ရုပ်ရှင်ရိုက်ဖို့ပါ ကမ်းလှမ်းခဲ့ပါတယ်တဲ့။

သရုပ်ဆောင် မြင့်မြတ်နဲ့ ယုန်လေးတို့ သူငယ်ချင်းအဖွဲ့ဟာ ဦးဇော်ကြီးရဲ့ စားဝတ်နေရေးနဲ့ ကျန်းမာရေး အသုံးစာရိတ်အတွက် အလှူငွေ ၈ သိန်း လှူခဲ့တယ်လို့ ဆိုပါတယ်။

Photo: ယုန်လေး



ယုန်လေး၊ မြင့်မြတ် နဲ့ နောက်ထပ် သူငယ်ချင်းတွေက ကျူးကျော်တဲမှာနေထိုင်ရတဲ့ ဦးဇော်ကြီးအတွက် ထောက်ပံ့ငွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်ရှိရိုက်ကူးနေတဲ့ မာဖီးယားမြို့တော် ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့လည်း ကမ်းလှမ်းခဲ့တယ်လို့ ယုန်လေးက ပြောပါတယ်။

‘’ဦးဇော်ကြီး သတင်းကြားပြီး စိတ်မကောင်းတာနဲ့ MAFIA City မှာ ပါဝင်သရုပ်ဆောင်ဖို့ ခေါ်ခဲ့ပြီး မြင့်မြတ် ယုန်လေး Kညီ ဘိုချမ်း စောကျော် လပြည့်တို့ MAFIA City အဖွဲ့သားများမှာ ၅သိန်း၊ ရွှေလီ မှ မိန်းမိန်း မှ ၃သိန်း ပေါင်း ၈သိန်း ကူခဲ့ပါသည် ။ အားလုံး Peace’’ ဆိုပြီးတော့ ဇူလိုင်လ ၁၃ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: ယုန်လေး

ဦးဇော်ကြီးကိုတော့ ပရိသတ်တွေက ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကား တွေကနေတဆင့် သိရှိခဲ့တာပါ။ သူ အမြဲ ပါဝင်သရုပ်ဆောင်ရတဲ့ ကာရိုက်တာကတော့ လူကြမ်းတစ်ယောက် အနေနဲ့ ဖြစ်ပါတယ်။ လက်ရှိမှာ ဗီဒီယိုဈေးကွက် မကောင်းတော့တာကြောင့် ရိုက်ကူးရေးတွေ နားထားရပြီး စားဝတ်နေရေး အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။

Photo: ယုန်လေး

ယုန်လေးက လက်ရှိမှာ လူငယ်အကြိုက် အမိုက်စား အက်ရှင်ဇာတ်ကားတွေကို ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးနေတာဖြစ်ပါတယ်။ လက်ရှိမှာလည်း သူကိုယ်တိုင်ရိုက်ကူးထားတဲ့ ‘’သတိ အန္တရာယ်ရှိသည်’’ရုပ်ရှင်ဇာတ်ကားကြီးက ရုံတင်ပြသနေတာပါ။ သူဟာ Original Gangster 1 ရုပ်ရှင်ဇာတ်ကားကြီးကို စတင်ရိုက်ကူးခဲ့တာက စပြီး ပရိသတ်တွေနဲ့ ထပ်တူကျခဲ့လို့ အောင်မြင်မှုနေရာ တစ်နေရာကို ရရှိလာခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က