သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကို ပြောပြလာပါတယ်။

မိုရီဆာကီဝင်းကတော့ ဂျပန်နိုင်ငံမှာ ပြုလုပ်နေတဲ့ သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေ အကြောင်းကို အခုလို ပြောပြလာပါတယ်။ 

Photo: JICA



မိုရီဆာကီဝင်းကတော့ ဂျပန်နိုင်ငံမှာ ရုပ်သံဇာတ်လမ်းတွဲတွေ၊ TV Show ရိုက်ကူးရေးတွေမှာ ပါဝင်နေတယ်လို့ ဆိုပါတယ်။ အနုပညာအလုပ်တွေ အဆက်မပြတ်လုပ်ကိုင်ရင်း သူ့ရဲ့ တစ်နေ့တာ ကို ဖြတ်သန်းဖြစ်တဲ့အကြောင်းတွေ ပြောပြလာပါတယ်။ 

"အခုဆိုရင်တော့ ကျွန်တော်က ဂျပန်နိုင်ငံမှာ ဇာတ်လမ်းတွဲတွေလည်းရိုက်ကူးနေသလို TV Show တွေမှာလည်း ပါဝင်ပြီးတော့ နေ့စဉ်ဘဝကိုဖြတ်သန်းနေပါတယ်။ ၈ လပိုင်းတုန်းကလည်း ကျွန်တော့်ရဲ့ One Man Live Show ကို ပရိသတ်တွေမပါဘဲနဲ့ Online Live Show ကို တစ်ကမ္ဘာလုံးကို ထုတ်လွှင့်ပြသခဲ့ပါတယ်။ အရင်ကလို ပရိသတ်တွေ အရှေ့မှာ ဆိုလို့ မရပေမယ့် ကျွန်တော် လုပ်စရာရှိတဲ့ အလုပ်တွေကို ပရိသတ်တွေအတွက် အစွမ်းကုန် ကြိုးစားပြီးတော့ အခုကာလကို ကျွန်တော် ဖြတ်သန်းနေပါတယ်ခင်ဗျ" ဆိုပြီးတော့ JICA Myanmar Page ကနေ စက်တင်ဘာလ(၁၆) ရက်နေ့ နေ့လယ်(၂) နာရီက ဗီဒီယိုဖိုင်နဲ့ တကွ ပြောပြခဲ့တာဖြစ်ပါတယ်။ 

Photo: JICA

မိုရီဆာကီဝင်း အနေနဲ့ JICA Myanmar Office မှာ တရားဝင်ပံ့ပိုးကူညီပေးသူအဖြစ် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ သူ့ အနေနဲ့ JICA Myanmar Office နဲ့ပူးပေါင်းပြီး ရှေ့ဆက်လုပ်ဆောင်သွားမယ့် အရာတွေကိုလည်း အခုလို ပြောပြခဲ့ပါသေးတယ်။ 

" အားလုံး မင်္ဂလာပါခင်ဗျာ။ JICA မြန်မာရုံးကို တရားဝင်ကူညီပံ့ပိုးပေးနေတဲ့ မိုရီဆာကီဝင်းပါ ခင်ဗျာ။ အားလုံးနေကောင်းကြပါရဲ့နော်။ JICA မြန်မာရုံးဆိုရင်လည်း အနာဂတ်အတွက် ဘာတွေလုပ်ဆောင်သွားနိုင်မလဲဆိုတာကို ဂရုတစိုက် စဉ်းစားပြီး အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်ဖို့ စီစဉ်နေပါတယ်ခင်ဗျာ။ မတတ်နိုင်တဲ့ အရာတွေဆိုတာ ရှေ့ဆက်ပြီးတော့ရှိနေဦးမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ လုပ်နိုင်တာတွေလည်း အများကြီးရှိပါသေးတယ်။ ဒါကြောင့် တစ်ဦးချင်းစီရဲ့ လုပ်ဆောင်နိုင်စွမ်းကို စဉ်းစားပြီးတော့ JICA ဟာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူများအတွက် ဆက်လက် ပံ့ပိုးကူညီပေးသွားမှာ ဖြစ်ပါတယ်" လို့ဆက်လက် ပြောပြလာပါတယ်။ 

Photo: JICA

အခုချိန်မှာတော့ မိုရီဆာကီဝင်းဟာ အသက်(၃၀) အရွယ်ရှိပြီဖြစ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့ အနေနဲ့ အနုပညာအလုပ်တွေကို တစ်ဦးတည်း တစိုက်မတ်မတ် ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ သူဟာ "ဇာတိမြေ" ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် မြန်မာ ပရိသတ်တွေရဲ့ အားပေးမှုကို အများကြီး ရရှိခဲ့သူဖြစ်ပါတယ်။ မြန်မာပြည်တွင်းမှာရှိတဲ့ TV Program တွေမှာလည်း ပါဝင်လာခဲ့သူတစ်ယောက်ပါ။ လက်ရှိမှာတော့ သူဟာ ဂျပန်နိုင်ငံမှာ နေထိုင်လျက်ရှိပြီး သီချင်းတွေ သီဆိုနေတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က