ဇွဲမလျှော့စေချင်ပါဘူးတဲ့။

ပရိသတ်အားပေးမှု များစွာရရှိလာပြီဖြစ်တဲ့ Hazel ကို နီနီခင်ဇော်က ဂီတနဲ့ ပတ်သက်ပြီး ဇွဲမလျှော့စေချင်ဘူးလို့ဆိုပါတယ်။ သူမကိုယ်တိုင်ကလည်း ပြိုင်ပွဲဝင် တစ်ယောက်အဖြစ်ကနေ ဂီတလမ်းကြောင်းအပေါ် ရောက်ရှိလာသူ တစ်ယောက်ပါ။

Photo: Ni NI Khin Zaw



နီနီခင်ဇော်က The Voice Myanmar ပြိုင်ပွဲဝင်ခဲ့တဲ့ Hazel အတွက် အားပေးစကားပြောခဲ့ပါတယ်။ Hazel ကိုလည်း အားမလျှော့စေချင်တဲ့ သူမရဲ့ ဆန္ဒကိုလည်း အခုလို ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။

‘’ ပြိုင်ပွဲလေးတခုမှာ ခွန်အားတွေပေးရင်း ဖြတ်သန်းခွင့်ရတယ်။ နီနီ ၁၀ နှစ်ကျော်က ပြိုင်ပွဲဝင်ဘဝ ကိုပြန်ရောက်သလိုပါပဲ။  နောက်ဆုံးကျန်တဲ့ ဒီညီမက အဖွဲ့အတွက်ကြိုးစားခဲ့ပေါ့။ မျိုးဆက်သစ်တွေ လက်ကမ်းကြိုဆိုပေးရင်း ထူးခြားတဲ့ အမျိုးသားအဆိုတော်တွေအပြင် အမျိုးသမီး အဆိုရှင်တွေ လည်းပေါ်ပေါက်စေချင်တယ်။ အားကုန်သုံးလို့ပျံသန်းကြပါ မုန်တိုင်းတွေကြား အားမလျော့စေချင်။ #thevoicemyanmar #season2 #Hazel’’ ဆိုပြီးတော့ ဇွန်လ ၁၈ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Amazing Grace

Hazel ဟာ The Voice Myanmar Season 2 ရဲ့ အဆိုပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပါတယ်။ ဇွန်လ ၁၆ ရက်နေ့ ညက The Voice Myanmar Final ပွဲကြီးမှာ ‘’တစ်ကျော့ နှစ်ကျော့ တေးကိုသီ’’ သီချင်းနဲ့ ပရိသတ်အားပေးမှု တစ်ခဲနက် ရရှိခဲ့သူပါ။ ဒါပေမယ့် သူမဟာ Final ပွဲအထိ တက်လှမ်းလာခဲ့ပေမယ့် ပရိသတ်မျှော်လင့်ထားခဲ့သလို Winner ဆုကို မရရှိခဲ့ပါဘူး။

Photo: Amazing Grace

သူမရဲ့ အသက်ကတော့ ၂၅ နှစ်ရှိပါပြီ။ မန္တလေးကနေ လာရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်တစ်ဦးပါ။ သူမဟာ ဒီပြိုင်ပွဲကို မပြိုင်ခင်ကတည်းက ဝါသနာရှင်တစ်ယောက်အနေနဲ့ သီချင်းတွေ သီဆိုဖြစ်နေတယ်လို့ သိရပါတယ်။ သူမရဲ့ ပရိသတ်တွေကတော့ ဂီတလမ်းကြောင်း ပေါ်မှာ သီချင်းတွေ ဆက်ဆိုစေချင်တယ်လို့ ဆိုပါတယ်။

Photo: Amazing Grace

နီနီခင်ဇော်ဟာ Melody World သီချင်းဆို ပြိုင်ပွဲကနေ စပြီး ဂီတလောကထဲကိုဝင်ရောက်လာ တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ် အားပေးမှု များစွာကို ပိုင်ဆိုင်ထားတဲ့အဆိုတော်တစ် ယောက်ဖြစ်လို့နေပါပြီ။ ဂီတအလုပ်တွေမှာလည်း အောင်မြင်မှုရရှိထားသလိုသူ့ရဲ့ ကိုယ်ပိုင် အလှကုန်ပစ္စည်းဖြစ်တဲ့ Super Red ကလည်း အောင်မြင်လျက်ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က