(၁၀၀၀)တန်ထီရဲ့ ပထမဆုံးအကြိမ်မှာ ပေါက်ခဲ့တာပါ။

မတ်လကို ကံကောင်းခြင်းတွေနဲ့ စတင်လိုက်ခဲ့တာကြောင့် ပပဝင်းခင်းတစ်ယောက် ပျော်လို့နေပါတယ်။ ပပဝင်းခင်တစ်ယောက် ထီပေါက်တယ်လို့ သိရပါတယ်။

Photo : ပပဝင်းခင်



သရုပ်ဆောင် ပပဝင်းခင်က မတ်လကို ကံကောင်းခြင်းတွေနဲ့ စတင်လိုက်ပါပြီ။ (၁၀၀၀) တန်ထီ ထုတ်ဝေခြင်း (၁)ကြိမ်မြောက်မှာ ထီပေါက်ခဲ့ပြီလို့ သူမက ဆိုပါတယ်။ဆုကြီးတွေနဲ့ နည်းနည်းလေးစီပဲ လွဲသွားခဲ့ပေမယ့် ငါးသောင်းဆု ပေါက်ခဲ့တယ်လို့ သူမက ပြောပါတယ်။

( ၁ ) ကြိမ်မြောက်မှာ မြတ်စွာဘုရားက 50000ဆု ချီးမြှင့်တယ်လေ ။ဆုကြီးတွေ နည်းနည်းလေးစီလွဲသွားတယ် အမြဲ အလှူမပြတ် လှူခွင့်ရလို့ စိတ်ချမ်းသာ ကြည်နူးရပါတယ်” ဆိုပြီး မတ်လ(၁) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : ပပဝင်းခင်

ပပဝင်းခင်တို့ မိသားစုဟာ ကျောမခင်းဆရာတော်ကြီးကျောင်းမှာ တည်နေတဲ့ ဘုရားကြီးအတွက် လိုအပ်တာတွေလည်း လှူဒါန်းထားတယ်လို့ ဆိုပါတယ်။

“ပပတို့မိသားစု ကျောမခင်းဆရာတော်ကြီး ပဲခူးကျောင်းမှာ ဘုရားတည်နေတာ ဘုရားမုဒ်တမုဒ် နဲ့ အသောကတံခွန်တိုင် လှူထားပါတယ် ချစ်ပရိသတ်များ ထပ်တူကုသိုလ်များရကြပါစေ အမြဲ အလှူမပြတ် လှူခွင့်ရပါစေ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားတာပါ။

ပပဝင်းခင်က အနုပညာအလုပ်တွေ မလုပ်ဖြစ်တာ တော်တော်ကြာခဲ့ပါပြီ။ လက်ရှိမှာ မိသားစုနဲ့အတူ စီးပွားရေးဘက်ကို ဇောက်ချလုပ်ကိုင်ဖြစ်နေတာကို တွေ့ရပါတယ်။ သူမကတော့ သရုပ်ဆောင်လောကမှာ ပရိသတ်အားပေးမှု ရရှိထားသူတစ်ဦးပါ။ အခုချိန်ထိလည်း သူမရဲ့ပရိသတ်တွေက ဇာတ်ကားတွေ ပြန်ရိုက်ဖို့ တောင်းဆိုနေတာတွေလည်း ရှိပါတယ်။

Photo : ပပဝင်းခင်

အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့ပေမယ့်လည်း ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် သူမရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ အမြဲတမ်း အဆက်အသွယ်လုပ်နေတာကိုလည်း တွေ့ရပါတယ်။ ပပဝင်းခင်က လူမှုကွန်ယက် စာမျက်နှာကနေ Comment လာပေးသူတိုင်းကို စကားပြန်ပြောလေ့လည်း ရှိပါတယ်။

အသက် ၃၀ ကျော်ပြီဖြစ်တဲ့ ပပဝင်းခင်ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး ကောလာဟလတွေ မရှိသလို ပရိသတ်ကိုလည်း ဖွင့်ဟပြောပြလာတာမျိုး မရှိသေးပါဘူး။ စီးပွားရေး အလုပ်တွေ၊ ဘာသာရေးအလုပ်တွေနဲ့ ပျော်ရွှင်နေသူတစ်ယောက် ဖြစ်ပါတယ်။ သူမရဲ့အစ်ကိုဖြစ်သူ သရုပ်ဆောင်ကျော်ရှိန်းကလည်း မိသားစု စီးပွားရေးတွေမှာ ဝိုင်းဝန်းလုပ်ကိုင်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က