သီချင်းအသစ်တွေနဲ့ ပရိသတ်တွေရှေ့ ပြန်ရောက်လာပါပြီ။

ချစ်သုဝေက သီချင်းတွေ ဆိုနေရရင်ကို ပျော်နေတာပါတဲ့။ လက်ရှိမှာလည်း ဖျော်ဖြေပွဲတွေသွားနေတာ တွေ့ရပါတယ်။

အဆိုတော် ချစ်သုဝေက လက်ရှိမှာ ဖျော်ဖြေပွဲတွေသွားနေတာ တွေ့ရပါတယ်။ သီချင်းတွေဆိုနေရရင်ကို ပျော်နေတဲ့ မေမေက မနေ့က ဒီမောဆိုး Show မှာ သီချင်းတွေ အများကြီးနဲ့ ပရိသတ်တွေကို ဖျော်ဖြေပေးခဲ့ပါသေးတယ်။ ဖေဖော်ဝါရီ(၁၄) ရက်နေ့ မှာ သူမရဲ့ တစ်ကိုယ်တော်အခွေ ထွက်ပြီးသွားရင်လည်း Show တွေမှာ သီချင်းအသစ်တွေ စဆိုမယ်ဆိုပြီး ပြောထားပါသေးတယ်။



သီချင်းတွေဆိုနေရရင်ပျော်နေရော...မနက်ဖြန် "ကတိ" albumလေးထွက်ပြီးရင် showတွေမှာ သီချင်းအသစ်လေးတွေဆိုမယ်” ဆိုပြီး ဖေဖော်ဝါရီ(၁၃) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

ချစ်သုဝေရဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေဖြစ်တဲ့ “ကတိ” ကို ဖေဖော်ဝါရီ (၁၄) ရက်နေ့မှာ စတင်ဖြန့်ချိမှာ ဖြစ်ပါတယ်။ ချစ်သုဝေဟာ အခွေမထွက်ဖြစ်တာ (၈)နှစ်ကြာခဲ့ပါပြီ။

“ဒီအခွေလေးကို မမ အကောင်းဆုံးဖြစ်အောင် သေသေချာချာလေးနဲ့ သပ်သပ်ရပ်ရပ်လေးဖြစ်အောင် လုပ်ထားတယ်။ဒီအခွေးလေးမှာ အရှေ့ခွေနဲ့ Music စတိုင်လ်လေးတွေတော့ ကွာမှာမဟုတ်ဘူး။ ဒါပေမဲ့ မမရဲ့ ဆိုဟန်ဆိုပေါက်လေးတွေ ပြောင်းလာတာတော့ရှိမယ်။ မမ(၈)နှစ်အတွင်းမှာ ပြင်ဆင်ထားတဲ့ သီချင်းလေးတွေထဲက အကောင်းဆုံးဖြစ်မယ်ထင်တဲ့ သီချင်းလေးတွေထည့်ပြီး ဖန်တီးထားတာဖြစ်ဖို့ မမအရမ်းလည်း မျှော်လင့်ထားတယ်။ ပရိသတ်တွေလည်း ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်” လို့ Duwun Media သို့ ဖြေဆိုပေးခဲ့ပါတယ်။

Photo : ချစ်သုဝေ

‘’ကတိ’’ တစ်ကိုယ်တော်အခွေ ကိုတော့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စပြီး တေးသံသွင်းတွေ၊ Shopping Mall တွေ မှာ ဝယ်ယူရရှိနိုင်ပြီလို့ ချစ်သုဝေက ပြောပြလာပါတယ်။သူမဟာ ပထမဆုံး တစ်ကိုယ်တော် အခွေဖြစ်တဲ့ ‘’တိမ်တွေ နေတဲ့အရပ်’’ အခွေ ထွက်ပြီး ၈ နှစ်အကြာမှာ ‘’ကတိ’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေကို ထွက်ရှိလာတာဖြစ်ပါတယ်။ 

ချစ်သုဝေ(Chit Thu Wai) ဟာ အဆိုတော်တစ်ယောက်အဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်လာတာဖြစ်ပါတယ်။ အဲ့ဒီနောက် သရုပ်ဆောင်တစ်ဦး အဖြစ်နဲ့ပါ ရပ်တည်ခဲ့ပါသေးတယ်။ ၂၀၁၄ ခုနှစ်မှာတော့ အဆိုတော် လင်းလင်းနဲ့ လက်တွဲပြီး အိမ်ထောင်တစ်ခု တည်ဆောက်ခဲ့ကာ ၂၀၁၇ ခုနှစ်မှာ ချစ်စရာကောင်းတဲ့ အမြွှာသမီးလေးတွေဖြစ်တဲ့ မေမြန်မာသစ်နဲ့ မေမြန်မာခေတ်တို့ကို မွေးဖွားခဲ့ပါတယ်။ အခုဆိုရင် အမြွှာသမီးလေးတွေရဲ့ မေမေချစ်သုဝေဟာ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က