ဂျပန်ကို ရောက်နေတာပါ။

ပရိသတ်တွေရဲ့ အချစ်တော်လေး ဝတ်မှုံရွှေရည်က ခရီးတွေ သွားနေတာပါ။ သင်္ကြန်တွင်းကလည်း ခရီးတွေသွားနေပြီး အခုလည်း ဂျပန်ကို ရောက်နေတယ်လို့ သိရပါတယ်။

Photo : ဝတ်မှုံရွှေရည်

သရုပ်ဆောင် ဝတ်မှုံရွှေရည်က ခရီးတွေ သွားပြီး စားချင်တာတွေ စားလို့နေပါတယ်။ လက်ရှိမှာ ဂျပန်ကို ရောက်နေတဲ့ သူမက ခရီးတွေအားလုံးပြီးမှ ဝိတ်လျှော့မယ်ဆိုပြီး သူမရဲ့ ပရိသတ်တွေကို ပြောထားပါသေးတယ်။ “ဘာမှလာမပြောနဲ့ ခရီးတွေ အားလုံးပီးမှ ဝိတ်လျှော့မယ်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဧပြီ(၁၉)ရက်နေ့က ရေးသားထားတာပါ။

Photo : ဝတ်မှုံရွှေရည်

သင်္ကြန်ကာလအတွင်းကလည်း ဝတ်မှုံရွှေရည်တစ်ယောက် ခရီးတွေသွားလို့နေတာပါ။ ခရီးတွေ သွားနေရင်းနဲ့ သူမရဲ့ ချစ်တဲ့ပရိသတ်တွေအတွက် ယခုလို နှစ်သစ်ဆုတောင်းစကားလေး ပြောထားပါသေးတယ်။ “အားလုံးပဲ ပျော်ရွှင်ကြပါစေ အေးချမ်းကြပါစေချစ်ဆုံးပရိတ်သတ်တွေ မေတ္တာတွေ နဲ့ နှစ်သစ်ကို ဖြတ်ကျော်နိုင်ပါစေ “ ဆိုပြီး ပြောထားတာပါ။

Photo : ဝတ်မှုံရွှေရည်

ဝတ်မှုံရွှေရည်ဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီး စာရင်းဝင်ထဲမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အချစ်တွေကိုလည်း အများကြီး ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ သူမရဲ့ အနုပညာသက်တမ်းကလည်း ၁၀ စုနှစ်ကာလတစ်ခုကို ရောက်ရှိလို့နေပါပြီ။

ဝတ်မှုံရွှေရည်ဟာ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။ ကြော်ငြာများနဲ့ လူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။

Photo : ဝတ်မှုံရွှေရည်

ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ "နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။



က္က