တစ်သက်စာလှူဒါန်းသွားမယ်လို့ ဆိုပါတယ်။
Sabal Thwin

အဆိုတော် လင်းလင်းနဲ့ မျိုးကြီးတို့ ဂီတညီအစ်ကို နှစ်ဦးကတော့ ကိုယ်တိုင်ပုံဖော်သီဆိုထားတဲ့ သီချင်းလေးကနေ ရရှိလာမယ့် အကျိုးအမြတ်အားလုံးကို ခေတ်သစ်ဖောင်ဒေးရှင်းသို့ လှူဒါန်းသွားမယ်လို့ဆိုပါတယ်။ 

Photo: Lin Lin

အဆိုတော်လင်းလင်းနဲ့ မျိုးကြီးတို့ဟာ ခေတ်သစ်ဖောင်ဒေးရှင်းကို ငွေကျပ်(၃၂၅၀၀၀၀) လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ လင်းလင်းရေးတဲ့ သီချင်းကို မျိုးကြီးက သီဆိုထားပြီး ဒီသီချင်းကနေ ရရှိလာမယ့် အကျိုးအမြတ်တွေကိုလည်း လှူဒါန်းသွားဦးမယ်လို့ လင်းလင်းက ပြောပါတယ်။ 

" ကိုမျိုးကြီးအတွက် ရေးဖြစ်တဲ့ သီချင်းတစ်ပုဒ် မကြာခင် တေးသံသာကနေ နားထောင်လို့ရပါမယ်။ ကျွန်တော်တို့နှစ်ယောက် ဒီသီချင်းကနေ ရရှိမယ့် အကျိုးအမြတ်အားလုံးကို " ခေတ်သစ် ဖောင်ဒေးရှင်း" ထံသို့ လှူပါတယ်။တေးသံသာမှ ကိုညီကလည်း ထပ်တိုးလှူပါတယ်။ ကျွန်တော် တို့အားလုံးရဲ့ ငွေသားစုစုပေါင်း ၃၂၅၀၀၀၀ ( သုံးဆယ့်နှစ်သိန်းငါးသောင်း) တိတိပါ။ ဒီသီချင်းမှ ထပ်မံရရှိလာမယ့် အကျိုးအမြတ်အားလုံးကိုလည်း ကျွန်တော်နဲ့ ကိုမျိုးကြီးမှ ဖောင်းဒေးရှင်းသို့ တစ်သက်စာလှူပါတယ်။မကြာခင်နားဆင်ရမယ့် ဒီသီချင်းနဲ့ပတ်သတ်ပြီးပရိသတ်ရောင်းရင်းများလည်း ကုသိုလ်ယူနိုင်ကြပါစေ" ဆိုပြီးတော့ ဇွန်လ ၂၁ ရက်နေ့ ည ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo: Lin Lin

မျိုးကြီးကတော့ မေလ(၇) ရက်နေ့က COVID-19 ရောဂါပိုး မတွေ့ရှိသူ စာရင်းထဲမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဘာသာရေးအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ချိန်မှာ COVID-19 ရောဂါပိုး ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။ Qurentine ပြည့်သွားပြီတဲ့နောက်မှာတော့ ဂီတအလုပ်တွေ ပြန်လည် လုပ်ကိုင်လျှက်ရှိတာကို တွေ့ရပါတယ်။ 

အဆိုတော် လင်းလင်းကလည်း COVID-19 ကာလအတွင်းမှာ ခေတ်သစ်ဖောင်ဒေးရှင်းကနေ တဆင့် အလှူအတန်းတွေ လုပ်နေတာကို တွေ့ရပါတယ်။ COVID-19 ကာကွယ်ရေး ဆေးပစ္စည်းတွေ လိုအပ်မှုရှိနေတဲ့ ဆေးရုံကြီးတွေ၊ စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေရတဲ့ နေရာ ဒေသတွေကို ကိုယ်တိုင်သွားရောက်ပြီး အလှူအတန်းတွေ လုပ်ခဲ့သူပါ။ 

Photo: Lin Lin

လက်ရှိမှာ ခေတ်သစ်ဖောင်ဒေးရှင်းကနေပြီးတော့ Covid – 19 ရောဂါကာကွယ်ထိန်းချုပ် နိုင်ဖို့အတွက် ငွေကျပ် သိန်း(၁၀၀) မတည်ကာ အလှူရှင်များနဲ့ စုပေါင်းပြီး လိုအပ်တဲ့နေရာတွေကို မကြာခဏ သွားရောက် လှူဒါန်းနေတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် နောက်ထပ် အလှူရှင်များအနေနဲ့ ထပ်မံ လှူဒါန်းလိုပါက ခေတ်သစ်ဖောင်ဒေးရှင်း နာမည်နဲ့ ဖွင့်ထားတဲ့ ဘဏ်အကောင့်တွေကိုသာ လွှဲပေးစေချင်တယ်လို့ လည်း ချစ်သုဝေက Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


က္က