တကယ်ပေါက်တာလား April Fool လား။

ခိုင်သဇင်ငုဝါကတော့ အောင်ဘာလေ ထီ သိန်း ၁၅၀၀၀ ဆုမှာ ထီ ၃ သိန်းဆု ပေါက်ခဲ့ပါတယ်။ သူမကိုတော့ ပရိသတ်တွေက မော်ဒယ်မလေး တစ်ယောက်အဖြစ် အားပေးခဲ့ကြတာပါ။

Photo: ခိုင်သဇင်ငုဝါ



မော်ဒယ်လ် ခိုင်သဇင်ငုဝါကတော့ ဧပြီလ ၁ ရက်နေ့မှာ ကံကောင်းခြင်းတွေ စတင်ရောက်ရှိနေပြီဖြစ်ပါတယ်။ အခုဆိုရင်တော့ ၂ ကြိမ်မြောက် အောင်ဘာလေ သိန်း ၁၅၀၀၀ ဆု ထီကနေ ငွေကျပ် ၃ သိန်း ထီပေါက်ခဲ့တယ်လို့ ဆိုပါတယ်။

‘’ 3 သိန်းဆု ပေါက်တယ်လေ’’ ဆိုပြီးတော့ သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဧပြီလ ၁ ရက်နေ့ မနက် ၁၀ နာရီ ၄၅ မိနစ်က ရေးသားခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ထီ နံပတ်ကတော့ ဏ ၇၁၅၂၂၀ ကနေ ဏ ၇၁၅၂၂၉ အထိ ၁၀ စောင်တွဲထီ ဖြစ်ပါတယ်။ ခိုင်သဇင်ငုဝါတစ်ယောက် April Fool လုပ်ထားတာလား ဆိုပြီး ပရိသတ်တွေ မေးနေကြပါတယ်။ သူမကတော့ ဘာမှ ပြန်ပြောထားတာမတွေ့ရပါဘူး။
























































Photo: ခိုင်သဇင်ငုဝါ

ခိုင်သဇင်ငုဝါ ကိုတော့ မော်ဒယ်တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိလာတာပါ။ သူမက လက်ရှိမှာလည်း တီဗီကြော်ငြာတွေ ရိုက်ကူးနေရသူဖြစ်ပြီး ဗီဒီယိုဇာတ်ကား၊ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်လာ တာကို တွေ့ရပါတယ်။ ဒါပေမယ့် မော်ဒယ်အလုပ်နဲ့သာ အများဆုံး ရပ်တည်နေသူ တစ်ယောက်ပါ။














Photo: ခိုင်သဇင်ငုဝါ

ခိုင်သဇင်ငုဝါ နဲ့ ခိုင်သဇင်ယုဝါ ဆိုတဲ့ မော်ဒယ် အမြွှာ ညီအစ်မဆိုရင်တော့ မသိတဲ့ ပရိသတ်မရှိသလောက်ပါပဲ။ သူတို့ရဲ့ အနုပညာလှုပ်ရှားမှုတွေ သိပ်မတွေ့ရပေမယ့် အားပေးတဲ့ ပရိသတ်တွေကတော့ အများကြီးရှိပါတယ်။ ခိုင်သဇင်ယုဝါကတော့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ အတွင်းမှာ ချစ်ရတဲ့ သူနဲ့ မင်္ဂလာဆောင်ခဲ့တာဖြစ်ပါတယ်။

Photo: ခိုင်သဇင်ငုဝါ

ခိုင်သဇင်ငုဝါကလည်း လက်ရှိ ချစ်သူနဲ့ လက်တွဲလာတာ ကြာပါပြီ။ သူမကိုလည်း အရမ်းချစ်တဲ့ ချစ်သူလည်းဖြစ်သလို အသက်လည်း ငယ်ပါတယ်လို့ Duwun media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူမကိုယ်တိုင်ကလည်း အရမ်းချစ်တဲ့သူဖြစ်တာကြောင့် နားလည်မှုတွေနဲ့ အချစ်ခရီးလမ်းမှာ လျှောက်လှမ်းနေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က