ရန်အောင်ကလည်း Best TV Series Actor Awardဆုကို ဒေါင်းဆီ ပြန်လည်ပေးအပ်ခဲ့ပါတယ်။

ဒေါင်းကိုတော့ အကယ်ဒမီများရှင်ရန်အောင်က သူ့ကိုယ်စား တက်ရောက်ယူပေးထားခဲ့တဲ့ Best TV Series Actor Award ဆုကို ပေးအပ်လိုက်ပါပြီ။ ဒေါင်းကလည်း ဦးကျော်သူနဲ့ ရန်အောင်တို့ကို ကန်တော့ခဲ့တာ တွေ့ရပါတယ်။

Photo: Kyaw Thu

သရုပ်ဆောင်ဒေါင်းကတော့ စီနီယာအနုပညာရှင်ကြီးတွေဖြစ်တဲ့ ဦးကျော်သူနဲ့ ရန်အောင် တို့ကို ဂါရဝပြုခဲ့တာတွေ့ရပါတယ်။ ဒေါင်းအတွက် ဦးကျော်သူရဲ့ ဆန္ဒကို အခုလိုပြောပြလာပါတယ်။

’ယနေ့ အိပ်မက်’’ ဆိုပြီးတော့ရင်ထဲကလာတဲ့ ဆန္ဒတစ်စုံကို စာတန်းတိုတိုလေးနဲ့ ဦးကျော်သူရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဧပြီလ ၈ ရက်နေ့ ည ၁၀ နာရီကျော်က ရေးသားထားတာ တွေ့ရပါတယ်။ ကိုယ့်ထက်အသက်ကြီးသူတွေ၊ စီနီယာကြီးတွေအပေါ် ရိုသေတတ်တဲ့ သရုပ်ဆောင် ဒေါင်းကိုလည်း ဒီ့ထက်ပိုအောင်မြင်ကြစေဖို့ ပရိသတ်တွေက Comment ကနေတဆင့် ဆုတောင်း မေတ္တာပို့သခဲ့ကြတာကိုတွေ့ရပါတယ်။

Photo: Kyaw Thu

ဲဒီနောက် အကယ်ဒမီများရှင် ရန်အောင်ကလည်း Star Awards ပွဲမှာ ဒေါင်းအတွက် ကိုယ်စားယူပေးခဲ့တဲ့ Best TV Series Actor Award ဆုကို ဒေါင်းကို ပြန်လည်ပေးအပ်ခဲ့ပါတယ်။ ဒေါင်းဟာ ဧပြီလ ၅ ရက်နေ့ ညက Star Awards ဆုချီးမြှင့်ပွဲကို အကြောင်းတစ်စုံတစ်ရာကြောင့် တက်ရောက်နိုင်ခဲ့ခြင်းမရှိပါဘူး။ သူဟာ ‘’ပုဂံမြို့သူ’’ရုပ်သံဇာတ်လမ်းတွဲ နဲ့ Best TV Series Actor Award ဆုရရှိခဲ့တာဖြစ်ပါတယ်။

Photo: Kyaw Thu

အလားတူပဲ ဦးကျော်သူကလည်း အောင်ပန်းမှာ ‘’ဂမ္ဘီရ မျက်လုံး’’ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေရတာကြောင့် Star Awards ဆုပေးပွဲကို တက်ရောက်လာခဲ့ခြင်းမရှိပါဘူး။ သူဟာ ဒီဆုပေးပွဲမှာ Best Director Award( TV Series) ဆုကို ‘’ပုဂံမြို့သူ’’ ဇာတ်လမ်းတွဲနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။ ဒီဆုကိုတော့ ဦးကျော်သူရဲ့ ဖခင်က စာအိတ်ကို ဖွင့်ဖောက်ကြေညာပေးခဲ့တာဖြစ်သလို မိခင်ဖြစ်သူကလည်း ဒီဆုကို လက်ခံရရှိခဲ့တာဖြစ်ပါတယ်။

Photo: Kyaw Thu

ုဂံမြို့သူ ရုပ်သံဇာတ်လမ်းတွဲကိုတော့ MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဦးကျော်သူကိုယ်တိုင် ဒါရိုက်တာတစ်ယောက်အဖြစ် ရိုက်ကူးပုံဖော်ခဲ့တာပါ။ အဓိက သရုပ်ဆောင်တွေအနေနဲ့ ကျော်သူ၊ ဒေါင်း၊ ထူးအောင်၊ ဘုန်းရှိန်ခန့်၊ မေမြင့်မိုရ်၊ နေခြည်ရွှန်းလက်၊ အိစိကွေးနဲ့ မိုက်မိုက်တို့က ပါဝင်သရုပ်ဆောင်ခဲ့ကြတာပါ။ 



က္က