မစဘဲကို မနေနိုင်ပါဘူးတဲ့။
သက်မွန်မြင့်က ဇာတ်ပို့သရုပ်ဆောင် ဦးဟိန်းမင်းကို ချစ်ခင်စနောက်ဖြစ်ခဲ့ပုံကို ပြောပြလာပါတယ်။ သူမဟာ ပျော်ပျော်နေတတ်သူဖြစ်တာကြောင့် အားလုံးကလည်း ချစ်ခင်ကြတာဖြစ်ပါတယ်။

Photo: Thet Mon Myint Fb



သက်မွန်မြင့်ဟာ လုပ်ဖော်ကိုင်ဖက်အချင်းချင်းတွေအပေါ် ချစ်ချစ်ခင်ခင် နဲ့ စတတ် နောက်တတ်သူဖြစ်ပါတယ်။ အခုလည်း ဇာတ်ပို့သရုပ်ဆောင် ဦးဟိန်းမင်းကို မစရရင် မနေနိုင်လို့ပါတဲ့။

‘’လူကြီးကို မလေးစားတာ မဟုတ်ပါဘူး။ သူ့ဆို မစပဲ မနေနိုင်လို့ပါ ။ သူကလည်း ကိုယ့်ပေါ်နားလည်ချစ်ခင်တဲ့သူတစ်ယောက်ပါ’’ ဆိုပြီးတော့ မတ်လ ၈ ရက်နေ့ ည ၆ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် ဇာတ်ပို့သရုပ်ဆောင် ဦးဟိန်းမင်းနဲ့ အမှတ်တရ ဓာတ်ပုံကိုလည်း တင်ခဲ့တာ တွေ့ရပါတယ်။

Photo: RBV

ဒီလိုပျော်ပျော်နေတတ်တဲ့ သက်မွန်ကို ချစ်ခင်ကြတဲ့ ပရိသတ်တွေကလည်း Comment ကနေတဆင့် ဦးဟိန်းမင်းကိုရော၊ သက်မွန်ကိုပါ အားပေးချစ်ခင်ကြောင်းတွေ ပြောပြထားကြပါသေးတယ်။ ဦးဟိန်းမင်းဟာ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင်လောကမှာ အတွေ့အကြုံအများကြီးရှိတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့ကို တော့ ၂၀၁၇ ခုနှစ်အတွက် ဇာတ်ပို့သရုပ်ဆောင်ဆုကို ပရိသတ်တွေက ရစေချင်ခဲ့ပေမယ့် လွဲချော်သွားခဲ့ပါ သေးတယ်။ ၂၀၁၈ ခုနှစ်မှာလည်း ဦးဟိန်းမင်းကို ပရိသတ်တွေက ဇာတ်ပို့သရုပ်ဆောင်ဆုကို ရစေချင်ကြပါသေးတယ်။
Photo: Thet Mon Myint Fb

သက်မွန်မြင့်ဟာ ၂၀၁၀ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ‘’အာဒံရယ် ဧဝရယ် ဒဿရယ် ‘’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပထမဆုံး အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ် အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ‘’ ချစ်လှစွာသော အမုန်း’’ ဇာတ်ကားနဲ့ ဒုတိယအကြိမ်မြောက် ရရှိခဲ့တာဖြစ်ပါတယ်။ ဒီနှစ်မှာလည်းသူမ ပါဝင်သရုပ်ဆောင်ထားတဲ့ ဥပါယ်တံမျဉ်ရုပ်ရှင်ကားကြီးကလည်း အကယ်ဒမီစာရင်းဝင် ၂၅ ကားထဲမှာ ပါဝင်နေတာကို တွေ့ရပါတယ်။

Photo: RVB

သက်မွန်မြင့်ဟာ လက်ရှိမှာ မိသားစုကို အချိန်ပေးရင်း သူမချစ်တဲ့အနုပညာအလုပ်တွေကိုလုပ်ကိုင်လျက်ရှိပါတယ်။အကယ်ဒမီ သက်မွန် ကတော့၂၀၁၄ခုနှစ် ဖေဖော်ဝါရီ(၁၄) ရက်နေ့က ခင်ပွန်းဖြစ်သူကိုစစ်နိုင်နဲ့လက်ထပ်ခဲ့ပြီး အခုဆိုရင် သားလေးအားချစ်နဲ့ သမီးလေး လဝန်းမေတို့နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က