အဆုတ်ပွလို့တဲ့။

အဆိုတော် ပိုပိုက ဒီနှစ်သင်္ကြန် ချင်းတွင်းသင်္ကြန်မှာ  ရှိနေတာပါ။ ရာသီဥတု အပြောင်းအလဲတွေကြောင့် အကြိုနေ့မနက်မှာ သီချင်းဆိုလို့အပြီး ဆေးခန်းသွားပြရသေးတယ်လို့ ဆိုပါတယ်။

 

Photo : ပိုပို

အဆိုတော်ပိုပိုက ဒီနှစ်သင်္ကြန်ကို မုံရွာမြို့က ပရိသတ်တွေနဲ့ ဖြတ်သန်းနေတာပါ။ ချင်းတွင်းသင်္ကြန်မှာ သီချင်းဆိုဖို့ ရောက်ရှိနေပြီး ဒီနေ့(ဧပြီ၁၃ရက်) အကြိုနေ့မနက်မှာ သီချင်းတွေနဲ့ ဖျော်ဖြေခဲ့ပါသေးတယ်။ သီချင်းဆိုလို့အပြီးမှာ ရာသီဥတုအပြောင်းအလဲတွေကြောင့် ချောင်းတွေဆိုးပြီး နေမကောင်းဖြစ်ခဲ့လို့ ဆေးခန်းပြေးလိုက်ရပါသေးတယ်။

ရာသီဥတု အပြောင်းလဲက ပူလိုက်အေးလိုက်နဲ့  အရင်ရက်က ရေခဲခြစ်တွေသွားစားလိုက်တာ ချောင်းတွေဆိုးရော ညက ချောင်းလဲဆိုး နှာစေးပြီး နေမကောင်းဘူး  I need a doctor.. မုံရွာမှာ ဆရာဝန်ရှိလား” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဧပြီ(၁၃) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : ပိုပို

အဲဒီနောက် ရွှေတော်ဝင်ဆေးရုံသို့ သွားခဲ့ရတယ်တဲ့။ဆေးရုံက ဆရာဆရာမတွေရဲ့ သည်းသည်လှုပ် ဂရုစိုက်မှုက သူမရဲ့ ရောဂါပါ ပျောက်တယ်လို့ ဆိုပါတယ်။

မုံရွာ သူမုံရွာသား တွေရဲ့ ချစ်ခင်မှူကတော့ ရောဂါပါပျောက်တယ် အခုလဲ ရွှေတော်ဝင် ဆေးရုံ က ဂရုစိုက်ပြီး ချစ်ချက်ကတော့ သည်သည်းလှုပ် ကျေးဇူးပါ နော်  မုန့်တီလဲ တိုက်လိုက်သေးတယ် အဆုတ်ပွ တာတဲ့ ဆေးတွေ သောက်ရမယ် “ ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာဆက်လက်ရေးသားထားပါတယ်။

Photo : ပိုပို

ပိုပိုဟာ ကိုယ်တိုင်သီချင်းရေးပြီး ကိုယ်တိုင်ဆိုတတ်တဲ့အဆိုရှင်တစ်ဦးဖြစ်ပြီး သူမရေးတဲ့ အဆွေးသီချင်း တော်တော်များများဟာ ပရိသတ်တွေကြားရေပန်းစားခဲ့သလို "မင်းကိုမချစ်လို့မဟုတ်ဘူး" ဆိုတဲ့သီချင်းဟာပရိသတ်တွေ အခုချိန်ထိ ကြိုက်နှစ်သက် အားပေးခဲ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။ 

Photo : ပိုပို

အဲဒီသီချင်းဟာလည်းသူမရဲ့ စိတ်ခံစားချက်အပြည့်နဲ့ဆိုထားတဲ့ သီချင်းလေးဖြစ်ပါတယ်။ အဆိုတော်ပိုပိုကတော့ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ MasterPiece တစ်ကိုယ်တော်အခွေကို နောက်ဆုံး ထွက်ရှိထားပါတယ်။ သူမဟာ မကြာသေးခင်ကတည်း တတိယနှစ် ဥပဒေ စာမေးပွဲကို အောင်မြင်ထားသူ တစ်ယောက်ဖြစ်ပါတယ်။



က္က