အဆိုတော် မိုးမိုးရေးထားတဲ့ စာသားလေးကို ပြန်ရှဲရင်း ပြောထားတာပါ။

သားစိုးက အဆိုုတော် မိုးမိုးရေးသားထားတဲ့ စာသားလေးကို သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ပြန် Share ရင်း သူ့ရဲ့ ခံစားချက်လေးကို ပြောထားတာပါ။ အဆိုတော် သားစိုးက “စွန့်ခွာသင့်ပြီဖြစ်သော ဂီတနယ်မြေ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားတာပါ။

Photo : သားစိုး

သားစိုးက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဂီတနယ်မြေက စွန့်ခွာသင့်ပြီဆိုတဲ့ စာသားလေးကို ရေးပြီး မတ်လ(၁၂) ရက်နေ့က တင်ထားပါတယ်။သားစိုးက အဆိုတော် မိုးမိုးရေးထားတဲ့ စာသားလေးကို ပြန်ရှဲပြီး သူ့ရဲ့ ခံစားချက်ကို ပြောထားတာပါ။ အဆိုတော် မိုးမိုးက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ အဆိုတော်တွေရဲ့ အဓိက ဝင်ငွေလမ်းကြောင်းတွေနဲ့ ပတ်သက်လို့ ပြောထားတာ ဖြစ်ပါတယ်။

Photo : သားစိုး

အဆိုတော်တွေဟာ အခွေထုတ်တာ၊ စတိတ်ရှိုးပွဲ၊ သင်္ကြန်၊ TV နဲ့ online Payment တို့နဲ့ ရပ်တည်နေရတာဆိုပြီး ပြောထားတာပါ။

ခွေထုတ်တာကတော့ ခိုးကူးနဲ့ online ကနေအခမဲ့ကူးယူနေကြခြင်းတို့ကြောင့်ဘုန်းဘုန်းလဲခဲ့ရပြီး၊ စတိတ်ရှိုးများကတော့ တိုင်းပြည်လုံခြုံရေးအခြေအနေ နဲ့ ပြည်သူတို့ရဲ့ဝင်ငွေနည်းပါးမှုကြောင့်အခကြေးငွေ ပေးကြည့်ရသည့်အရည်အသွေးပြည့်ဝသောပွဲများ အားလုံးနီးပါး လဲပြိုခဲ့ရပြီး အနုပညာဝါသနာပါသော/နီးစပ်သောလုပ်ငန်းရှင်တစ်ချို့ကြောင့်သာ အခမဲ့ပွဲများ ကြိုးကြားကြိုးကြား ရပ်တည်နေရပါတယ်။သင်္ကြန်ဟာလဲ ဘာမှန်းမသိတဲ့ ဘာကြောင့်မှန်းမသိတဲ့ အပြောင်းအလဲများကြောင့်နှစ်စဉ် လူသောင်းချီကြည့်ခွင့်ရတဲ့ သင်္ကြန် စတိတ်ရှိုးများလဲ တဖြည်းဖြည်း ပျောက်လုနီးပါး ဖြစ်နေပါပြီ(Private သင်္ကြန်ပါတီတွေကတော့ အလွန်တိုးတက်စည်ကားလာပါတယ်)။ TV,Fm နဲ့ online payment ကတော့ မဖွံဖြိုးသေးပါ TV နဲ့ Fm ပြည်တွင်း media များကလဲ လစဉ် စုစုပေါင်း သောင်းဂဏန်းသာ ပေးနိုင်ပါတယ် Online payment ကတော့ ဖွံဖြိုးတဲ့နိုင်ငံတွေကသစ္စာဖောက်မြန်မာတွေက ကျွန်တော်တို့ဆီက ဝင်ငွေတွေကို ဒေါ်လာသိန်းချီခိုးနေကြပါတယ်” ဆိုပြီး အဆိုတော် မိုးမိုးက ရေးသာထားတာပါ။

အနုပညာလှုပ်ရှားမှုတွေ သိပ်မတွေ့ရတော့တဲ့ သားစိုးဟာ ကိုယ်ပိုင်စားသောက်ကုန်လုပ်ငန်းဖြစ်တဲ့ ရောသမနှပ် လက်ဖက်လုပ်ငန်းကို ဦးဆောင်နေရပြီဖြစ် ပါတယ်။ အဲ့ဒါအပြင် သားစိုးတို့ ဇနီးမောင်နှံရဲ့ ပထမအကြိမ် ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ ရွှေပိုးနန်းတော် ဆိုတဲ့ ပိုးထည်ဆိုင်ကြီးကလည်း အောင်မြင်မှုရရှိ ထားပါတယ်။ မြန်မာမုန့်တွေထုတ်ဖို့လည်း ပြင်ဆင်နေတယ်လို့ အင်တာဗျူးတွေ တော်တော်များများမှာ ဖြေဆိုဖူးပါတယ်။



က္က