သြဂုတ်လ ကတော့ သူမအတွက် အမှတ်တရတွေ များတဲ့ လလေးပါတဲ့။

ဂီတလောကမှာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ အဆိုတော် နီနီခင်ဇော်ကတော့ အခုဆိုရင် သူမရဲ့ အနုပညာသက်တမ်း(၁၂) နှစ်ပြည့်ခဲ့ပြီလို့ဆိုပါတယ်။ 

Photo: Dior



နီနီခင်ဇော်ကတော့ သူမရဲ့ မွေးလလေးဖြစ်တဲ့ သြဂုတ်လ ဟာ မမေ့နိုင်စရာ အမှတ်တရလေးတွေ ရှိတယ်လို့ ဆိုပါတယ်။ သူမရဲ့ ဂီတလှုပ်ရှားမှုတွေကို စတင်ခဲ့တဲ့ လကလည်း သြဂုတ်လ ဖြစ်တဲ့ အကြောင်း ပြောပြလာပါတယ်။ 

" မွေးနေ့လ ဆိုတော့ ဘဝ အမှတ်တရလေးတွေ တူးဆွခွင့်ပြုပါ။ အနုပညာလမ်းလျှောက်ဖို့ ပထမဆုံးလမ်းစ၊ ခွန်အား ယနေ့အထိ အသစ်တစ်ယောက်လိုစိတ်ထားပြီး သင်ယူနေဆဲ ကြိုးစားနေမြဲသူတစ်ယောက်ပါ။ မပြီးပြည့်စုံသေးတဲ့ ရည်မှန်းချက်တွေ၊ မျှော်လင့်ချက်တွေ၊ အိပ်မက် အတွက် ကျွန်မက အမြဲ ပြိုင်ပွဲဝင်ကောင်းတစ်ယောက်ပါပဲ။ #MelodyWorld #2008 အနုပညာသက် ၁၂ နှစ် အမှတ်တရ" ဆိုပြီးတော့ သြဂုတ်လ (၁၃) ရက်နေ့ ည (၇) နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးခဲ့တာ ဖြစ်ပါတယ်။ 

Photo: Ni Ni Khin Zaw

Melody World 2008 ခုနှစ် သီချင်းဆို ပြိုင်ပွဲကနေ တဆင့် မြန်မာပြည်ရဲ့ဂီတလောကတွင် ထင်ရှားလာပြီး နိုင်ငံတကာထိ ထင်ရှားကျော်ကြားသော ဂီတပညာရှင် တစ်ဦးအဖြစ် Best in Music ဆိုတဲ့ ခေါင်းစဉ်အောက်က Myanmar’s Pride Award 2019 ဆုကိုလည်း နီနီခင်ဇော်က ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ သူမဟာ ဂီတနဲ့ ပတ်သက်ပြီး ပြည်တွင်းမှာ ရရှိထားတဲ့ ဆုတွေနဲ့ ပြည်ပက ချီးမြှင့်ထားတဲ့ ဆုတွေ အပါအဝင် ဆု စုစုပေါင်း (၁၃) ဆု ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ 

Photo: KMA

ဂီတဘက်မှာ ထူးချွန်ပေမယ့် သရုပ်ဆောင်အလုပ်ကိုလည်း ဝါသနာပါသူဖြစ်တာကြောင့် "အိပ်မက်ကာရန်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ နီနီခင်ဇော် က အကယ်ဒမီနေတိုးအတူ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဒီဇာတ်ကားဟာ သူမကိုယ်တိုင် ရေးထားတဲ့ ဇာတ်လမ်းလေးဖြစ်တယ်လို့လည်း Duwun ကို ဖြေဆိုခဲ့ဖူးပါတယ်။ နီနီခင်ဇော်ဟာ အချစ်သီချင်းပေါင်းများစွာနဲ့ အောင်မြင်ခဲ့တဲ့အဆိုတော် တစ်ဦးဖြစ်သလို ‘’ဂယ်ဘဲ ဂယ်ဘဲ’’၊ ‘’Super Red’’ ၊ ‘’U’’ စတဲ့ အခွေတွေ ထွက်ရှိပြီး အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ထားတဲ့ အဆိုတော်တစ်ယောက်ပါ။ သူမက Covid ကာလမှာလည်း ပရဟိတအလှူအတွက် အွန်လိုင်းပေါ်ကနေ ဂီတဖျော်ဖြေပွဲ လုပ်ခဲ့ပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က