အနုပညာရှင်တွေကလည်း ကျန်းမာရေးထောက်ပံ့ငွေ ပေးအပ်ခဲ့ပါတယ်။
Sabal Thwin

ဟာသလူရွှင်တော်၊ သရုပ်ဆောင် မွန်ကြီး(ခ) မင်းလှိုင်ဟာ ရန်ကုန်ဆေးရုံကြီးမှာ ဦးနှောက်သွေးကြောပေါက်လို့ အရေးပေါ်ဆေးရုံတင်နေရတယ်လို့ ဆိုပါတယ်။ သူ့အတွက် အနုပညာမောင်နှမတွေကလည်း ကျန်းမာရေးထောက်ပံ့ငွေ ပေးအပ်ခဲ့ကြပါတယ်။

Photo: Win Mying

ပရိသတ်တွေကို ထားဝယ်အသံ ဝဲဝဲလေးနဲ့ ဟာသပြတ်လုံးတွေ ပြောတတ်တဲ့ မွန်ကြီး(ခ) မင်းလှိုင်ဟာ ဦးနှောက်သွေးကြောပေါက်လို့ အရေးပေါ် ဆေးရုံတင်ထားရတယ်လို့ ဇာတ်ပို့ဇာတ်ရံ ဥက္ကဌ ဦးဝင်းမြိုင်က ပြောပါတယ်။

ကိုမင်းလှိုင် ( ခ ) မွန်ကြီး ဦးဏှောက်သွေးကြောပေါက်၍ ရန်ကုန်ဆေးရုံကြီး အဆောင် ၃ ၊ ၁၁ /၁၂ တွင် ကုသမှုခံယူနေသည်ကိုသွားရောက် အားပေးစကားပြောကြား  ဆေးကုသစရိတ် ကူညီပေးကြသည်’’ ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ မေလ ၃၀ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်က ရေးသားထားတာ တွေ့ရပါတယ်။

Photo: Win Mying

ဟာသသရုပ်ဆောင် မင်းလှိုင်(ခ) မွန်ကြီးရဲ့ ဆေးကုသစာရိတ်အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ထောက်ပံ့ငွေ ၁ သိန်းကျပ်၊ ဇာတ်ပို့ဇာတ်ရံ ရန်ပုံငွေအဖြစ် ၅ သောင်းကျပ် နဲ့ သရုပ်ဆောင် အကယ်ဒမီ အေးမြတ်သူက ၃သိန်းကျပ်၊ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Photo: Win Mying

မင်းလှိုင်(ခ) မွန်ကြီးကိုတော့ ဗီဒီယို ဇာတ်ကားတွေထဲမှာ ကားဒါရိုက်ဘာ၊ သူဌေးတပည့်၊ အဓိက ဇာတ်ဆောင် မင်းသား၊ မင်းသမီး တွေရဲ့ အစ်ကို၊ ညီ၊ မောင်လေး၊ ဦးလေး စတဲ့ ကာရိုက်တာတွေနဲ့ ပရိသတ်တွေ အားပေးခဲ့ကြတာပါ။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ်နဲ့လည်း နယ်ပရိသတ်တွေက အားပေးခဲ့ကြတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က