သူမက လန်ဒန် ကိုရောက်ရှိနေတာဖြစ်ပါတယ်။

ခင်လေးနွယ်တစ်ယောက် နာမည်ကျော်နန်းတော်တစ်ခုဖြစ်တဲ့ ဝင်ဆာနန်းတော်မှာ နေခိုင်းရင်တောင် Bff တွေကို မခွဲနိုင်လို့ မနေချင်ဘူးလို့ဆိုပါတယ်။ သူမကတော့ လန်ဒန်မြို့ရဲ့ အလှပဆုံးနေရာလေးတွေကို ခရီးထွက်နေတာပါ။

Photo: Khin Lay Nwe

ခင်လေးနွယ်ဟာ အခုဆိုရင်တော့ လန်ဒန်မှာရှိတဲ့ အရမ်းလှတဲ့ နေရာဒေသတွေကို အလည်ရောက်ရှိနေပါတယ်။ သူဟာ ကမ္ဘာကျော်နန်းတော်တစ်ခုဖြစ်တဲ့ ဝင်ဆာ နန်းတော်ကိုလည်း ရောက်ခဲ့တဲ့ အမှတ်တရလေးတွေ ပြောပြလာပါတယ်။

‘’ဝင်ဆာ နန်းတော်ထဲ ဝင်ကြည့်ခဲ့တယ်။ အတွေးလေး တစ်ခု ရလာတယ်။ ငါ့ကိုသာ ဒီလိုနေရာမျိုးမှာ နေခိုင်းရင် မနေနိုင်လောက်ဖူးလို့ (ဟီးးး နေရမှာလဲ မဟုတ်ပါဖူး)။ BFF အဖွဲ့နဲ့လဲ တွေ့ချင်တိုင်း တွေ့ရမှာမဟုတ်ဘူး။ စားချင်တိုင်းလဲ မစားရသူများ အပြောမခံရအောင် နေနေရတဲ့ ဘဝ ကို မလိုချင်ပါဘူး။ ဒီအတိုင်းလေးပဲ ကောင်းပါတယ်နော့။ အခုတော့ နေပူထဲ လျှောက်ကြည့်ပြီး အသားမဲပြောင်လာတယ် အသားမဲလဲ ချစ်ပေးပါနော်’’ ဆိုပြီးတော့ ဇူလိုင်လ ၂၃ ရက်နေ့ နေ့လယ် ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Khin Lay Nwe

သရုပ်ဆောင် ခင်လေးနွယ်က အခုချိန်မှာ အချစ်ရေးကိုလည်း စိတ်မဝင်စားသေးတဲ့သူဖြစ်ပါတယ်။ သူမဟာ တစ်ယောက်တည်း ဘဝနဲ့ သူငယ်ချင်းတွေနဲ့ အတူတူ ခရီးတွေထွက်၊ လျှောက်သွား ရတာကို နှစ်သက်ပျော်ရွှင်နေသူပါ။ ချစ်သူမရှိ၊ အိမ်ထောင်မရှိတဲ့သူဖြစ်တာကြောင့်လည်း သူမရဲ့ အားသာချက်တွေကို Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

‘’ကိုယ် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီဟေ့ဆိုရင် လုပ်ချင်တဲ့အရာကို ချက်ချင်း ထလုပ်လို့ရတယ်။ အိမ်ထောင်သည်တွေကျတော့ ကိုယ့်ရဲ့အိမ်ထောင်ဘက်ကိုငဲ့ရတယ်။ သားသမီးတွေကို ပေးရတဲ့ အချိန်ပိုလာတဲ့ အခါကျတော့ ကိုယ်က Single ဆိုပေမယ့် သူတို့ကို နားလည်ပေးလို့ရတယ်’’ ဆိုပြီးတော့ Zoey Fashion Show ကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: Khin Lay Nwe

စီးပွားရေးဘက် ဦးစားပေး လုပ်ဖြစ်နေတဲ့ သူမက ဒီဇိုင်သင်တန်းလည်း တက်နေပါတယ်။ ခင်လေးနွယ်ကတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှု သိပ်မရှိတော့ပါဘူး။ ပွဲလေးတွေလောက်ပဲ တက်ဖြစ်နေတဲ့ သူမက သူငယ်ချင်းတွေနဲ့ပေါင်းပြီး ဖက်ရှင်ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်လို့ သိရပါတယ်။ ဖက်ရှင်ဆိုင်နာမည်ကတော့ KAY Fashion & Fabric House ဖြစ်ပါတယ်။ ခင်လေးနွယ်က အခုအချိန်ထိ ပရိသတ်အားပေးမှု ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က