တောင့်တင်းခိုင်မာတဲ့ အိမ်လေးမှာ နေခွင့်ရသွားပါပြီတဲ့။
Sabal Thwin

အိမ်တတ်အလှူလေး အောင်အောင်မြင်မြင်ပြုလုပ်နိုင်ခဲ့တဲ့ လူကြမ်းသရုပ်ဆောင် ဦးဇော်ကြီးတို့ မိသားစုအတွက် ဘေဘီမောင်က ဝမ်းသာကြည်နူးနေရတဲ့အကြောင်းလေးတွေ ပြောလာပါတယ်။ ဦးဇော်ကြီးရဲ့ စိတ်ဓာတ်ကိုလည်း လေးစားမိသူပါတဲ့။

Photo: Baby Maung

ဘဘီမောင်ကတော့ လူကြမ်းသရုပ်ဆောင် ဦးဇော်ကြီးတို့ မိသားစုအတွက် ဝမ်းသာပီတိဖြစ်ရတဲ့အကြောင်းလေးကို ရင်ဖွင့်ပြောပြလာပါတယ်။ ဦးဇော်ကြီးရဲ့ အိမ်တက်အလှူလေးကို သွားရင်း ကျေနပ်ပီတိဖြစ်ရတယ်လို့ ဆိုပါတယ်။

‘’မနေ့က ဦးဇော်ကြီးရဲ့ အိမ်တက်အလှူလေးမှာပါ။ ဦးဇော်ကြီးကိုဂရုဏာသက်ပြီး စေတနာ သဒ္ဒါတရားထက်သန်စွာ နဲ့အလှူဒါနပြုခဲ့တဲ့ခုနှစ်ရက်သားသမီးများအပေါင်းကြောင့် အရင်ကထက်အဆတစ်ရာ တောင့်တင်းခိုင်မာပြီး အမိုးအကာနဲ့လုံခြုံတဲ့အိမ်လေးမှာ နေခွင့်ရသွားပါပြီ။ ဦးဇော်ကြီး အရမ်းပီတိဝမ်းသာဖြစ်နေရပါတယ်ဆိုပြီး ဦးဇော်ကြီးမေတ္တာပို့ပေးခဲ့ပါတယ်။ ဘေဘီလည်းတစ်ထောင့် တစ်နေရာကနေအလှူဒါနလေးပြုခွင့်ရ တဲ့အတွက်ဝမ်းသာပီတိဖြစ်ရပါတယ်။ ဦးဇော်ကြီးတို့မိသားစုလေး အစစအရာရာအပြေပါစေ’’ဆုိပြီးတော့ သြဂုတ်လ ၂၆ ရက်နေ့ နေ့လယ် ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Baby Maung

ဘေဘီေမာင်ဟာ လူကြမ်းသရုပ်ဆောင် ဦးဇော်ကြီးရဲ့ မပြေမလည် လုပ်ကိုင်စားသောက်နေရတဲ့ ဘဝကို အင်တာဗျူးတွေမှာ မြင်ရပြီးတဲ့နောက် ကိုယ်တိုင်ကိုယ်ကျ ထောက်ပံ့ငွေ သွားရောက်လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ ဦးဇော်ကြီးရဲ့ စိတ်ဓာတ်ကိုလည်း လေးစားတယ်လို့ Duwun media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

‘’ဦးဇော်ကြီးက ကားရိုက်တုန်းကလည်း ဆုံဖူးတယ်။ ဖိုက်တင်ထိုးရတာပေါ့နော် မင်းသားနဲ့ကသာ အပေါ်ယံချသွားတာ။ သူတို့မှာတော့ တကယ်ကြိုးစားရတယ် ပြုတ်ကျရင်လည်း တကယ်ကို ပြုတ်ကျရတာ တစ်ခုခုဆို အမြဲတမ်း အထိနာတာပေါ့။ ဒီအလုပ်ကိုလည်း သူတို့ ဝါသနာကြီးလို့လုပ်တာ။ အခုဆိုကြည့် အိမ်တောင်မရှိဘူး။ ကျူးကျော်တဲမှာနေရတာဆိုတော့ ဦးဇော်ကြီး စိတ်ဓာတ်ဘယ်လောက်ကောင်းလဲ။ အင်တာဗျူးမှာ ဖြေသွားတာ သူတဲ့ ဒီနေရာကနေ ပြောင်းဆို ပြောင်းပေးမှာပါတဲ့ ကျူးကျော်ဖြစ်တဲ့အတွက် ကြောင့်မို့လို့ပေါ့။ သူ့ရဲ့ ခဏတာအခိုက်အတန့်မှာ ထုတ်လုပ်ရေးတွေရဲ့ ပေးစာကမ်းစာလောက်ပဲ စားနေရတာ အခက်အခဲဖြစ်နေပြီ။ ဘေဘီကလည်း နာမည်ကြီး မင်းသမီးမဟုတ်ဘူး၊ သူများတွေလောက်လည်း ဝင်ငွေကောင်းတာမဟုတ်ဘူး ဒါပေမယ့် ကိုယ်ချင်းစာစိတ်ရှိပါတယ်။ ဒါပေမယ့် ကိုယ့်ရုပ်ရှင်လောကသားတွေ ဒုက္ခရောက်နေကြတာကို ဘေဘီ မမြင်ရက်ဘူး’’ လို့ ဆိုပါတယ်။

Photo: Baby Maung

ဦးဇော်ကြီးကိုတော့ ဗီဒီယို ဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ အက်ရှင်လူကြမ်း သရုပ်ဆောင် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ခြံစောင့်၊ ကားဒါရိုက်တာဘာ၊ လုံခြုံရေး၊ စတဲ့ ကာရိုက်တာတွေကိုလည်းရိုက်ကူးခဲ့ဖူးသူတစ်ယောက်ပါ။ လက်ရှိမှာတော့ ရိုက်ကူးရေးတွေ သိပ်မရှိတော့တဲ့အတွက် မိသားစု စားဝတ်နေရေး အခက်အခဲနဲ့ ကြုံတွေ့နေရသူတစ်ယောက်ပါ။ ဒါပေမယ့် အနုပညာရှင်တွေကလည်း ထောက်ပံ့ငွေတွေ လှူဒါန်းခဲ့ကြတာကို တွေ့ရပါတယ်။

Photo: Baby Maung

ဘေဘီမောင်က အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး တဖြည်းဖြည်းဆောင်ရွက်လာသူတစ်ယောက်ပါ။ အနုပညာအလုပ်တွေ အပြင် ကိုယ်ပိုင်စီးပွားရေးကိုလည်း ဆောင်ရွက်နေရသူတစ်ယောက်ပါ။ ဒါအပြင် သူမက အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ မင်းသမီးချောလေး တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ လက်ရှိမှာလည်း သူမဟာ သရုပ်ဆောင် မင်းရာဇာ၊ နဒီဝင့်နိုင်၊ အားသစ် တို့နဲ့အတူဇာတ်ကားရိုက်ကူးနေတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


က္က