သူ့ရင်ထဲက စကားတွေ ပြောပြလာပါတယ်။

သရုပ်ဆောင် စမိုင်းလ် ဟာ သူမလိုမျိုး သီလရှင်ဝတ်ချင်တယ်လို့ ဆိုလာတဲ့ သမီးလေး နှစ်ယောက်ကြောင့် ပီတိဖြစ်ရတယ်လို့ ဆိုပါတယ်။ 

Photo: Amazing Grace



စမိုင်းလ်ကတော့ သမီးလေးတွေရဲ့ စကားကြောင့် စိတ်ကျေနပ်ခဲ့ရတာလေးကို အခုလို ပြောပြလာပါတယ်။ သမီးလေး နှစ်ယောက်က သီလရှင်ဝတ်ချင်တယ်လို့ ဆိုလာတဲ့ စကားကြောင့်ပါတဲ့။ 

“အကျေနပ်ဆုံးစကားကတော့ သမီးတွေက တစ်နေ့ကျရင်သူတို့လည်းမာမီလို သီလရှင်ဝတ်မယ်တဲ့ ။ ဂတုံးနဲ့မလှလည်းအတုဝတ်အိပ်မယ်တဲ့” ဆိုပြီးတော့ ဇူလိုင်လ ၁၆ ရက်နေ့ ည ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် အမှတ်တရ ဓာတ်ပုံလေးတွေလည်း တင်ခဲ့တာကို တွေ့ရပါတယ်။ 

Photo: Amazing Grace

သရုပ်ဆောင် စမိုင်းလ် နဲ့ ခင်ပွန်းဖြစ်သူတို့ဟာ ဇူလိုင်လ (၅) ရက်နေ့က စပြီး သစ်တံခါးကျောင်းတိုက်မှာ သာသနာ့ဘောင်ကို စတင်ဝင်ရောက်ခဲ့တာပါ။ အဲဒီနောက် မှော်ဘီမြို့မှာရှိတဲ့ အောင်ဇဗ္ဗူတောရ ကျောင်းမှာ သီတင်းသုံးခဲ့ကြပါသေးတယ်။ သာသနာ့ဘောင်ထဲ ဝင်ရောက်နေစဉ်အတွင်းမှာလည်း စမိုင်းလ် တို့ ဇနီးမောင်နှံဟာ ဘုန်းကြီးကျောင်းရဲ့ သန့်ရှင်းရေး အပိုင်းတွေကိုလည်း ဝင်ရောက် လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ ဇူလိုင်လ (၁၅) ရက်နေ့မှာတော့ အောင်ဇဗ္ဗူတောရကျောင်းမှာ လူဝတ်လဲ ခဲ့တာဖြစ်ပြီး ဆရာတော်၊ သံဃာတော်များ အတွက် ဆွမ်း၊ သင်္ကန်းနှင့် ဝတ္ထုငွေများလည်း ဆပ်ကပ်လှူဒါန်းခဲ့ပါသေးတယ်။ 

Photo: Amazing Grace

သရုပ်ဆောင် စမိုင်းလ် ဟာ အခုချိန်မှာ ကိုယ်ပိုင်စီးပွားရေးတွေလည်း အများကြီးပိုင်ဆိုင်ထား သလိုကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ကိုလည်း စီစဉ်ဆောင်ရွက်နေသူတစ်ဦးပါ။ အခုဆိုရင် စမိုင်းလ်ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ ဦးဆောင်နေသလို ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ သရုပ်ဆောင် အလုပ်တွေပါ ပြန်လုပ်နေပြီလို့ သိရပါတယ်။ လက်ရှိမှာတော့ အဘွားဖြစ်သူ ဝါရင့်သရုပ်ဆောင်ကြီး ဒေါ်ခင်လေးဆွေရယ်၊ သူချစ်ရတဲ့ ခင်ပွန်းရယ်၊ သမီးလေး နှစ်ယောက်ရယ် နဲ့ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က