ဆယ်တန်းတုန်းက ကျူရှင်သွားကြိုခဲ့ရတယ်။

စိုင်းစိုင်းခမ်းလှိုင် နဲ့ ဖြိုးငွေစိုးတို့ရဲ့ ခင်မင်မှုကတော့ ဆယ်ကျော်သက် အရွယ်ကတည်းကပါပဲ။ အခုလည်း ဖြိုးငွေစိုး ရဲ့ မွေးနေ့ပွဲကို တက်ရောက်ရင်း အမှတ်တရ ဖြစ်ရပ်လေးတွေအကြောင်းကို စိုင်းစိုင်းက ပြန်လည်ပြောပြလာပါတယ်။

Photo: Sai Sai



စိုင်းစိုင်းက ဖြိုးငွေစိုးရဲ့ အသက် ၃၆ နှစ်ပြည့် မွေးနေ့ကို တက်ရောက်ခဲ့တာ တွေ့ရပါတယ်။ သူတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ ခင်မင်မှုကတော့ တော်တော်ကို ကြာနေပြီဖြစ်ပါတယ်။

‘’ညက ငဖြိုးမွေးနေ့ သူနဲ့ ခင်တာသိပ်မကြာသေးပါဘူး။ စပေါင်းတုန်းက ဒီကောင်ဆယ်တန်း အပြင်သွားချင်ရင် ကျူရှင်မှာသွားသွားကြိုရတယ်။ သူ့မွေးနေ့ပွဲ ၁၈ နှစ်ပြည့်တုန်းကလည်းသွားတယ်။ အခု ၃၆နှစ်ပြည့်တော့လည်း သွားတယ်။ Happy Birthday သူငယ်ချင်း All the best !!’’ ဆိုပြီးတော့ ဧပြီလ ၂၉ ရက်နေ့ မနက် ၁၁ နာရီ ၁၁ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

photo: Sai Sai

စိုင်းစိုင်းခမ်းလှိုင်ဟာလက်ရှိမှာတော့ ဂီတလောကမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။ သူဟာ အနုပညာအလုပ်တွေကို အသက် ၁၈ နှစ်အရွယ်ကတည်းက လုပ်ခဲ့တာဖြစ်ပြီး အခုဆိုရင် အသက် ၄၀ အရွယ်ကို ရောက်ရှိလို့ လာပါပြီ။ ဒါပေမယ့် သူ့ရဲ့ အောင်မြင်မှုကတော့ ဒီနေ့ အချိန်ထိ ပရိသတ် အခိုင်အမာရှိတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

Photo: Sai Sai

ဖြိုးငွေစိုးကတော့ လက်ရှိမှာ အနုပညာအလုပ်တွေကို မကြာခဏ လုပ်ကိုင်ဖြစ်နေသလို မိသားစုကိုလည်း အချိန်ပေးနေတာ ဖြစ်ပါတယ်။ ဖြိုးငွေစိုးကို ဗီဒီယိုဇာတ်ကား၊ တီဗီကြော်ငြာတွေကနေ တဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း နှစ် ၂၀ ခန့် အနေအထားကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သူ့ကိုတော့ ဟာသ ဗီဒီယို ဇာတ်ကားလေးတွေမှာ ပရိသတ်အားပေးမှု ပိုရတာကို တွေ့ရပါတယ်။

Photo: Sai sai

စိုင်းစိုင်း(Sai Sai Kham Leng)ဟာသရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာမင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက်စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။



က္က