ်တရအနေနဲ့ အနှစ်နှစ်အလလ ကြိုးစားခဲ့ရတဲ့ အခွေလေးဖြစ်တဲ့ အဆိုတော် Cobra နဲ့ စုံတွဲအခွေလေး “ သဝန်တိုတာ အရမ်းချစ်လို့” ဆိုတဲ့ Album လေး ထွက်ရှိခဲ့ပါတယ်။ အဲဒီနောက် online music platforms တွေမှာလည်း ဒီသီချင်းလေးကို ပရိသတ်တွေ နားဆင်လို့ရအောင် တင်ပေးထားတာကိုလည်း တွေ့ရပါတယ်။ 

Photo: Phyu Phyu Kyaw Thein

ဂီတသက်တမ်း(၁၇) နှစ်အတွင်းမှာ သူမကိုယ်တိုင် ရင့်ကျက်ပြောင်းလဲလာခဲ့တာတွေလည်း ရှိတယ်လို့ သိရပါတယ်။ ပရိသတ်ရဲ့ အချစ်တွေကိုလည်း တစ်နှစ်ထက် တစ်နှစ် ပိုပြီးတော့ ပိုင်ဆိုင်ခွင့် ရလာခဲ့တယ်လို့လည်း သူက ဆိုပါတယ်။ 

"ဖြူဖြူ့ဘဝမှာတစ်ခါမှမဖြစ်ဖူးတဲ့ကိုယ်တိုင်ရေးကိုယ်တိုင်ဆိုအခွေတစ်ခုမွေးဖွားဖို့ကိုယ်ပိုင်သံစဉ်သီချင်းသစ်တွေလည်းတစ်ခွေစာရေးနိုင်လာခဲ့တယ်။ အသက်အရွယ်ကပေးတဲ့ဉာဏ်ပညာနဲ့ရင့်ကျက်မှုတွေအပြင်...ကျန်းမာပျော်ရွှင်နုပျိုလှပယုံကြည်မှုပြည့်ဝနေဖို့အကျင့်ကောင်း၊စနစ်ကောင်း၊နည်းလမ်းကောင်း၊အတွေးကောင်းတွေကိုလည်းအခက်အခဲရင်ကွဲမှုတွေကြားကရခဲ့ပြန်တယ်။ ဖြူဖြူ့ဘဝမှာတစ်ခါမှမရဖူးတဲ့၊ တစ်ခါမှမမျှော်လင့်ဖူးတဲ့၊ ချစ်သူကတောင်မလုပ်ပေးနိုင်ဖူးတဲ့ လက်ဆောင်တွေရတယ်။ အဲ့ဒီလက်ဆောင်တွေကလူတွေထင်သလိုပိုက်ဆံတန်ဖိုးကြီးတဲ့လက်ဆောင်တွေမဟုတ်ဘူး။ အချစ်တွေ၊မေတ္တာတွေ၊တန်ဖိုးထားမှုတွေ၊နားလည်မှုတွေ၊ယုံကြည်မှုတွေကနေဖြစ်လာတဲ့ကရိကထခံလုပ်ဆောင်ပေးမှုတွေကနေပေါ်ထွက်လာတဲ့လက်ဆောင်လေးတွေ(ဒီအကြောင်းက post တစ်ခုသက်သက်တင်ရဦးမှာ )ဒီနှစ်ပိုပျော်တယ်။ ဒီနှစ်ပိုပြည့်စုံတယ်လို့ခံစားရတယ်။ အဲ့ဒီအတွက်အရာအားလုံးကိုကျေးဇူးတင်ပါတယ်။ ပိုလည်းကြိုးစားနေပါ့မယ်ချစ်တဲ့ ဖြူဖြူ" ဆိုပြီးတော့လည်း ဆက်လက် ရေးသားခဲ့ပါတယ်။

Photo: Dior

“တတိယမြောက် ရည်းစားစကားနိဒါန်း” ဆိုတဲ့ သီချင်းကို အဆိုတော် ဘိုဘိုဟန်ရဲ့ ဂီတဖျော်ဖြေပွဲမှာ စပြီး သီဆိုခဲ့ချိန်က ပရိသတ်တွေ စတင်သိရှိခဲ့တဲ့ ဖြူဖြူကျော်သိန်း ဟာ အခုချိန်မှာတော့ ဂီတလောကမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ အဆိုတော် တစ်ယောက်ဖြစ်လို့လာပါပြီ။ ဖြူဖြူကျော်သိန်း(Phyu Phyu Kyaw Thein)ဟာ ဂီတလောကကို စတင်ဝင်ရောက်လာကတည်းက ဆန်းသစ်တဲ့ ဖက်ရှင်များ၊ အသံပါဝါကောင်းကောင်းနဲ့ ချိုသာသော အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီး အဆိုတော် တစ်ယောက်ပါ။ တစ်ကိုယ်တော်အခွေတွေလည်း အများကြီး ထွက်ရှိထားတာ ဖြစ်သလို တစ်ကိုယ်တော် ဖျော်ဖြေပွဲတွေလည်း လုပ်ခဲ့ဖူးသူ တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က