ချစ်စရာကောင်းတဲ့ သားအမိလေး။

မေမေ ချစ်သက်နဲ့ မီးမီးလေး လဝန်းတို့နှစ်ယောက်ကတော့ Hair Style လေး အတူတူဖြစ်သွားပါပြီ။ အသက် ၂ နှစ်ကျော်အရွယ် လဝန်းလေးကလည်း တစ်နေ့တခြား ချစ်စရာကောင်းလာတာကို တွေ့ရပါတယ်။

Photo: Thet Mon Myint

သက်မွန်မြင့်က သမီးလေးလဝန်းနဲ့ ဆံပင်ပုံစံလေး ဆင်တူဖြစ်သွားပါပြီ။ ချစ်စရာကောင်းကြတဲ့ ဒီသားအမိ နှစ်ယောက်ကိုတော့ ပရိသတ်တွေက ချစ်လို့မဝအောင်ပါပဲတဲ့။

‘’သူ့ကိုယ်ဝန်တုန်းက တစ်ခါ ခုတစ်ခါ ကေတူ’’ ဆိုပြီးတော့ ဧပြီလ ၂၃ ရက်နေ့ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ သက်မွန်မြင့်ရဲ့ သမီးငယ်လေး လဝန်းမေက အခုဆိုရင် ၂ နှစ်ကျော်အရွယ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ အရမ်းကို လည်လွန်းတတ်လွန်းတဲ့အကြောင်းကိုလည်း မေမေ သက်မွန်က မကြာခဏဖေ့စ်ဘွတ်ပေါ်မှာ ရေးသားလေ့ရှိပါတယ်။

Photo: Thet MOn Myint

သက်မွန်မြင့်ရဲ့သမီးငယ်လေး လဝန်းမေက အခုဆိုရင် စကားပြောတတ်နေပြီလို့ သိရပါတယ်။ သမီးလေး စကားစပြောတတ်တဲ့ အချိန်တုန်း က အမှတ်တရတွေ၊ မေမေ လို့ခေါ်ပြီး သူ့ကိုလည်း စနောက်တတ် တဲ့ အကျင့်လေးတွေကိုလည်း Duwun Media အင်တာဗျူးမှာ ပြောပြခဲ့ဖူးပါတယ်။

'' ဒိုင်း ဆိုပြီးတော့ သေနတ်ပစ်တာပေါ့။ အစ်ကိုတွေနဲ့ ဆော့နေရင် သေနတ်ပစ်ဆိုတော့ ဒိုင်း အဲ့ဒါစစချင်းပြောတာ။ ဒိုင်း လို့ ပြောပြီးတော့ မေမေ လို့ စခေါ်တယ်။ မေမေလို့ စခေါ်ကတည်းက ဒီကောင်မလေးက နည်းနည်း မျက်နှာပြောင်တယ်။ သူများကို သိပ်စတတ်တယ်။ မေမေ ခေါ်တာတောင်မှ မေမေလို့ ခေါ်ပြီး ပုန်းသွားလိုက်ပေါ့ အဲ့ဒီလို အမှတ်တရလေးတော့ ရှိတယ်'' လို့ ဆိုပါတယ်။

Photo: Thet Mon Myint

သားကြီးဖြစ်တဲ့ အားချစ်ကတော့ အခုဆိုရင် မူကြိုတက်နေပြီဖြစ်ပါတယ်။ လိမ္မာရေးခြားရှိလွန်းပြီး အားလည်း အားကိုးနေရပြီလို့သက်မွန်မြင့်က Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ မေမေသက်မွန် နေမကောင်းတဲ့ အချိန်တုန်းကလည်း ညီမငယ်လေး လဝန်းမေရဲ့ ဝေရာဝစ္စတွေကို လိုက်လုပ်ပေးတယ်လို့ သိရပါတယ်။

Photo: Thet Mon Myint

သက်မွန်မြင့်ဟာ လက်ရှိမှာ မိသားစုကို အချိန်ပေးရင်း သူမချစ်တဲ့အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပါတယ်။အကယ်ဒမီ သက်မွန် ကတော့၂၀၁၄ခုနှစ် ဖေဖော်ဝါရီ(၁၄) ရက်နေ့က ခင်ပွန်းဖြစ်သူ ကိုစစ်နိုင်နဲ့ လက်ထပ်ခဲ့ပြီး အခုဆိုရင် သားလေးအားချစ်နဲ့ သမီးလေး လဝန်းမေတို့နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ 



က္က