အပြည်ပြည်ဆိုင်ရာ ကျောက်ကပ်နေ့မှာ ပြုလုပ်ခဲ့တာပါ။

အပြည်ပြည်ဆိုင်ရာ ကျောက်ကပ်နေ့မှာတော့ သားစိုးနဲ့ သားဖြစ်သူ ထက်အာကာစိုးတို့ဟာ အလှူတွေလုပ်ခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိမှာတော့ သားစိုးက ဂီတအလုပ်တွေထက် စီးပွားရေးကို အဓိက လုပ်နေသူပါ။

Photo: Thax Soe



အဆိုတော်သားစိုးနဲ့ သားဖြစ်သူ ထက်အာကာစိုး(ခ) ပန်းသီးတို့ဟာ အပြည်ပြည်ဆိုင်ရာကျောက်ကပ်နေ့မှာ အလှူအတန်းတွေ ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။ ဒီအလှူကိုတော့ ဟယ်လ်ပင်ကလေးဆေးရုံမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

‘’မနေ့က အလှူပါ။ ရန်ကုန်မြို့ ဟယ်လ်ပင် ဆေးရုံကအပြည်ပြည်ဆိုင်ရာ ကျောက်ကပ်နေ့မှာ နေ့လယ်စာအဖြစ် လှူဒါန်းခဲ့ပါတယ်’’ဆိုပြီးတော့ မတ်လ ၁၅ ရက်နေ့ ညနေ ၃ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် ဒီအလှူမှာပဲ သားလေး ပန်းသီးနဲ့အတူ သီချင်းတွေ သီဆိုဖျော်ဖြေခဲ့တာကို တွေ့ရပါတယ်။

Photo: Thax Soe

သားစိုးက လက်ရှိမှာ အနုပညာအလုပ်ထက် စီးပွားရေးဘက်ကို ပိုပြီးဦးစားပေးနေရသူဖြစ်ပါတယ်။ ဂီတနဲ့ပတ်သက်ပြီးတော့လည်းသားဖြစ်သူ ထက်အာကာစိုးရဲ့ တစ်ကိုယ်တော်အခွေအတွက် ပြင်ဆင်ပေးနေတယ်လို့လည်း သိရပါတယ်။ သူဟာ ‘’ရွှေပိုးနန်းတော်’’ပိုးထည်ဆိုင်နဲ့ ရောသမနှပ် လက်ဖက်လုပ်ငန်း၊ မြန်မာမုန့်လုပ်ငန်းတွေကိုလည်း ဦးစီးနေရသူဖြစ်ပါတယ်။
Photo: Thax Soe
ားစိုးဟာ ဖေဖော်ဝါရီလ အတွင်းက ဒုတိယမြောက်ရင်သွေးလေးဖြစ်တဲ့ သမီးငယ်လေး ‘’ပန်းကလေး’’ကို ပိုင်ဆိုင်ခွင့်ရထားတဲ့ ဖခင်တစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူချစ်ရတဲ့ ဇနီးမထက်ထက်ခိုင် နဲ့အတူ သားကြီး ပန်းသီးနဲ့ သမီးငယ် ပန်းကလေးတို့နဲ့အတူ သာယာအေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူတစ်ဦးပါ။

Photo: Thax Soe

ားစိုးကိုတော့ ရောသမမွှေ သီချင်းနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲဒီနောက်မှာတော့ ‘’အာလူး သာကူး နှာဘူး ဂန်ဒူး’’ ၊’’ရောလို့ သမလို့ မွှေတဲ့ည’’ ၊ ‘’သားစိုး၏ ရောသမမွှေ သီချင်းများ’’ ၊ ‘’ ရောသမထပ်မွှေ’’ စတဲ့ တစ်ကိုယ်တော်အခွေတွေလည်း ထွက်ရှိခဲ့ပါတယ်။ သူ့ရဲ့ သီချင်းတိုင်းအလိုလိုကတော့ လူငယ်တွေရော၊ ကလေးတွေပါ ကြိုက်နှစ်သက်ကြတာ တွေ့ရပါတယ်။ တစ်နှစ်တစ်ခါ ကျရောက်တဲ့ သင်္ကြန်တိုင်းကလည်း သားစိုးရဲ့ သီချင်းတွေ မပါရင် မဖြစ်သလိုပါပဲ။ 


ဆက်စပ်အကြောင်းအရာများ



က္က