''အချစ်တံတိုင်း'' သီချင်းလေးပါ။

အိမ့်ချစ်က မောင်လေးဖြစ်တဲ့ ဂျူနီယာချစ်ကောင်းရဲ့ အနုပညာအပေါ် အားပေးစကားဆိုခဲ့ပါတယ်။ ဖခင်ဖြစ်သူရဲ့သီချင်းတွေထဲမှာမှ အိမ့်ချစ်အကြိုက်ဆုံးသီချင်းဖြစ်တဲ့ ‘’အချစ်တံတိုင်း’’သီချင်းကို ပြန်လည်သီဆိုခဲ့တဲ့ ဂျူနီယာချစ်ကောင်းအတွက် ဝေဖန်သုံးသပ်ပေးခဲ့ပါသေးတယ်။

photo: Eint chit



အဆိုတော် အိမ့်ချစ်က ဖခင်ရဲ့ သီချင်းကို အကောင်းဆုံးဖြစ်အောင် ပြန်လည် သီဆိုနိုင်ခဲ့တဲ့တဲ့ မောင်လေးဖြစ်သူ ဂျူနီယာချစ်ကောင်းအတွက် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။

‘’အဖေ့သီချင်းတွေထဲက ကိုယ်သိပ်ကြိုက်တဲ့သီချင်းလေး။ ယောကျာ်းလေးဖက်က စာသားတွေနဲ့မို့ ကိုယ်ပြန်မဆိုခဲ့ရတာ ခု junior လေးကိုဆိုခိုင်းလိုက်တာ အရမ်းကိုမှန်သွားတယ်။ သူနဲ့လိုက်တယ်လို့ခံစားရတယ်’’ ဆိုပြီးတော့ ဧပြီလ ၂၆ ရက်နေ့ မနက် ၁၂ နာရီ ၂၂ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ် Page မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

photo: Eint chit

အဲဒီနောက် ဂျူနီယာချစ်ကောင်း သီဆိုထားတဲ့ ‘’အချစ်တံတိုင်း’’ ဆိုတဲ့ MTV လေးကိုလည်း ပြန် Share ထားတာ တွေ့ရပါတယ်။ ဒီဗီဒီယိုဖိုင်လေးကိုတော့ ဂျူနီယာချစ်ကောင်း Facebook Page မှာ တင်ခဲ့တာဖြစ်ပါတယ်။

‘’Guide လည်း မလုပ်ပေးပဲ သူတတ်သလိုလေးဆိုထားတာ Perfect မဖြစ်ပေမယ်လို့ အဆင်ပြေတယ်လို့ ခံစားရတယ်။ Music Video လေးလည်း သူ့ဟာသူစီစဉ်ပြီးရိုက်ရှာတယ်။ အောင်မြင်ပါစေ ကြိုးစားတဲ့ ငါ့မောင်လေး။ 'အချစ်တံတိုင်း'’ ဆိုပြီးတော့လည်း ဆက်လက် ရေးသားထားတာ တွေ့ရပါတယ်။

photo: Eint chit

အိမ့်ချစ်ရဲ့ ဖခင်ဖြစ်သူ ချစ်ကောင်းကလည်း ပရိသတ်အချစ်တော် အဆိုတော်တစ်ယောက်ဖြစ်သလို၊ အိမ့်ချစ်ကိုယ်တိုင်ကလည်း လက်ရှိအောင်မြင်မှုတွေရရှိနေတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့် မောင်လေးကိုလည်း ဂီတနဲ့ပတ်သက်ပြီး အောင်မြင်စေချင်တဲ့အကြောင်း ပြောပြလာပါတယ်။

‘’ ကလေးတွေကကျတော့ အဲ့ဒီမျက်လုံးတစ်လုံးကို လိုက်ကြည့်လိုက်ပြီးရင် ဟာ ငါ့ကိုမကြိုက်တာလား၊ ငါ့ကို ဆင်းစေချင်တာလားဆိုတဲ့ အတွေးတွေက သီချင်းဆိုနေတာကြီးကို အရမ်းနှောင့်နှေးသွားစေတယ်။ မောင်လေးကိုလည်း အခုချိန်မှာ သင်ရတယ်။ စတိတ်မကြောက်အောင် အိမ့်ချစ်ကဆွဲဆွဲပြီးတော့ ခေါ်ပေးနေတဲ့ သဘောပေါ့။ သားအဖသုံးယောက်ဆိုရင်တော့ ဘေးမှာ အဖေလည်းရှိတယ်၊ အစ်မလည်းရှိတယ်’’ လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

photo: Eint chit

အိမ့်ချစ်(Eint Chit) ဟာ ငယ်စဉ်ကတည်းက ဂီတနဲ့မစိမ်းသလို ဖခင် ဦးချစ်ကောင်းနဲ့အတူ စတိတ်စင်ပေါ်မှာ ဖျော်ဖြေလာသူတစ်ဦးပါ။ အိမ့်ချစ်ဟာ အတွဲခွေများစွာမှာ ပါဝင်သီဆိုဖူးခဲ့သလို "ကိုယ်တိုင်ရေး ပုံတူပန်းချီ" ၊ အချစ်ရေးစတဲ့ တေးသီချင်း ခွေများနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ "၅၂၈" ဖျော်ဖြေ ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က