၄ ခွေမြောက် တစ်ကိုယ်တော်အခွေထွက်ပါမယ်။
Sabal Thwin

မိစန္ဒီက သူ့ရဲ့ ၄ ခွေမြောက် တစ်ကိုယ်တော်အခွေကို ဂီတသက်တမ်း ၁၀ နှစ်ပြည့်တဲ့နေ့မှာ ပရိသတ်တွေနဲ့ မိတ်ဆက်ပေးမယ်လို့ ဆိုပါတယ်။

Photo: Sue Kxit

အဆိုတော် မိစန္ဒီက ဂီတသက်တမ်း ၁၀ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ ဒီ့အတွက် သူမရဲ့ ပရိသတ်တွေကိုတော့ အကောင်းဆုံးပုံဖော်ထားတဲ့ တစ်ကိုယ်တော် အခွေအသစ်လေးနဲ့ မိတ်ဆက်ပေးမယ်လို့ ဆိုပါတယ်။

‘’ဂီတသက်တမ်း ၁၀ နှစ်ပြည့်မှာ ၄ ခုမြောက် Album ထွက်မယ်။ My Story မှာ တင်ထားတဲ့ ပုံ လေးပုံ ထွက်မှာက ၄ ခုမြောက် Album ပြီးတော့ နောက်ဆုံးဖြေခွင့်ရမယ့် အချိန်က ၄ ရက်နေ့ ၆ နာရီ။ Comprtition MV မထွက်ခင် အရင်က သီချင်းတွေအကြောင်း ပြန်တင်ရတာ ၇ ပုံ၊ အဖြေကြော်ငြာမယ့် ရက်က ၇ ရက်နေ့။ MV ထွက်ပြီး Story မှာ ပြန်တင်တော့လည်း ပုံတစ်ပုံချင်းစီက Album တစ်ခုကို ကိုယ်စားပြုတယ်။ မိုနိုပိုလီ၊ ပစ်တိုင်းထောင်၊ အသဲလေး ဆိုပြီးတော့ ပြတယ်။ ပြောချင်တာက အသဲလေးကို အသဲလေး သီချင်းက အချစ်သီချင်း အမြူးလေးလေ။ချစ်ခါစ ကြင်နာခါစ သီချင်းလေးကို ဘာလို့ အသဲက ကွဲပြထားတာလဲ? အသဲလေး Album ထဲက နှလုံးသားလေးကို သနားတယ် ဆိုတဲ့ Side Track ကို ကိုယ်စားပြုတာလား။ နောက်ထွက်မှာနဲ့ ဆက်စပ်တာလား။ ပြီးတော့ အဲဒီ ၃ ခုထဲကို ဘာလို့ အနီခံထားတာလဲ။ #MisandiEvolves ဆိုတဲ့အတိုင်း အရင်က ဟာတွေထက် ပိုမိုက်မှာတော့ သေချာတယ်။ ဒါတွေက သက်သက်တွေးကြည့်တာပါ။ တကယ့်အဖြေကတော့ MV ထဲက တစ်နေရာမှာပဲ ရှိနေမှာပါ’’ ဆိုပြီးတော့ သူ့ရဲ့ Facebook Story မှာ ဇူလိုင်လ ၅ ရက်နေ့ နေ့လယ် ၁၁ နာရီက တင်ခဲ့တာ တွေ့ရပါတယ်။

Photo: Mi Sandi

မိစန္ဒီဟာ ဂီတလမ်းကြောင်းပေါ်မှာ ၁၀ စုနှစ်ကျော်ကြာပြီဖြစ်ပြီး ဒီနေ့အချိန်ထိ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေသူ တစ်ယောက်ဖြစ်ပါတယ်။ ဒီလို အောင်မြင်မှုတွေ နောက်ကွယ်က ဘဝအကြောင်းတွေကိုလည်း သီဆိုထားပါသေးတယ်တဲ့။

‘’ မိစန္ဒီရဲ့ ဘဝအကြောင်းတွေပါတယ်။ ပြီးတော့ စိတ်ညစ်ပြီးတော့ ရပ်တန့်သွားချင်တဲ့ အချိန်တွေရှိတယ်။ ဒါပေမယ့် ဆက်လျှောက်နေသေးတယ် ဆိုတဲ့ အကြောင်းအရာတွေပါမယ်။ လူတိုင်းကတော့ စိတ်ညစ်တာပဲ ဒါပေမယ့် ပရိသတ်တွေကို အချစ် သီချင်းကြီးပဲ ပေးနေရတာ မပေးချင်ဘူး။ မိစန္ဒီလည်း အသက်ကြီးလာပြီဆိုတော့ ကိုယ့်ရဲ့ ရင့်ကျက်မှုတွေကို ပရိသတ်တွေဆီ မျှဝေချင်တာပေါ့’’ လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

Photo: Mi Sandi

အဆိုတော် မိစန္ဒီဟာ ဂီတဘက်မှာလည်း ကြိုးစားနေသလို စီးပွားရေးဘက်မှာလည်း ကြိုးစားနေသူ ဖြစ်ပါတယ်။ MY Boo အမှတ်တံဆိပ်နဲ့ လူငယ်စတိုင် အဝတ်အထည်များကို အကန့်အသတ်များနဲ့ ရောင်းချလျက်ရှိပြီး စားသောက်ဆိုင်တစ်ခုကိုလည်း ကိုယ်တိုင်ဦးစီးပြီး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ လူငယ်တွေကြားထဲမှာ ရေပန်းစားအောင်မြင်နေတဲ့ လူငယ်အဆိုတော်မလေး မိစန္ဒီဟာ မိုလိုပိုလီ၊ ပစ်တိုင်းထောင်၊ အသဲလေး စတဲ့ တေးစီးရီးတွေ ထွက်ရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။


က္က