Best TV Series Actor Award ဆုကို ဒေါင်းက ရရှိခဲ့သူပါ။

ဒေါင်းဟာ ပုဂံမြို့သူ ရုပ်သံဇာတ်လမ်းတွဲနဲ့ Best TV Series Actor Award ဆု ရရှိခဲ့တာကြောင့် ဒါရိုက်တာ ဦးကျော်သူကို ကျေးဇူးတင်စကားဆိုလာပါတယ်။ ဆုတက်ယူပေးသူ အကယ်ဒမီများရှင် သရုပ်ဆောင်ရန်အောင်ကိုလည်း ကျေးဇူးတင်စကား ဆိုထားပါသေးတယ်။

သရုပ်ဆောင် ဒေါင်းဟာ ‘’ ပုဂံမြို့သူ’’ရုပ်သံဇာတ်လမ်းတွဲနဲ့ Best TV Series Actor Award ဆုကို ရရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ သူ့အတွက် ပထမဦးဆုံး ရုပ်သံဇာတ်လမ်းတွဲဖြစ်ပါတယ်။ ဒါကြောင့် ပုဂံမြို့သူရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးတဲ့ ဦးကျော်သူကို ကျေးဇူးတင်စကားပြောလာပါတယ်။

’အရမ်းကျေးဇူးတင်ပါတယ် ခင်ဗျာ။ အကြောင်းအမျိုးမျိုးကြောင့် ဆုတက်မယူဖြစ်ခဲ့တဲ့အတွက် အားလုံးကိုတောင်းပန်ပါတယ်။ အရင်ဆုံး အဖေလိုချစ်ရတဲ့ ဦးကျော်သူ(ဦးမောင်)ကို အရမ်းလေးစားပါတယ်။ ကျေးဇူးတင်ပါတယ်။ ဘာကြောင့် ကျေးဇူးတင်သင့်လည်း ကျွန်တော်အသိဆုံးပါ ဦးမောင်ရဲ့ဇာတ်လမ်းတွဲတွေအတွက်ဖြစ်စေချင်တဲ့ဆန္ဒကို ကျွန်တော်အသိဆုံးပါ။ အားလုံးအတွက်အရမ်း ကျေးဇူးတင်ပါတယ် ဦးမောင်၊ ပြီးတော့ Taurus V production အဖွဲ့သားအားလုံး ကိုသားကြီး,မရွှေယံ ကျေးဇူးတင်ပါတယ်။ ဒီဆုတွေကိုဖြစ်မြောက်အောင်ကြိုးစားခဲ့ကြတဲ့ Star Awards အဖွဲ့သားတွေအားလုံးကိုကျေးဇူးတင်ပါတယ်။ ဆုရမယ်လို့ မထင်ခဲ့တဲ့အတွက်လည်း အံ့သြမိပါတယ်’’ လို့ သူကဆိုပါတယ်။ 


Photo: Daung

အဲဒီနောက် သူ့ကိုယ်စား ဆုတက်ယူပေးခဲ့တဲ့ သရုပ်ဆောင် အကယ်ဒမီများရှင် ရန်အောင်ကိုလည်း ဒေါင်းက ကျေးဇူးတင်စကားပြောခဲ့ပါသေးတယ်။ သူ့အတွက် ချီးကျူးစကားတွေ ပြောပေးခဲ့လို့လည်း ဝမ်းသာပီတိဖြစ်မိတယ်ဆိုတာကို ဒေါင်းရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဧပြီလ ၅ ရက်နေ့ ည ၁၁ နာရီ ၂၈ မိနစ်က ရေးသားထားတာ တွေ့ရပါတယ်။

‘’အထူးကျေးဇူးတင်သင့်တဲ့ သူတစ်ယောက်ရှိပါတယ်။ အစ်ကိုလို ချစ်ခင်ရတဲ့ ကိုရန်လေး(ဦးရန်အောင်) ကိုယ်စားတက်ယူဂုဏ်ပြုပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ် ဆိုတာထက် ပိုလေးနက်တာရှိရင်ပြောချင်ပါ တယ်၊ လေးစားမိပါတယ်၊ ဂုဏ်ယူမိပါတယ်၊ စင်ပေါ်မှာရော စင်နောက်က အင်တာဗျူးတွေမှာပါ ကျွန်တော်ကိုမြင်တဲ့အတိုင်း အကောင်းဆုံး ချီးကျူးစကားဆိုပေးခဲ့တဲ့အတွက် အတိုင်းမသိ ပါပဲ ကျေးဇူးအရမ်းတင်ပါတယ် ခင်ဗျာ။ ဒီဆုနဲ့ပက်သက်ပြီး ကျေးဇူးတင်သင့်တဲ့လူတွေ ကျန်ခဲ့ရင်လဲခွင့်လွှတ်ပါ’’ လို့လည်း ဆက်လက်ရေးသားခဲ့ပါသေးတယ်။


Photo: Daung

ဧြပီလ ၅ ရက်နေ့ ညက သုဝဏ္ဏဘူမိ Event Park မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Star Awards ဆုပေးပွဲမှာ စုစုပေါင်း(၂၁)ဆု ချီးမြင့်ခဲ့တာ တွေ့ရပါတယ်။ ဒီဆုတွေ ထဲမှာတော့ Honourable Awards ဆု ၁ ဆု၊ Series Awards ဆု ၅ ဆု၊ Fashion ward ဆု ၃ ဆု၊ Movie Awards ဆု ၁၂ ဆု တို့ကို ချီးမြင့်ခဲ့တာဖြစ်ပါတယ်။

သရုပ်ဆောင် ဒေါင်း(Daung) ကတော့ လက်ရှိ ရုံတင်ပြသနေတဲ့ လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒေါင်းကိုတော့ မိန်းကလေးပရိသတ်အများဆုံး အားပေးကြတာကို တွေ့ရပါတယ်။ သူ့အနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေသာမက ရုပ်သံဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေရတာကို တွေ့ရပါတယ်။



က္က